Connect with us

Latin America

ဗင်နီဇွဲလားသမ္မတ Maduroအား မောင်းသူမဲ့လေယာဉ်ငယ်(ဒရုန်း)ဖြင့် တိုက်ခိုက်မှုဖြစ်ပွား


ကာရေကပ်စ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

သြဂုတ်လ ၄ ရက်က ဗင်နီဇွဲလား သမ္မတ Maduroအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သော်လည်း သမ္မတ Maduroမှာ ဘေးကင်းလုံခြုံခဲ့ကြောင်း သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးJorge Rodriguezက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အခင်းဖြစ်ပွားသည့် ညနေက ဗီနီဇွဲလားအမျိုးသားအစောင့်တပ်ဖွဲ့သည် မြို့တော် ကာရေကပ်စ်ရှိ Bolivar လမ်းတွင် ၈၁ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပနေခြင်းဖြစ်ပြီး နိုင်ငံပိုင်ရုပ်မြင် သံကြားသတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်နေချိန်ဖြစ်ကြောင်း ၊ အဆိုပါအခမ်းအနားတွင် သမ္မတ Maduroက မိန့်ခွန်းပြောကြားနေစဉ် ပေါက်ကွဲသံကြားခဲ့ရကြောင်း သိရသည်။

မိန့်ခွန်းပြောကြားစဉ် တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ဗင်နီဇွဲလားသမ္မတ Maduro အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အကာအကွယ်ပေးနေစဉ် (ဆင်ဟွာ)

မိန့်ခွန်းပြောကြားစဉ် တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ဗင်နီဇွဲလားသမ္မတ Maduro အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အကာအကွယ်ပေးနေစဉ် (ဆင်ဟွာ)

ဖောက်ခွဲရေးပစ္စည်းများသယ်ဆောင်လာသည့် မောင်းသူမဲ့လေယာဉ်ငယ်သည် သမ္မတ Maduroအား တိုက်ခိုက်ရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ သမ္မတမှာ ဘေးကင်းလုံခြုံမှုရှိခဲ့သည်ဟု ဝန်ကြီး Jorge Rodriguezက ယင်းနေ့ညပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့်ပြောကြားခဲ့သည်။ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုတိုက်ခိုက်မှုမှာ လက်ယာစွန်းဝါဒီများ၏ လက်ချက် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.