Connect with us

Latin America

ဘရာဇီးနိုင်ငံ Cearáပြည်နယ်တွင် တစ်ပတ်အတွင်းတိုက်ခိုက်မှု ၁၇၂ ခုဖြစ်ပွား

ဘရာဇီး ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းCearáပြည်နယ်တွင် တစ်ပတ်အတွင်း တိုက်ခိုက်မှု ၁၇၂ ခု ဖြစ်ပွားခဲ့ကြောင်း O Globo သတင်းစာ ၏ ဇန်နဝါရီ ၉ ရက် သတင်းများအရ သိရသည်။

ဇန်နဝါရီ ၂ ရက် Cearáပြည်နယ် မြို့တော် Fortaleza မြို့တွင် ဘတ်စ်ကားမီးရှို့မှု နှစ် ခု ဖြစ်ပွားပြီး နောက် ရက်အနည်းငယ်တွင်ပင် Cearáပြည်နယ်၏ နေရာအန့ှံမှာ လမ်းပန်းဆက်သွယ်ရေး အချက်ပြမီးများ ဖျက်ဆီးခြင်း၊ မော်တော်ယာဉ်နှင့် တိုက်တာအဆောက်အဦများကို မီးရှို့ခြင်းများ ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၆ ရက်တွင် ဖြစ်ပွားသည့် ရဲတပ်ဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုများတွင် ပြစ်မှုကျူးလွန်သူ ၂ ဦး သေနတ်မှန်သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဘရာဇီး တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာနက လုံခြုံရေးတပ်ဖွဲ့ဝင်များကို Cearáပြည်နယ် သို့ အားဖြည့်စေလွှတ်ထားကြောင်း သိရသည်။

ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုများသည် Cearáပြည်နယ် အကျဉ်းဦးစီးဌာန၏ အကျဉ်းထောင်စီမံမှုများ တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်နေသည်ကို ဆန့်ကျင်ရန် ရည်ရွယ်ချက် ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ၂၁၅ ဦးကို ဖမ်းဆီးထားကြောင်း ယင်းပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၏ သတင်းများအရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.