Connect with us

International Organizations

အက်စ်တိုးနီးယား ဝေဟင်ပိုင်နက်အတွင်းသို့ ဝင်ရောက်သည့် ရုရှားစစ်လေယာဉ်အား ကြားဖြတ်တားဆီးခဲ့ဟု NATO ဆို၊ ရုရှား၏လုပ်ရပ်က “အင်မတန် အန္တရာယ်များကြောင်း” ဥရောပသမဂ္ဂ ဆို

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ NATO ဌာနချုပ် ထောင့်တစ်နေရာကို ၂၀၂၅ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အက်စ်တိုးနီးယားနိုင်ငံ ဝေဟင်ပိုင်နက်အတွင်းသို့ စက်တင်ဘာ ၁၉ ရက်တွင် ရုရှားစစ်လေယာဉ် ဝင်ရောက်သည့် လုပ်ရပ်သည် “အင်မတန် အန္တရာယ်များကြောင်း” ၊ “လက်ခံနိုင်ဖွယ်မရှိကြောင်း” ဥရောပသမဂ္ဂမှ အဆင့်မြင့်အရာရှိများစွာက ထိုနေ့တွင် ပြောကြားခဲ့ပြီး မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ကလည်း ကြားဖြတ်တားဆီးရန် တိုက်လေယာဉ်များ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa က လူမှုမီဒီယာ၌ ပို့စ်တင်၍ ရုရှား၏ အဆိုပါလုပ်ရပ်သည် “လက်ခံနိုင်ဖွယ်မရှိသော ရန်စမှု” ဖြစ်ကြောင်း ဆို၍ “ယခုကိစ္စရပ်က ဥရောပဟာ အရှေ့ပိုင်း ကာကွယ်ရေးမျဉ်းအား မြှင့်တင်ရန် ၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်၍ ရုရှားအပေါ် ဖိအားပေးမှုကို မြှင့်တင်ရန် အရေးတကြီး လိုအပ်နေမှုကို နောက်ထပ်တစ်ကြိမ် ပေါ်လွင်စေပါတယ်” ဟု အလေးထား ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသည် အောက်တိုဘာလဆန်းပိုင်းတွင် ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်၌ ကျင်းပမည့် အကြီးအကဲအစည်းအဝေးတွင် ရုရှား၏ လုပ်ရပ်နှင့်စပ်လျဉ်း၍ “အစုအဖွဲ့လိုက်ရင်ဆိုင်မှု အစီအမံ” အား ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ်၊ အက်စ်တိုးနီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Kaja Kallas က လူမှုမီဒီယာ၌ ပို့စ်တင်၍ ရုရှားစစ်လေယာဉ်က NATO အဖွဲ့ဝင်နိုင်ငံ အက်စ်တိုးနီးယား၏ ဝေဟင်ပိုင်နက်သို့ ဝင်ရောက်သည့်လုပ်ရပ်သည် “အလွန်အမင်း အန္တရာယ်များသည့် ရန်စမှု” ဖြစ်ပြီး ဒေသတွင်းတင်းမာမှု အခြေအနေအား တစ်ဆင့်တိုး ဆိုးရွားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
NATO ပြောခွင့်ရပုဂ္ဂိုလ် Allison Hart က လူမှုမီဒီယာ၌ ပို့စ်တင်၍ NATO အနေဖြင့် တိုက်လေယာဉ်အား အရေးပေါ်စေလွှတ်ကာ အက်စ်တိုးနီးယား ဝေဟင်ပိုင်နက်အတွင်းသို့ ဝင်ရောက်သည့် ရုရှားစစ်လေယာဉ်အား ကြားဖြတ်တားဆီးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မကြာမီ Allison Hart က အက်စ်တိုးနီးယားအနေဖြင့် NATO အဖွဲ့မှ “မြောက်အတ္တလန္တိတ်စာချုပ်” အကြောင်းအရာ ၄ အား ဆွေးနွေးညှိနှိုင်းမှုကို စတင်ရန် တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ NATO အဖွဲ့၏ အဆင့်မြင့်ဆုံးဖြတ်ရေးအဖွဲ့အစည်း မြောက်အတ္တလန္တိတ်ကောင်စီသည် လာမည့်အပတ် အစောပိုင်းတွင် အစည်းအဝေးကျင်းပ၍ အဆိုပါကိစ္စရပ်အား အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့အစောပိုင်း၌ အဆိုပါ “ချိုးဖောက်မှု” ကိစ္စရပ်သည် ဖင်လန်ပင်လယ်ကွေ့ အထက်ဝေဟင်၌ ဖြစ်ပွားခဲ့ကြောင်း၊ “ရုရှား Mig-31 တိုက်လေယာဉ် ၃ စင်းက ခွင့်ပြုချက် မရှိဘဲ အက်စ်တိုးနီးယား ပိုင်နက်ဝေဟင်ထဲကို ၁၂ မိနစ်ကြာ ဝင်ရောက်ခဲ့တယ်” ဟု ဆိုခဲ့သည်။ အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အက်စ်တိုးနီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံး ယာယီတာဝန်ခံအား ဆင့်ခေါ်တွေ့ဆုံ၍ ကန့်ကွက်ကြောင်း ဖော်ပြကာ ရုံးစာလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စရပ်သည် NATO အရှေ့ဘက်ခြမ်းဒေသ အခြေအနေ အဆက်မပြတ် တင်းမာနေသည့်အချိန်အခါ၌ ဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၉ ရက် ညပိုင်း၌ ဒရုန်းအများအပြား ပိုလန်နိုင်ငံ ဝေဟင်ပိုင်နက်သို့ ဝင်ရောက်ခဲ့ရာ ပိုလန်စစ်တပ်က အရေးပေါ်အစီအမံလုပ်ဆောင်၍ ဒရုန်းတချို့တဝက်အား ပစ်ချခဲ့ရသည်။ ပိုလန်အစိုးရက အဆိုပါဒရုန်းများသည် ရုရှားမှလာသည်ဟု ဆိုပြီး ရုရှားဘက်ကမူ ပိုလန်၏ စွဲဆိုမှုသည် အခြေအမြစ်မရှိကြောင်း ဆိုခဲ့သည်။
NATO အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte က NATO အဖွဲ့အနေဖြင့် ယင်းအဖွဲ့ အရှေ့ဘက်ခြမ်းဒေသ၏ တားဆီးမှုနှင့် ကာကွယ်မှု အနေအထားအား မြှင့်တင်ရန်အတွက် “Eastern Sentinel” အမည်ရ စစ်ရေးလှုပ်ရှားမှု စတင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ ရုံးချုပ်အပြင်၌ ဥရောပသမဂ္ဂ အလံအား ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————
(Chinese Version)
北约称拦截进入爱沙尼亚领空俄军机 欧盟称俄方行为“极其危险”
新华社布鲁塞尔9月19日电(记者张馨文)欧盟多名高级官员19日称,俄罗斯军机当天进入爱沙尼亚领空的行为“极其危险”“不可接受”,北约表示已派出战机拦截。
欧洲理事会主席科斯塔在社媒发文称俄方此举是“不可接受的挑衅”,强调“此事再次凸显欧洲亟需强化东部防线、深化防务合作并加大对俄施压”。他说,欧盟将于10月初在丹麦首都哥本哈根举行的领导人会议就俄方行为商讨“集体应对措施”。
欧盟外交与安全政策高级代表、爱沙尼亚前总理卡拉斯在社交媒体发文称,俄罗斯军机进入北约成员国爱沙尼亚领空的行为是“极其危险的挑衅”,会进一步加剧地区紧张局势。
北约发言人哈特在社媒发文说,北约方面已紧急出动战机拦截进入爱沙尼亚领空的俄罗斯战机。
哈特稍后证实,爱沙尼亚已请求北约启动《北大西洋公约》第四条进行磋商,北约最高决策机构北大西洋理事会将在下周早些时候开会具体讨论这一事件。
爱沙尼亚外交部当天早些时候说,这一“侵犯”事件发生在芬兰湾上空,“三架俄罗斯米格-31型战斗机未经许可进入爱沙尼亚领空,停留长达12分钟”。爱外交部已召见俄罗斯驻爱沙尼亚临时代办表示抗议并递交照会。
这一事件发生在北约东翼局势持续紧张之际。本月9日晚,大量无人机进入波兰领空,波军方紧急处置并击落部分无人机。波兰政府称无人机来自俄罗斯,俄方表示波方指控并无依据。北约秘书长吕特12日宣布,北约将启动代号为“东部哨兵”的军事行动,以加强该联盟东翼的威慑与防御态势。(完)
1、这是4月4日在比利时布鲁塞尔拍摄的北约总部一角。新华社记者 赵丁喆 摄
2、这是4月2日在比利时布鲁塞尔欧盟总部外拍摄的欧盟旗帜。新华社记者 赵丁喆 摄