Connect with us

Latin America

အမေရိကန်က ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေးလှုပ်ရှားမှုသည် ရေနံ လုယူရန် ရည်ရွယ်သည်ဟု ကိုလံဘီယာ သမ္မတ ဆို

ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာရှိ ဘိုလီဗာရင်ပြင်၌ အမှာစကားပြောကြားနေသော ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro က ဒီဇင်ဘာ ၁၁ ရက်တွင် အမေရိကန်၏ ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေးလှုပ်ရှားမှုများကို ဝေဖန်ပြောကြားခဲ့ပြီး အမေရိကန်၏ အမှန်တကယ်ရည်ရွယ်ချက်မှာ ရေနံအရင်းအမြစ်အား လုယူရန်ဖြစ်သည်ဟု ယူဆကြောင်းဆိုကာ အဆိုပါဒေသတွင်း အခြေအနေသည် အဆင့်မြင့်တက်လာနိုင်ခြေရှိကြောင်း သတိပေးခဲ့သည်ဟု ကိုလံဘီယာမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။Gustavo Petro က ထိုနေ့တွင် ကိုလံဘီယာနိုင်ငံ စန်အန်ဒရေစ်မြို့၌ ဒုတိယအကြိမ် အနောက်ကာရေဘီယံပြည်သူများ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားရာ၌ အမေရိကန်က ကာရေဘီယံပင်လယ်ပြင်၌ ရေနံသင်္ဘောများအား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ပင်လယ်ဓားပြလုပ်ရပ်ဖြစ်ပြီး ရေနံထိန်းချုပ်ခွင့်အား လုယူရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ကာရေဘီယံဒေသ ရင်ဆိုင်နေရသည့် အန္တရာယ်သည် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသနှင့် ဆင်တူကြောင်း၊ “ဂါဇာကမ်းမြောင်ဒေသမှာ ကျခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တွေက ကာရေဘီယံပင်လယ်မှာလည်း ကျနေပါတယ်” ၊ အမေရိကန်ဘက်က ပဲ့ထိန်းဒုံးကျည် ပစ်ခတ်ခြင်းသည် မူးယစ်ဆေးဝါးရောင်းချသူများကို နှိမ်နင်းရန်အတွက် မဟုတ်ကြောင်း Gustavo Petro က သတိပေးပြောကြားခဲ့သည်။

လတ်တလောကာလအတွင်း အမေရိကန်သည် “မူးယစ်ဆေးဝါးတိုက်ဖျက်ဖမ်းဆီးရေး” ဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက် ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေယာဉ်အစင်းရေများစွာ ဖြန့်ကြက်နေရာချထားကာ ဗင်နီဇွဲလားနိုင်ငံအား ဖိအားပေးခဲ့သည်။ စက်တင်ဘာလ လဆန်းကတည်းက အမေရိကန်စစ်တပ်သည် ကာရေဘီယံပင်လယ်နှင့် အရှေ့ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန်ဘက်က “မူးယစ်ဆေးဝါးရောင်းချသည့်သင်္ဘော” ဟု စွပ်စွဲသည့် သင်္ဘော အစင်း ၂၀ ကျော်ကို ပစ်ချခဲ့ပြီးဖြစ်သည်။

အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာလ လကုန်ပိုင်းတွင် အမေရိကန်အနေဖြင့် ကုန်းလမ်းကြောင်းတိုက်ခိုက်မှုများ “မြန်မြန်” လုပ်ဆောင်ခြင်းမှတစ်ဆင့် ဗင်နီဇွဲလား “မူးယစ်ဆေးဝါးရောင်းချသူများ” ကို တိုက်ဖျက်သွားနိုင်ခြေရှိသည်ဟု ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုဖြင့် ဗင်နီဇွဲလားနိုင်ငံ၌ အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရန် ကြိုးစားနေပြီး လက်တင်အမေရိကဒေသ၌ စစ်ရေးတိုးချဲ့မှုများ လုပ်ဆောင်နေသည်ဟု ဗင်နီဇွဲလားက အကြိမ်များစွာ ပြစ်တင်ပြောကြားခဲ့သည်။ အမေရိကန်အစိုးရသည် ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ရေးနည်းလမ်းဖြင့် ရေနံသင်္ဘောတစ်စင်းအား ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ယင်းမှာ “လုံးဝပြစ်မှုနှင့် တရားမဝင်မှုလုပ်ရပ်” ကျူးလွန်ခြင်းဖြစ်ပြီး ပင်လယ်ဓားပြလုပ်ရပ်ဖြစ်သည်ဟု ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

—————————
(Chinese Version)
哥伦比亚总统:美国在加勒比海域军事行动意在争夺石油
新华社加拉加斯12月12日电(记者李子健 田睿)波哥大消息:据哥伦比亚媒体报道,哥伦比亚总统佩特罗11日批评美国在加勒比海域的军事行动,认为美国真实动机在于争夺石油资源,并警告该地区局势可能升级。
佩特罗当天在哥伦比亚城市圣安德烈斯出席第二届西加勒比人民峰会时发表讲话,他指出,美国在加勒比海域扣押油轮是海盗行为,意在争夺石油控制权。
佩特罗警告说,加勒比地区面临的风险与巴勒斯坦加沙地带类似,“落在加沙地带的导弹,也落在加勒比海”,美方发射导弹并非为了打击贩毒。
近期,美国以“缉毒”为由,在委内瑞拉附近加勒比海域部署多艘军舰,对委施压。9月初以来,美军已在加勒比海和东太平洋击沉超过20艘美方指称的“贩毒船”。
美国总统特朗普11月底威胁可能“很快”通过陆路打击委内瑞拉“毒贩”。委内瑞拉多次指责美国意图通过军事威胁在委策动政权更迭,并在拉美军事扩张。委内瑞拉总统马杜罗本月11日表示,美国政府10日使用军事手段扣押一艘油轮,犯下“绝对罪恶和非法的行径”,是海盗行为。(完)
图说:10月24日,哥伦比亚总统佩特罗在首都波哥大的玻利瓦尔广场发表讲话。新华社发(安德烈斯·莫雷诺摄)