Connect with us

Latin America

အိုလံပစ်ပြိုင်ပွဲ လက်မှတ်များကို ရီယိုဒီဂျနေရိုးမြို့အတွင်းရှိ ဈေးဆိုင်များတွင် စတင်ရောင်းချ

Rio 2016 အိုလံပစ်ပြိုင်ပွဲ လက်မှတ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

Rio 2016 အိုလံပစ် ပြိုင်ပွဲ လက်မှတ်များကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ အရောင်းဆိုင်ကြီးများတွင် ပထမအသုတ် အနေဖြင့် စတင် ရောင်းချပေးနေပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂ဝ ရက်တွင် ပြောကြားသည်။

“ အရင်က လက်မှတ်တွေကို ဘရာဇီးပြည်တွင်း အွန်လိုင်းဈေးကွက်ပေါ်က ပဲ ဝယ်လို့ရတယ်။ အခုတော့ ရီယိုဒီဂျနေရိုးမြို့ပေါ်က အရောင်းဆိုင်ကြီး နှစ်ဆိုင်မှာ ဝယ်လို့ရပါပြီ ” ဟု ဆိုသည်။
လာမည့် ရက်သတ္တပတ်များတွင် ရီယိုမြို့နှင့် အိုလံပစ် ပြိုင်ပွဲ လက်ခံကျင်းပရာ ဆာအိုပေါ်လိုမြို့၊ ဘီလိုဟော်ရီဇုန် ၊ ဆဲလ်ဗာဒို ၊ ဘရာဇီးလီယာ နှင့် မန်းနော့စ် မြို့များတွင် အနည်းဆုံး အရောင်းစင်တာ ၃ဝ ဖွင့်လှစ် ရောင်းချပေးသွားရန် ရှိကြောင်း သိရသည်။
“ လက်မှတ်တွေ အများကြီး လာဝယ်ကြမယ်လို့မျှော်လင့်ပါတယ်။ ဘရာဇီးနိုင်ငံသားတွေဟာ နောက်ဆုံး မိနစ်အထိ လက်မှတ်တွေ လာဝယ်ကြအုံးမှာပါ” ဟု Rio 2016 အိုလံပစ် ပြိုင်ပွဲ လက်မှတ် ရောင်းချရေးဆိုင်ရာ ညွှန်ကြားရေးမှူး Donovan Ferreti က ဆိုသည်။
“ အရေးတကြီး ပြောစရာတစ်ခု ရှိတာက အွန်လိုင်း ဝက်ဘ်ဆိုဒ်ပေါ်က ရောင်းတဲ့ဈေး နဲ့အရောင်းဆိုင်တွေမှာ ရောင်းတဲ့ လက်မှတ်ဈေးက အတူတူပဲဆိုတဲ့ အချက်ပဲ။ လက်မှတ်ဝယ်ဖို့အရောင်းဆိုင်တွေမှာ အချိန်အကြာကြီး စောင့်ဆိုင်းနေဖို့မလိုပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်အထိ လက်မှတ်အားလုံး၏ ၇ဝ ရာခိုင်နှုန်း (စောင်ရေ ၄.၂ သန်း ) ရောင်းချထားပြီး ဖြစ်ကြောင်း ၊ နောက်ထပ် ရောင်းချပေးဖို့လက်မှတ် ၁.၈ သန်း ကျန်ရှိနေသေးကြောင်း သိရသည်။
လက်မှတ်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ မှ ပြိုင်ပွဲအမျိုးအစားပေါ် မူတည်ပြီး ဒေါ်လာ တစ်ရာကျော်အထိ ရှိနိုင်ကြောင်း သိရသည်။ သြဂုတ်လ ၅ ရက်မှ ၂၁ ရက်အထိ ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် Rio 2016 အိုလံပစ် ပြိုင်ပွဲသည် တောင်အမေရိကတိုက်တွင် ပထမဆုံး ကျင်းပပြုလုပ်သည့် အိုလံပစ်ပြိုင်ပွဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.