International Organizations
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဂါဇာအရေး ဆုံးဖြတ်ချက်မူကြမ်းအပေါ် အမေရိကန် ဗီတိုအာဏာ ထပ်မံသုံး၍ ပယ်ချ

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဂါဇာအရေး ဆုံးဖြတ်ချက်မူကြမ်းအပေါ် စက်တင်ဘာ ၁၈ ရက်က နောက်တစ်ကြိမ် ဗီတိုအာဏာထပ်မံသုံး၍ ပယ်ချခဲ့သည်။
လုံခြုံရေးကောင်စီသည် ထိုနေ့တွင် အမြဲတမ်းမဟုတ်သောအဖွဲ့ဝင် ၁၀ နိုင်ငံက တင်သွင်းသည့် ဂါဇာ အပစ်ရပ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့သည်။ အဆိုပါမူကြမ်းတွင် ဂါဇာကမ်းမြောင်ဒေသတွင် ချက်ချင်း ခြွင်းချက်မရှိ ထာဝရ အပစ်ရပ်ရန်၊ ချက်ချင်း ခြွင်းချက်မရှိ ဂုဏ်သိက္ခာရှိသောပုံစံဖြင့် ဖမ်းဆီးခံရသူအားလုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်မှုနှင့် ဂါဇာကမ်းမြောင်ဒေသအတွင်း လူသားချင်းစာနာမှုအထောက်အပံ့ပစ္စည်းများ ဖြန့်ဝေမှု ကန့်သတ်ချက်များကို ချက်ချင်း ခြွင်းချက်မရှိ ရုပ်သိမ်းရန် အစ္စရေးအား တောင်းဆိုထားသည်။ လုံခြုံရေးကောင်စီဝင်အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အမေရိကန်က ဗီတိုအာဏာသုံးခဲ့သောကြောင့် ဆုံးဖြတ်ချက်မူကြမ်အား အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အရှိန်မြင့်လာချိန်မှစ၍ အမေရိကန်သည် ဂါဇာအရေး ဆုံးဖြတ်ချက်မူကြမ်းအပေါ် ဗီတိုအာဏာအကြိမ်များစွာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)
………………………………
(Chinese Version)
美国再次在联合国安理会否决加沙问题决议草案
新华社联合国9月18日电(记者尚绪谦)美国18日再次在联合国安理会否决加沙问题决议草案。
安理会当天对一项由10个非常任理事国提出的涉加沙停火决议草案进行表决。该草案要求在加沙地带立即无条件永久停火、立即无条件以体面方式释放所有被扣押人员,要求以色列立即无条件解除对人道主义援助进入加沙地带和在加沙地带分发援助物资的限制。安理会15个成员中14个投了赞成票,常任理事国美国行使了否决权,导致决议草案未获通过。
2023年10月巴以冲突升级以来,美国已多次否决安理会加沙问题决议草案。(完)
English Caption: U.S. Deputy Special Presidential Envoy to the Middle East Morgan Ortagus (L, front) votes against a draft resolution during a UN Security Council meeting at the UN headquarters in New York, Sept. 18, 2025. (Xinhua/Xie E)