တီဂူစီယာဂါလ်ပါ ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသည့် မက္ကဆီကိုနိုင်ငံ၌ သောင်တင်နေသော ဟွန်ဒူးရပ်စ်နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၁,၉၀၀ ဦးကို ယခုရက်သတ္တပတ်အတွင်း မိခင် ဟွန်ဒူးရပ်စ်နိုင်ငံက ပြန်လည်လက်ခံသွားရန် ပြင်ဆင်နေကြောင်း မက္ကဆီကိုနိုင်ငံဆိုင်ရာ ဟွန်ဒူးရပ်စ်သံအမတ်ကြီး ကပြောကြားလိုက်သည်။
ဗျူနိုအေးရိစ် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အာဂျင်တီးနား ဂန္တဝင် ဘောလုံးသမား မာရာဒိုနာသည် ဗင်နီဇွဲလား နိုင်ငံ အမျိုးသား ဘောလုံး အသင်း နည်းပြ ချုပ် ရာဖေးလ် ဒူဒါမယ်လ် နေရာတွင် အစားထိုးရန် ရေပန်းစားလျက် ရှိကြောင်း သိရသည်။
တက်ဂူစီဂလ်ပါ ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံ အလယ်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော ထောင်သားများအကြား ရန်ပွဲတစ်ခုအတွင်း အကျဉ်းသား ၁၈ ဦး အသတ်ခံရကြောင်း အာဏာပိုင်များက ဆိုသည်။
ကာရာကာ့စ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်းပြည်နယ် Miranda တွင် ဒီဇင်ဘာလ ၁၉ရက် ည၌ ဖြစ်ပွားခဲ့သည့် ပုဂ္ဂလိကလေယာဉ်တစ်စီးပျက်ကျမှု တွင် လူ ၉ဦးသေဆုံးခဲ့ကြောင်း ရှေ့နေချုပ် Tarek William Saab က ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။
ပနားမားစီးတီး၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပနားမားနိုင်ငံ ပနားမားမြို့အနီး အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၁၇ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားသူ ၁၃ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆန်တီရာဂို၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဒီဇင်ဘာ ၉ ရက်က ပျောက်ဆုံးသွားသည့် ချီလီလေတပ်လေယာဉ် C-130 ဟုယူဆသည့် လေယာဉ်အပိုင်းအစများကို ရှာဖွေကယ်ဆယ်ရေးသမားများက ပင်လယ်ပြင်တွင် တွေ့ရှိရသည်ဟု ချီလီနိုင်ငံ လေတပ်နှင့် ဘရာဇီးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဗျူရိုအေးရိစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) Everyone’s Front မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှ အယ်လ်ဘတ်တို ဖာနန်ဒီဇ် (Alberto Fernandez) သည် ဒီဇင်ဘာ ၁၀ ရက်တွင် အမျိုးသားကွန်ဂရက်၌ အာဂျင်တီးနားနိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဆန်တီရာဂို ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ချီလီ နိုင်ငံ လေတပ် ၏ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ကြေညာချက် အရ စစ်ဘက်ဆိုင်ရာ ၏ C-130 Hercules အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် က ယင်းနေ့ တွင် နိုင်ငံတောင်ပိုင်း...
လီမာ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံအစိုးရအာဏာပိုင်များက ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လောင်စာဆီခိုးထုတ်မှုများဖြင့် အဆင့်မြင့်စစ်ဘက်အရာရှိအချို့အပါအဝင် ပီရူးစစ်တပ်မှ အရာရှိ ၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသမီဒီယာက ဒီဇင်ဘာ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဆန်တီရာဂို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ မြောက်ပိုင်းရှိ ချောက်တစ်ခုအတွင်း ခရီးသည်တင်ဘတ်စ်ကားတစ်စီး ပြုတ်ကျပြီးနောက် လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။