North America
ထရမ့်က H-1B ဗီဇာကြေးအား ကန်ဒေါ်လာ ၁၀၀,၀၀၀ အထိ မြှင့်တင်သည့် ကြေညာချက်အား လက်မှတ်ရေးထိုး

ဝါရှင်တန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် စက်တင်ဘာ ၁၉ ရက်တွင် ကြေညာချက်အား လက်မှတ်ရေးထိုး၍ လုပ်ငန်းကုမ္ပဏီများက H-1B ဗီဇာလျှောက်ထားသူများအတွက် ပေးချေရမည့်ကုန်ကျစရိတ်အား ကန်ဒေါ်လာ ၁၀၀,၀၀၀ အထိ မြှင့်တင်လိုက်ပြီး အဆိုပါလုပ်ဆောင်ချက်သည် အမေရိကန်သို့ လာရောက်ရန် ဖိတ်ခေါ်သည့်သူများမှာ စွမ်းရည်မြင့်မားသော၊ အမေရိကန်ပြည်သူများ အစားမထိုးနိုင်သည့် လူရည်ချွန်များဖြစ်ကြောင်းကို အာမခံနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုမတိုင်မီ ကုမ္ပဏီက H-1B ဗီဇာအတွက် ပေးချေရသည့် ကုန်ကျစရိတ်သည် သာမန်အားဖြင့် ကန်ဒေါ်လာ ထောင်ဂဏန်းတွင်သာရှိသည်။
ထရမ့်က ထိုနေ့ညနေပိုင်းတွင် အိမ်ဖြူတော်၌ အဆိုပါကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းကုမ္ပဏီက ကန်ဒေါ်လာ ၁၀၀,၀၀၀ မပေးချေလိုပါက အမေရိကန်ပြည်သူများအား ခန့်အပ်၍ရကြောင်း၊ နောက်ဆုံးမူဝါဒသည် “အမှန်တကယ်မှာတော့ လုပ်ငန်းကုမ္ပဏီတွေ အမေရိကန်ပြည်သူကို ခန့်အပ်ဖို့ တွန်းအားပေးလိုက်တာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထိုနေရာတွင်ရှိသည့် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က အဆိုပါကုန်ကျစရိတ်သည် “နှစ်အလိုက် တွက်ချက်သွားမည်” ဖြစ်ပြီး ပထမဆုံးအကြိမ် ဗီဇာလျှောက်ထားမှုနှင့် သက်တမ်းတိုးမှုအတွက် အသုံးပြုရန် သင့်လျော်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီဘက်က အဆိုပါလူပုဂ္ဂိုလ်သည် နှစ်စဥ်အစိုးရထံ ကန်ဒေါ်လာ ၁၀၀,၀၀၀ ပေးချေရန် ထိုက်တန်သည်လောကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ မထိုက်တန်ပါက ၎င်းအား မိမိနိုင်ငံသို့ ပြန်ခိုင်း၍ ကုမ္ပဏီက အမေရိကန်ပြည်သူကို ခန့်အပ်သင့်ကြောင်း ပြောကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးမူဝါဒ၏ အဓိကအချက်မှာ အမေရိကန်ပြည်သူများကို ခန့်အပ်ရန်ဖြစ်ပြီး တစ်ချိန်တည်းတွင် ဖိတ်ခေါ်ထားသည့်သူများမှာ ထိပ်တန်းလူရည်ချွန်များ ဖြစ်သည်ကို အာမခံရန်ဖြစ်ကြောင်း Howard Lutnick က ပြောကြားခဲ့သည်။
အဆိုပါများပြားလှသည့် ကုန်ကျစရိတ်သည် Amazon ၊ Microsoft ၊ Google စသည့် နည်းပညာထိပ်တန်းကုမ္ပဏီများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီများသည် အမြဲတစေ H-1B ဗီဇာအားကိုးဖြင့် ဆော့ဖ်ဝဲလ်ရေးဆွဲသူအင်ဂျင်နီယာ အပါအဝင် နိုင်ငံခြားသားဝန်ထမ်းများကို ခန့်အပ်ထားကြောင်း အမေရိကန်မီဒီယာများက သုံးသပ်ကြသည်။ အမေရိကန် ပြည်သူနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန၏ အချက်အလက်များအရ နှစ်စဉ် အများဆုံးခွင့်ပြုပေးသည့် H-1B ဗီဇာ အရေအတွက်မှာ ၈၅,၀၀၀ ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်သည် ပြောင်းပြန်ရလဒ် ဖြစ်စေနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းကြောင့် အမေရိကန်ကုမ္ပဏီများက လုပ်ငန်းဌာနများ အထူးသဖြင့် သုတေသနလေ့လာမှု စသည့်ကျွမ်းကျင်ကဏ္ဍများကို နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းစေနိုင်ကြောင်း၊ အမေရိကန်သို့ လာရောက် ပညာတော်သင်လိုသည့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများကိုလည်း တစ်ဆင့်တိုး လျော့ကျသွားစေနိုင်ကြောင်း အမေရိကန် CBS သတင်းဌာနက သတင်းဖော်ပြထားသည်။
ထို့အပြင် ထရမ့်က ထိုနေ့တွင် “Trump Gold Card” အမည်ရသည့် အမိန့်ကြေညာချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသည် သာမန်မဟုတ်သောစွမ်းရည်ရှိပြီး အမေရိကန်အား ထောက်ခံအားပေးလိုသည့် နိုင်ငံခြားသားများအတွက် “ဗီဇာလမ်းကြောင်း” အသစ်တစ်ခု ဖွင့်လှစ်ပေးလိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်သီးပုဂ္ဂလအနေဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနထံသို့ ကန်ဒေါ်လာ ၁ သန်း ပေးဆောင်နိုင်ခြင်း သို့မဟုတ် လုပ်ငန်းကုမ္ပဏီ စပွန်ဆာအနေဖြင့် ကန်ဒေါ်လာ ၂ သန်း ပေးဆောင်ပါက အဆိုပါနိုင်ငံခြားသားသည် ယင်း “Trump Gold Card” စီမံကိန်းမှတစ်ဆင့် အရှိန်မြှင့်စိစစ်ခွင့်ပြုသည့် ဗီဇာခံစားခွင့်ကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
特朗普签署公告将H-1B签证费用升至10万美元
新华社华盛顿9月19日电(记者熊茂伶)美国总统特朗普19日签署公告,将企业为H-1B签证申请人支付的费用提高至10万美元,并称此举旨在确保美国引进的是高技能、不能被美国人替代的人才。此前,企业为H-1B签证支付的费用通常在数千美金。
特朗普当天下午在白宫签署这项公告。特朗普说,企业不希望支付10万美元,那雇美国人就可以实现,并称最新政策“实际上给了企业雇美国人的动力”。
在场的美国商务部长卢特尼克表示,这一费用“按年计算”,适用于首次申请和续签,公司需要做出决定:这个人是否值得每年向政府支付10万美元?如果不值得,就让他回国,公司应该去雇美国人。卢特尼克说,移民政策的核心是雇美国人,同时确保引进的都是顶尖人才。
美国媒体分析,这一巨额费用将影响亚马逊、微软、谷歌等科技巨头,这些公司一直依赖H-1B签证项目来雇用包括软件开发工程师在内的外国员工。根据美国公民及移民服务局的数据,每年新发H-1B签证的名额上限为8.5万个。
美国哥伦比亚广播公司报道说,这一计划可能适得其反,因为它或将促使美国公司将工作岗位转移到海外,尤其是在研发等专业领域,也可能进一步减少有意来美国留学的国际学生。
此外,特朗普当天还签署一项名为“黄金卡”的行政令,称其将为具有非凡能力并愿意支持美国的外国人开辟一条新的“签证通道”:个人向美国财政部缴纳100万美元,或者由企业赞助缴纳200万美元,该外国人就能通过这一“黄金卡”项目获得加速审批的签证待遇。(完)
图说:9月18日,在美国首都华盛顿白宫,美国总统特朗普和夫人梅拉尼娅在结束对英国的国事访问后返抵白宫。新华社记者 胡友松 摄