Latin America
ဘရာဇီးနိုင်ငံ Tarauaca အနောက်ပိုင်း၌ ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်
နယူးယောက် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)
ဘရာဇီးနိုင်ငံ Tarauaca ဒေသ အနောက်ဖက် ၈၉ ကီလိုမီတာအကွာ၌ ပြင်းအား ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
၎င်းငလျင်သည် မြေအောက်အနက် ၅၇၅.၂၇ ကီလိုမီတာ၌ တောင်လတ္တီကျူ့၈.၁၄၂၈ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၇၁.၅၇၃၅ ဒီဂရီအကြားတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)