Connect with us

Latin America

ဗင်နီဇွဲလားသမ္မတ Maduro မိန့်ခွန်းပြောကြားစဉ် ရုတ်တရက် ရပ်နားလိုက်ရ

မိန့် ခွန်းပြောကြားစဉ် နှောင့်ယှက်မှုဖြင့် ကြုံတွေ့ ရသဖြင့် ဗင်နီဇွဲလားသမ္မတ Maduro အား လုံခြုံရေးတပ်ဖွဲ့ ဝင်များက အကာအကွယ်ပေးနေစဉ်(ဆင်ဟွာ)

ကာရေကပ်စ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံသမ္မတ Nicolas Maduro သည် သြဂုတ် ၄ ရက်က ၈၁ နှစ်မြောက် ဘိုလီးဗီးယားအမျိုးသားအစောင့်တပ် အောက်မေ့ဖွယ်အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် မျှော်လင့်မထားသော ဆန္ဒပြနှောင့်ယှက်မှုတစ်ခုနှင့်ကြုံတွေ့ခဲ့ရသဖြင့် မိန့်ခွန်းပြောကြားနေမှုကို ရုတ်တရက် ရပ်နားလိုက်ရကြောင်း သိရသည်။

အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို Bolivar de Caracas ၌ ကျင်းပခဲ့ပြီး ရုပ်မြင်သံကြားအစီအစဉ်တိုက်ရိုက်ထုတ်လွှင့်မှု Live ပြုလုပ်နေစဉ် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၆ မိနစ်တွင် အလျင်စလို ရပ်နားလိုက်ရခြင်းဖြစ်သည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် မှတ်ချက်စကားထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.