Latin America
အီကွေဒေါနိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြင်းအား ၇.၇ အဆင့် ငလျင်လှုပ်ခတ်

ကွီတို၊ မေ ၂၇ ရက်(ဆင်ဟွာ)
အီကွေဒေါနိုင်ငံ အရှေ့တောင်ပိုင်း အမေဇုန်မိုးသစ်တောတွင် မေ ၂၆ ရက် နံနက်ပိုင်းက ပြင်းအား ၇.၇ အဆင့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်သည် မေ ၂၆ ရက် ဒေသစံတော်ချိန် ၂ နာရီ ၄၁ မိနစ်က Zamora-Chinchipe ပြည်နယ် ရှိ အမေဇုန်သစ်တောကို ဗဟိုပြု၍ အနက် ၇၄.၈၄ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း အီကွေဒေါ ဘူမိရူပ သုတေသနဌာန၏ သတင်းများအရသိရသည်။လက်ရှိတွင် သေဆုံးဒဏ်ရာရသူနှင့်ပျက်ဆီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။ Zamora-Chinchipeပြည်နယ်၏ အချို့ဒေသများတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အီကွေဒေါနိုင်ငံ မြို့တော်ကွီတိုနှင့်Guayaquilမြို့တို့တွင် ငလျင်လှုပ်ခတ်မှုကို ခံစားသိရှိခဲ့ကြောင်းသိရသည်။ (Xinhua)