Connect with us

Europe

ပြင်သစ်နိုင်ငံအနေဖြင့် စက်တင်ဘာ ၂၂ ရက်တွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည်ဟု မက်ခရွန် ထပ်မံအလေးထား ပြောကြား

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပြင်ဆင်နေသည့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်အား ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံအနေဖြင့် စက်တင်ဘာ ၂၂ ရက်တွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က စက်တင်ဘာ ၁၉ ရက်တွင် ပါလက်စတိုင်း သမ္မတ Mahmoud Abbas နှင့် ဖုန်းဖြင့်ဆက်သွယ်ရာ၌ ထပ်မံအလေးထား ပြောကြားခဲ့သည်ဟု မက်ခရွန်က ထိုနေ့ညပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုခြင်းသည် ပြီးပြည့်စုံသော ဒေသတွင်းငြိမ်းချမ်းရေးနည်းလမ်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ အဆိုပါနည်းလမ်းသည် ပါလက်စတိုင်း-အစ္စရေးပြည်သူများ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအပေါ် မျှော်လင့်တောင့်တမှုကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။
“နှစ်နိုင်ငံဖြေရှင်းမှု နည်းလမ်း” အကောင်အထည်ဖော်မှုသည် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုခြင်းသည် “ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) ကို ဖယ်ကြဉ်ရန် အကောင်းဆုံးနည်းလမ်း” ဖြစ်သည်ဟု မက်ခရွန်က စက်တင်ဘာ ၁၈ ရက်တွင် အစ္စရေးမီဒီယာ၏ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြင်သစ်နိုင်ငံ သမ္မတရုံး၏ စက်တင်ဘာ ၁၉ ရက် သတင်းအရ ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း ပြင်သစ်နှင့် ဆော်ဒီအာရေဗျတို့သည် စက်တင်ဘာ ၂၂ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အကောင်အထည်ဖော်ခြင်း နိုင်ငံတကာအစည်းအဝေး တစ်ရပ်ကို အတူတကွကြီးမှူးကျင်းပသွားမည်ဖြစ်ရာ ထိုအချိန်တွင် ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ စသည့် ၁၀ နိုင်ငံက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————-
(Chinese Version)
马克龙重申法国将于9月22日承认巴勒斯坦国
新华社巴黎9月19日电(记者乔本孝)法国总统马克龙19日晚在社交媒体发文说,他当天同巴勒斯坦总统阿巴斯通话时向其重申,法国将于9月22日承认巴勒斯坦国。
马克龙表示,承认巴勒斯坦国是一份完整地区和平方案的一部分,该方案将回应巴以人民对安全与和平的期望。
马克龙18日接受以色列媒体采访时曾表示,落实“两国方案”势在必行,承认巴勒斯坦国是“孤立巴勒斯坦伊斯兰抵抗运动(哈马斯)的最好方式”。
另据法国总统府19日消息,第80届联合国大会期间,法国和沙特阿拉伯将于9月22日在纽约联合国总部共同主持一场落实“两国方案”的国际会议,届时法国、英国、加拿大等10个国家将承认巴勒斯坦国。(完)
图说:2023年6月29日,在比利时布鲁塞尔,法国总统马克龙(右)准备出席欧盟峰会。新华社记者郑焕松摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.