Europe
ဗြိတိန်နှင့် အမေရိကန်တို့ “နည်းပညာ သာယာဝပြောမှု သဘောတူညီချက်စာချုပ်” လက်မှတ်ရေးထိုး

လန်ဒန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် စက်တင်ဘာ ၁၆ ရက်တွင် ဗြိတိန်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိပြီးနောက် ဗြိတိန်နှင့် အမေရိကန်တို့သည် “နည်းပညာ သာယာဝပြောမှု သဘောတူညီချက်စာချုပ်” အား လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူညီချက်စာချုပ်သည် ဉာဏ်ရည်တု (AI) ၊ ကွမ်တန်တွက်ချက်မှုနှင့် အရပ်ဘက်သုံး နျူကလီးယားစွမ်းအင် စသည့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အဓိက အာရုံစိုက်ထားသည်။
ဗြိတိန်နိုင်ငံအစိုးရက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် သတင်းကြေညာချက်တစ်ခု၌ အဆိုပါ အတ္တလန္တိတ်သမုဒ္ဒရာ ဖြတ်ကျော်သည့် သဘောတူညီချက်စာချုပ်အား လက်မှတ်ရေးထိုးခြင်းသည် ထရမ့်က ယခုအကြိမ် ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အကြောင်းအရာတွင် ရှေ့ပြေးနည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများစွာ ပါဝင်ကြောင်း ဖော်ပြထားသည်။
Microsoft ၊ Google ၊ Nvidia ၊ OpenAI နှင့် “CoreWeave” စသည့် အမေရိကန်ထိပ်တန်းနည်းပညာနှင့် ဉာဏ်ရည်တု ကုမ္ပဏီများက ဗြိတိန်နိုင်ငံ၏ ဉာဏ်ရည်တု (AI) အခြေခံအဆောက်အဦနှင့် ရှေ့ပြေးနည်းပညာအား မြှင့်တင်ရန်အတွက် စတာလင်ပေါင် ၃၁ ဘီလီယံ (ကန်ဒေါ်လာ ၄၂ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံသွားမည်ဟု ကတိပြုခဲ့ပြီး ဒေတာစင်တာ၊ ကွန်ပျူတာ ချိ(ပ်)ပြားနှင့် AI နောက်ကွယ်တွင် စီမံနိုင်မှုစွမ်းရည် စသည်တို့ ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းအနက် Microsoft က ဗြိတိန်နိုင်ငံ၏ AI အခြေခံအဆောက်အဦ တည်ဆောက်မှုနှင့် လည်ပတ်မှုအတွက် စတာလင်ပေါင် ၂၂ ဘီလီယံ (ကန်ဒေါ်လာ ၃၀ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံသွားမည်ဟု ကြေညာခဲ့ရာ ယင်းသည် Microsoft က ယနေ့တိုင် ဗြိတိန်နိုင်ငံ၌ လုပ်ဆောင်ခဲ့သည့် အကြီးဆုံးရင်းနှီးမြှုပ်နှံမှု ကတိပြုချက်ပင်ဖြစ်သည်။ Nvidia က ဗြိတိန်နိုင်ငံ ဒေသအသီးသီးမှ လုပ်ငန်းကုမ္ပဏီများနှင့် အတူလက်တွဲ၍ ဗြိတိန်နိုင်ငံ၌ ခေတ်မီ GPU ချိ(ပ်) ပြား ၁၂၀,၀၀၀ ဖြန့်ကြက်သွားမည်ဖြစ်ရာ ယင်းသည် အဆိုပါ ကုမ္ပဏီက ယနေ့တိုင် ဥရောပတိုက်၌ ပမာဏအများဆုံး ဖြန့်ကြက်မှုဖြစ်သည်။ Google ကမူ Hertfordshire ခရိုင်၌ ဒေတာစင်တာ ဖွင့်လှစ်သွားမည်ဟု ကြေညာခဲ့ရာ ယင်းမှာ အဆိုပါကုမ္ပဏီက ဗြိတိန်နိုင်ငံ၌ နှစ်နှစ်ကြာ စတာလင်ပေါင် ၅ ဘီလီယံ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။
ထို့အပြင် ဗြိတိန်ကုမ္ပဏီ Nscale သည် Nvidia နှင့် OpenAI တို့နှင့် သဘောတူညီချက် ရရှိထားပြီး ဗြိတိန်ဗားရှင်း “Stargate” စီမံကိန်းအား ဖန်တီးဖော်ဆောင်သွားမည်ဖြစ်ကာ Microsoft နှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်၍ Loughton မြို့တွင် ဗြိတိန်နိုင်ငံ၏ အကြီးဆုံး AI စူပါကွန်ပျူတာအား တည်ဆောက်သွားမည်ဖြစ်သည်။
အင်္ဂလန် အရှေ့မြောက်ပိုင်းဒေသသည် AI တိုးတက်မှုဇုန်အသစ် ဖြစ်လာမည်ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅,၀၀၀ ကျော်နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ဘီလီယံချီအား ဖန်တီးပေးနိုင်ရန် မျှော်လင့်ရကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် သမ္မတ ထရမ့်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၁၆ ရက်ညပိုင်းတွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ခဲ့သည်။ ထရမ့်သည် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဗြိတိန်ဘုရင် တတိယ ချားလ်စ်၊ ဝန်ကြီးချုပ် ကီယာစတားမားတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ဘယ်ကင်ဟမ်နန်းတော်က ဆိုထားသည်။ (Xinhua)
———————–
(Chinese Version)
英美签署《科技繁荣协议》
新华社伦敦9月17日电(记者郭爽)美国总统特朗普16日晚到访英国后,英美签署《科技繁荣协议》。该协议重点聚焦人工智能、量子计算和民用核能等飞速发展的技术领域合作。
英国政府在16日发布的一份新闻公报中说,签署这份跨大西洋协议是特朗普此次对英国进行国事访问的一部分,内容涵盖多个前沿技术领域的合作。
公报说,微软、谷歌、英伟达、OpenAI和“核心编织”等美国顶尖科技和人工智能公司承诺斥资310亿英镑(约合420亿美元),用于提升英国的人工智能基础设施和前沿技术,涵盖数据中心、计算机芯片以及人工智能背后的处理能力等。
其中,微软宣布将为英国人工智能基础设施建设及运营投资220亿英镑(约合300亿美元),这是微软迄今在英国做出的最大一笔投资承诺;英伟达将携手英国各地企业,在英国部署12万块先进GPU芯片,这是该公司迄今在欧洲规模最大的部署;谷歌宣布在赫特福德郡开设数据中心,这是该公司在英为期两年50亿英镑总投资计划的一部分。
此外,英国公司Nscale与英伟达和OpenAI达成协议,打造英国版“星际之门”项目,并与微软建立合作伙伴关系,在洛顿打造英国最大的AI超级计算机。
公报说,英格兰东北部地区将成为新的人工智能增长区,有望创造超过5000个就业岗位及数十亿美元的私人投资。
美国总统特朗普当地时间16日晚抵达英国,开始对英国进行国事访问。英国白金汉宫说,特朗普定于17日至18日分别与英国国王查尔斯三世和首相斯塔默会见会晤。(完)
图说:9月6日在2025全球工业互联网大会展览区展示的机器人。新华社记者 潘昱龙 摄