Latin America
ဘရာဇီးနိုင်ငံ သမ္မတဟောင်း Jair Bolsonaro ၏ အာဏာသိမ်းရန် စီစဉ်ခြင်း ပြစ်မှုအား အတည်ပြုသောကြောင့် ထောင်ဒဏ် ၂၇ နှစ် ၃ လ ချမှတ်ခံရ

ဘရာဇီးလီးယား၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ သမ္မတဟောင်း Jair Bolsonaro ၏ အာဏာသိမ်းရန် စီစဉ်ခြင်း ပြစ်မှုအား အတည်ပြုသောကြောင့် ထောင်ဒဏ် ၂၇ နှစ် ၃ လ ချမှတ်လိုက်ကြောင်း ဘရာဇီး ဖက်ဒရယ် တရားရုံးချုပ်က စက်တင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။ Jair Bolsonaro သည် ဘရာဇီးနိုင်ငံသမိုင်းတွင် ပထမဆုံး အာဏာသိမ်းရန်စီစဉ်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရသည့် သမ္မတဟောင်း ဖြစ်လာခဲ့သည်။
ထိုနေ့အစောပိုင်းတွင် ဖက်ဒရယ် တရားရုံးချုပ်က Jair Bolsonaro ၏ အာဏာသိမ်းရန် စီစဉ်ခြင်းအမှုအပေါ် မဲပေးမှုအား လုပ်ဆောင်ပြီးစီးခဲ့သည်။ တရားသူကြီး Carmen Lucia နှင့် Cristiano Zanin တို့က ရှေ့ဆင့်နောက်ဆင့်မဲပေး၍ Jair Bolsonaro ၏ ပြစ်မှုအား အတည်ပြုခဲ့သည်။ ထိုမတိုင်မီ တရားသူကြီး Alexandre de Moraes နှင့် Flavio Dino တို့ကလည်း မဲပေး၍ ပြစ်မှုအတည်ပြုရန် ထောက်ခံခဲ့သည်။ တရားသူကြီး Luiz Fux ကမူ အပြစ်မရှိဟု ယူဆကြောင်း မဲပေးခဲ့သည်။ စည်းကမ်းသတ်မှတ်ချက်အရ အဆိုပါအမှုအား စီရင်ရန် တာဝန်ယူရသည့် အထက်ပါတရားသူကြီး ၅ ဦးတွင် ပြစ်မှုအတည်ပြုရန် ထောက်ခံသူ ၃ ဦးထက်ကျော်ပါက လွယ်ကူစွာ အများစုရမှတ်ရရှိပြီး ထိရောက်မှုရှိသော စီရင်ချက်ချမှတ်နိုင်သည်။
Jair Bolsonaro နှင့် ၎င်း၏ အဓိကနိုင်ငံရေးမဟာမိတ် မိတ်ဆွေ ၇ ဦးသည် ၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွင်း ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်ဟု စွဲချက်တင်ခံရသည်။ လက်ရှိတွင် Jair Bolsonaro သည် နေအိမ်၌ ထိန်းသိမ်းခံထားရသည်။ ဘရာဇီးနိုင်ငံ ဥပဒေအရ Jair Bolsonaro တို့သည် ဖက်ဒရယ် တရားရုံးချုပ် တရားသူကြီး မျက်နှာစုံညီ ညီလာခံ၌ အယူခံဝင်နိုင်ပြီး ဖက်ဒရယ် တရားရုံးချုပ်၏ တရားသူကြီး ၁၁ ဦးက အဖွဲ့လိုက် စီရင်မည်ဖြစ်သည်။

ဘရာဇီးနိုင်ငံ မြို့တော်ဘရာဇီးလီးယား၌ သမ္မတဟောင်း Jair Bolsonaro (အလယ်) အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဘရာဇီးနိုင်ငံသည် သမ္မတ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဒုတိယအကြိမ် မဲပေးမှုတွင် ရာထူးဆက်တိုက်ထမ်းဆောင်ရန် ကြိုးပမ်းသော Jair Bolsonaro အား လူလာက အနိုင်ရရှိကာ သမ္မတအသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် လူလာက ကျမ်းကျိန်သစ္စာဆို၍ ရာထူးစတင်ထမ်းဆောင်ခဲ့သည်။ ဇန်နဝါရီ ၈ ရက်တွင် Jair Bolsonaro ၏ ထောက်ခံအားပေးသူအချို့သည် ဘရာဇီးနိုင်ငံ လွှတ်တော်၊ သမ္မတရုံးနှင့် ဖက်ဒရယ် တရားရုံးချုပ်သို့ ဝင်ရောက် စီးနင်းခဲ့ရာ ဆိုးရွားသော ပျက်စီးမှုများ ဖြစ်စေခဲ့သည်။ ထို့နောက် ဘရာဇီးနိုင်ငံ တရားစီရင်ရေး အဖွဲ့အစည်းက သက်ဆိုင်ရာကိစ္စရပ်များအား စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး ဆက်တိုက်စွဲချက်တင်ခဲ့သည်။
လတ်တလောကာလတွင် အမေရိကန် သမ္မတ ထရမ့်က Jair Bolsonaro အပေါ် တရားစီရင်ရေး စုံစမ်းစစ်ဆေးမှုအား ရပ်တန့်ရန် လူလာအစိုးရအား တောင်းဆိုခဲ့ပြီး Jair Bolsonaro သည် “နိုင်ငံရေးအရ အကျပ်ကိုင်မှု” ခံရခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့အပြင် အမေရိကန်သို့ တင်ပို့မည့် ဘရာဇီးထုတ်ကုန်များအပေါ် ပစ္စည်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်ဆိုခဲ့သောကြောင့် ဘရာဇီးနိုင်ငံအစိုးရနှင့် လူထုသဘောထား၏ ပြင်းပြင်းထန်ထန် မကျေနပ်မှုများပေါ်ထွက်လာခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ လူလာက ဘရာဇီးနိုင်ငံ၏ တရားစီရင်ရေးအစီအစဉ်သည် မည်သည့် ဝင်ရောက်စွက်ဖက်မှု သို့မဟုတ် ခြိမ်းခြောက်မှုမဆို ခွင့်ပြုမည် မဟုတ်ကြောင်း၊ အမျိုးသားအဖွဲ့အစည်း၏ လွတ်လပ်မှုကို ချိုးဖောက်၍မရကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ (Xinhua)
————————————
(Chinese Version)
巴西前总统博索纳罗策划政变罪名成立 获刑27年零3个月
新华社巴西利亚9月11日电(记者吴昊)巴西联邦最高法院11日宣布,巴西前总统博索纳罗策划政变罪名成立,获刑27年零3个月。博索纳罗成为巴西历史上首位因策划政变而被定罪的前总统。
当天早些时候,联邦最高法院结束对博索纳罗策划政变案的投票环节。法官卡门·露西娅和克里斯蒂亚诺·扎宁先后投票认定博索纳罗罪名成立。此前,法官亚历山大·德莫赖斯和弗拉维奥·迪诺也投票支持定罪,法官路易斯·富克斯则投票认为无罪。按规定,负责审理此案的这5名法官中,如果支持定罪的超过3人,达到简单多数,即可形成有效判决。
博索纳罗及其7名核心政治盟友被控在2022年总统选举败选后企图发动政变。目前,博索纳罗处于居家监禁状态。根据巴西法律,博索纳罗等人可以向联邦最高法院全体法官大会上诉,由联邦最高法院的11名法官进行集体审理。
2022年10月,巴西举行总统选举,卢拉在第二轮投票中战胜谋求连任的博索纳罗,当选新一任总统。2023年1月1日,卢拉宣誓就职。1月8日,部分博索纳罗支持者冲击巴西国会、总统府和联邦最高法院,造成严重破坏。此后,巴西司法机构对相关事件展开调查,并陆续提出指控。
近期,美国总统特朗普要求卢拉政府停止对博索纳罗的司法调查,称博索纳罗遭遇“政治迫害”,并对巴西输美产品加征40%从价关税,引发巴西政府和舆论强烈不满。卢拉就此回应说,巴西的司法程序不容任何干涉或威胁,国家机构的独立性不容侵犯。(完)
1、9月11日,在巴西首都巴西利亚,巴西联邦最高法院对前总统博索纳罗策划政变案进行审理。新华社发(卢西奥·塔沃拉摄)
2、这是7月21日在巴西首都巴西利亚拍摄的雅伊尔·博索纳罗(中)的资料照片。新华社发(卢西奥·塔沃拉摄)