Connect with us

Latin America

အာဂျင်တီးနား ဘောလုံးသမား မက်ဆီ၏ Instagram ၌ follower အရေအတွက် သန်း ၄၀ ရှိလာ

အာဂျင်တီးနား ဘောလုံးသမား မက်ဆီ၏ Instagramအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အာဂျင်တီးနား၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အာဂျင်တီးနား ဘောလုံး အကျော်အမော် လီယွန်နယ် မက်ဆီ၏ လူမှု ကွန်ရက်ဖြစ်သည့် Instagram အကောင့် ၌ follower အရေအတွက် သန်း ၄၀ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

မက်ဆီသည် Instagram ၌ အဓိအားဖြင့် ၎င်း၏ ဇနီး Antonella နှင့် ကလေး ၁ ယောက်၏ ဓာတ်ပုံများကိုသာ အဓိက တင်လေ့ရှိပြီး ၎င်းကိုယ်တိုင်၏ ဘဝ နေထိုင်မှု ပုံစံကို ပြသခြင်း မရှိကြောင်း သိရသည်။

ဘာဆီလိုနာ အသင်း ဘောလုံးသမား မက်ဆီ၏ Facebook အကောင့်၌ follower ၈၄ သန်း ရှိပြီ ဖြစ်ကြောင်း သိရသည်။

မကြာသေးမီက Instagram တွင် တင်ခဲ့သည့် ပို့စ် များအနက် တစ်ခုမှာ ၎င်း၏ ဝက်ဘ်ဆိုက်သစ် တစ်ခု ဖြစ်သည့် Messi.com အား ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မက်ဆီသည် Instagram တွင် follower အရေအတွက် သန်း ၄၀ ရှိပြီ ဖြစ်သော်လည်း အမေရိကန် အဆိုတော် ဆဲလ်လီနာ ဂိုးမက်ဇ်၏ Instagram တွင် follower အရေအတွက် ၇၁.၈ သန်း ရှိပြီ ဖြစ်သော်ကြောင့် Instagram တွင် follower အများဆုံး ရရှိသည့် အကောင့် ပိုင်ရှင်ဖြစ်ရန် အလှမ်းဝေးကွာလျက် ရှိကြောင်း သိရသည်။
မက်ဆီ၏ ပြိုင်ဘက် ကစားသမား တစ်ဦး ဖြစ်သည့် ခရစ္စတီရာနို ရော်နယ်ဒို ၏ Instagram တွင် follower အရေအတွက် ၅၂.၆ သန်းရှိပြီး ကစားဖော် တစ်ဦးဖြစ်သည့် နေမာ၏ Instagram တွင် follower အရေအတွက် ၄၅.၇ သန်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117