Connect with us

International Organizations

ပနားမားတူးမြောင်းအရေးတွင် တရုတ်နိုင်ငံအား အမေရိကန်၏ အကြောင်းမဲ့ပြစ်တင်ဝေဖန်မှုများကို တရုတ်ကိုယ်စားလှယ် ပြန်လည်ချေပ

ကုလသမဂ္ဂ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
ပနားမားတူးမြောင်းအရေးတွင် တရုတ်နိုင်ငံအား အမေရိကန်၏ အကြောင်းမဲ့ပြစ်တင်ဝေဖန်မှုများကို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဩဂုတ် ၁၂ ရက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပင်လယ်ပြင် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်တံခါးဖွင့်ဆွေးနွေးပွဲ၌ ပြန်လည်ချေပခဲ့သည်။

အဆိုပါ အချေအတင်ဆွေးနွေးမှုတွင် ဖုချုံးက လတ်တလောတွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် လုံခြုံရေးကောင်စီ၌ အကြောင်းအရာအမျိုးမျိုးကို အကြောင်းပြု၍ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်ဝေဖန်ခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းများ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံဘက်က ယင်းနှင့်စပ်လျဉ်း၍ အခိုင်အမာကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပနားမားနိုင်ငံ၏ တူးမြောင်းအပေါ် အချုပ်အခြာအာဏာကို အစဉ်အမြဲပင် လေးစားလျက်ရှိပြီး ပနားမားတူးမြောင်းအား ထာဝရ ဘက်မလိုက်ရပ်တည်သည့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်းအနေအထား အဖြစ် အသိအမှတ်ပြုကြောင်း၊ အမေရိကန်ဘက်က မုသားစကားများလုပ်ကြံဖန်တီးကာ တရုတ်နိုင်ငံအား အခြေအမြစ်မရှိ တိုက်ခိုက်ခြင်းမှာ ၎င်းက ပနားမားတူးမြောင်းကို ထိန်းချုပ်ရန် ဆင်ခြေပေးခြင်းသာ ဖြစ်ကြောင်း၊ စီးပွားရေးအရ ခြိမ်းခြောက်ဖိအားပေးမှုများနှင့် အနိုင်ကျင့်မှုလုပ်ရပ်များကို တရုတ်နိုင်ငံဘက်က အခိုင်အမာကန့်ကွက်ပြီး ကောလာဟလများဖြန့်၍ ပြဿနာရှာခြင်း ရပ်တန့်ရန် အမေရိကန်ဘက်အား တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် တောင်တရုတ်ပင်လယ်ငြိမ်းချမ်းတည်ငြိမ်မှုကို ဖျက်ဆီးသော အကြီးဆုံးနှောင့်ယှက်သူဖြစ်ကြောင်း၊ အမေရိကန်ဘက်က တောင်တရုတ်ပင်လယ်ဒေသတွင် မြေပြင်အခြေစိုက် တာလတ်ဒုံးကျည်များ အပါအဝင် တိုက်ခိုက်ရေးလက်နက်များ ဖြန့်ကြက်ထားပြီး၊ တောင်တရုတ်ပင်လယ်သို့ အကြီးစား စစ်သင်္ဘော-လေယာဉ်များ မကြာခဏ စေလွှတ်ကာ ကင်းထောက်မှုနှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရာ အခြားနိုင်ငံများ၏ နယ်နိမိတ်အနီးတွင် ဩဇာပြခြင်း၊ ဆင်ခြင်မဲ့လုပ်ဆောင်ခြင်းများသည် တောင်တရုတ်ပင်လယ်ကို ရှုပ်ထွေးစေပြီး အမေရိကန်၏ ပထဝီနိုင်ငံရေးမဟာဗျူဟာကိုယ်ကျိုးစီးပွားအား ဝန်ဆောင်မှုပေးရန်သာဖြစ်ကြောင်း ဖုချုံးက ထောက်ပြခဲ့သည်။

အမေရိကန်၏ ဗိုလ်ကျကြီးစိုးမှုနှင့် စစ်အေးတိုက်ပွဲအတွေးအခေါ်၊ တစ်ဖက်သတ်ဝါဒလုပ်ရပ်များက ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ပြင်လုံခြုံရေး အန္တရာယ်များကို လျင်မြန်စွာ တိုးမြင့်စေလျက်ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
အမေရိကန်သည် ယနေ့ထိတိုင် “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS)” တွင် ပါဝင်ခြင်း မရှိသလို သက်ဆိုင်ရာတာဝန်များကိုလည်း ထမ်းဆောင်လိုခြင်းမရှိကြောင်း၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာပင်လယ်ကြမ်းပြင်ရေးရာအာဏာပိုင် (ISA) ၏ သတိပေးချက်များကို လျစ်လျူရှု၍ နိုင်ငံတကာပင်လယ်ကြမ်းပြင်အရင်းအမြစ်များ ဖော်ထုတ်ရန် တစ်ဖက်သတ် ဆုံးဖြတ်ကာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံဥစ္စာပိုင်ဆိုင်မှုကို လုယက်ခဲ့ကြောင်း၊ ပနားမားတူးမြောင်းနှင့် ဆူးအက်တူးမြောင်း၏ ပုံမှန်လည်ပတ်မှုများကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ကာ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထင်သလိုစိန်ခေါ်လျက်ရှိကြောင်း၊ ပင်လယ်ပြင်ဆိုင်ရာအရေးကိစ္စများကို လုံခြုံရေးပြဿနာအသွင်အဖြစ် ပြောင်း၍ ပင်လယ်ပြင်အခြေခံအဆောက်အအုံများ တည်ဆောက်မှုကို ဟန့်တားကာ ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်မှုကို ဖျက်ဆီးနေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် နက်ရှိုင်းစွာပြန်လည်သုံးသပ်၍ နိုင်ငံကြီးအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်များကို လက်တွေ့ ထမ်းဆောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
中国代表驳斥美方在巴拿马运河问题上对中国无理指责
新华社联合国8月11日电 中国常驻联合国代表傅聪11日在联合国安理会海上安全问题高级别公开辩论会上驳斥美方在巴拿马运河问题上对中国的无理指责。
傅聪说,近一段时间,美国代表团多次在安理会借各种议题对中国进行无理指责和抹黑,中方对此坚决反对。中方一贯尊重巴拿马对运河的主权,承认巴拿马运河作为永久中立国际水道的地位。美方炮制谎言、无端攻击中国,无非是为其控制巴拿马运河制造借口。中方坚决反对经济胁迫和霸凌行径,敦促美方停止造谣生事。
傅聪指出,美国是破坏南海和平稳定的最大搅局者。美方在南海地区部署包括陆基中程导弹在内的进攻性武器,频繁派遣大规模舰机到南海搞军事侦察和演习,在别国的家门口耀武扬威、横冲直撞,无非是想把南海搅乱,服务美国的地缘战略私利。
傅聪表示,美国的霸权和冷战思维、单边主义行径正急剧推升全球海上安全风险。美国至今未加入《联合国海洋法公约》,不愿履行相关义务;无视国际法和国际海底管理局警告,单方面决定开发国际海底资源,抢夺全人类共同财产;公然恐吓巴拿马运河、苏伊士运河的正常运营,肆意挑战他国主权;将涉海事务泛安全化,阻碍海上基础设施建设,破坏产业链、供应链稳定。中方敦促美方深刻反思,切实承担起大国应尽的责任。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.