Asia
တောင်ကိုရီးယား-အမေရိကန် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှု “လွန်ဆွဲ” သည့်အခြေအနေသို့ ရောက်ရှိနေသည်ဟု တောင်ကိုရီးယားမီဒီယာ ဆို

ဆိုးလ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံသည် အမေရိကန်၌ ကန်ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု၏ တိကျသော အစီအစဉ်များတွင် သဘောထားကွဲလွဲမှုများရှိနေပြီး ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုသည် “လွန်ဆွဲ” သည့်အခြေအနေသို့ ရောက်ရှိကာ ခက်ခဲစွာ ရှေ့ဆက်ရလျက်ရှိကြောင်း Yonhap သတင်းဌာန၏ စက်တင်ဘာ ၁၇ ရက် သတင်းဖော်ပြချက်အရ သိရသည်။
လက်ရှိ တောင်ကိုရီးယား ရင်ဆိုင်နေရသည့်် အမေရိကန်မှာ လွန်ခဲ့သော ၁၀ နှစ်၊ ၂၀ နှစ်က သိကျွမ်းခဲ့သော အမေရိကန်မဟုတ်ဘဲ လုံးဝအသစ်ဖြစ်သော အမေရိကန်ဖြစ်သည်ဟု တောင်ကိုရီးယား စက်မှု၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ဝန်ကြီး Kim Jeong-kwan က စက်တင်ဘာ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။
ဤပြောကြားချက်မှာ ဖိအားပေးမှုများဖြင့် ကုန်သွယ်ရေးသဘောတူညီချက်ရယူသည့် အမေရိကန်နှင့် ဆက်ဆံရန်မှာ မလွယ်ကူကြောင်း အလေးပေးဖော်ပြခြင်းဖြစ်သည်ဟု Yonhap သတင်းဌာန၏ သုံးသပ်ခဲ့သည်။
တောင်ကိုရီးယားအစိုးရသည် အမေရိကန်ဘက်နှင့် နောက်ဆုံးသဘောတူညီချက် အမြန်ဆုံးရရန် ရည်ရွယ်၍ တောင်ကိုရီးယားကုမ္ပဏီလုပ်ငန်းများ၏ အကျိုးစီးပွားကို ပြင်းထန်စွာထိခိုက်စေမည့် သဘောတူညီချက်တွင် လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း တောင်ကိုရီးယားသမ္မတရုံး၏ အဆင့်မြင့်အရာရှိတစ်ဦးကလည်း စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့ပြီး “ဆုံးရှုံးမှုများကို ကုမ္ပဏီလုပ်ငန်းများက တာဝန်ယူရန် အတင်းအကျပ်ပြုလုပ်ခြင်းမရှိသည့်” ရပ်တည်ချက်အား အလေးပေးဖော်ပြခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့ ဇူလိုင်လနှောင်းတွင် ကုန်သွယ်ရေးသဘောတူညီချက် မူဘောင် ရရှိခဲ့သော်လည်း အသေးစိတ်အကောင်အထည်ဖော်ရေးအစီအစဉ်များတွင် နောက်ဆုံးသဘောတူညီမှု မရရှိသေးပေ။
အမေရိကန်၌ ကန်ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အမေရိကန်ဘက်က ရင်းနှီးမြှုပ်နှံမှုနည်းလမ်း၊ အကျိုးအမြတ်ခွဲဝေမှုဖွဲ့စည်းပုံစသည့် အခြေခံအချက်များကို ဂျပန်နှင့် တူညီသောပုံစံအတိုင်း ချမှတ်လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် တောင်ကိုရီးယား၏ စီးပွားရေးပမာဏစသည့် အချက်များကို ထည့်သွင်းစဉ်းစားရာ ဤအတိုင်း အကောင်အထည်ဖော်မှုသည် အခက်အခဲများစွာရှိသဖြင့် တောင်ကိုရီးယားဘက်က “လွန်ဆွဲ”သည့် စေ့စပ်ညှိနှိုင်းမှုများဖြင့် တောင်ကိုရီးယားနိုင်ငံ လက်တွေ့အခြေအနေနှင့်ကိုက်ညီသော စံသတ်မှတ်ချက်နှင့်ကိုက်ညီစေရန် ကြိုးပမ်းနေကြောင်း တောင်ကိုရီးယား နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် Kim Min-seok က စက်တင်ဘာ ၁၆ ရက်တွင် လွှတ်တော်၌ ကျင်းပသော သံတမန်ရေး၊ ပေါင်းစည်းရေးနှင့် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ မေးမြန်းခြင်းအစည်းအဝေး တက်ရောက်စဉ်တွင် ပြောကြားခဲ့ကြောင်း The Hankyoreh သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
……………………………
(Chinese Version)
韩媒:韩美贸易谈判陷入“拉锯战”
新华社首尔9月17日电(记者张粲 孙一然)韩联社17日报道,韩美双方在3500亿美元对美投资的具体方案上存在分歧,贸易谈判进入“拉锯战”,正艰难前行。
据报道,韩国产业通商资源部长官金正官16日在记者会上说,当前韩国所面对的“已经不是10年、20年前所认识的那个美国”,而是一个全新的美国。韩联社分析称,这一表态意在强调与通过施压达成贸易协议的美国打交道并非易事。
韩国总统办公室一名高官16日也表示,韩国政府不会为了尽早与美方达成最终协议而在严重损害韩企利益的协议上签字,强调“不强迫企业承担损失”的立场。
韩美7月底达成贸易协议框架,但在具体执行方案上尚未最终达成一致。据《韩民族日报》报道,韩国国务总理金民锡16日在国会参加外交、统一与安全事务质询会时表示,关于3500亿美元对美投资,美方要求投资方式、收益分配结构等基本采用与日本相同的模式。但考虑到韩国经济规模等因素,按此执行将面临诸多困难,因此韩国正通过拉锯谈判争取调整为符合韩国实际情况的标准。(完)
图说:8月25日,美国总统特朗普(左二)在华盛顿白宫欢迎韩国总统李在明(左三)。新华社记者 胡友松 摄