Africa & Middle East
တူကီယဲအနေဖြင့် အစ္စရေးနှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း အာဒိုဂန် ပြောကြား
အန်ကာရာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တူကီယဲအနေဖြင့် အစ္စရေးနှင့်ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း၊ နှစ်ဖက်ဆက်ဆံရေး ရှေ့ဆက်ရန် သို့မဟုတ် တိုးတက်ရန် အနာဂတ်တွင် မည်သည့်အစီအမံမျှ လုပ်ဆောင်မည် မဟုတ်ကြောင်း တူကီယဲသမ္မတ အာဒိုဂန်က နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။
မိမိဦးဆောင်သည့် တူကီယဲ အစိုးရသည် အစ္စရေးနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ “လက်ရှိ၊ မိမိတို့နဲ့ အစ္စရေးဟာ ဘာပတ်သက်မှုမှ မရှိဘူး။ အနာဂတ်မှာလည်း ဒီလိုဆက်ဆံရေးကို ကောင်းမွန်အောင် ဘာမှဆောင်ရွက်မှာ မဟုတ်ဘူး” ဟု အဇာဘိုင်ဒန်မှ တူကီယဲသို့ ပျံသန်းသည့် လေယာဉ်၌ အာဒိုဂန်က တူကီယဲ-အစ္စရေး ကုန်သွယ်ရေး ဆက်လက်ဖြစ်ပွားသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တုံ့ပြန် ဖြေကြားရာတွင် အလေးထားပြောကြားခဲ့ကြောင်း တူကီယဲ Anadolu သတင်းဌာန၏ ယင်းနေ့က ဖော်ပြသော သတင်းများအရ သိရသည်။
ယခုနှစ် မေလတွင် တူကီယဲက အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများက ယင်းဒေသ လူသားချင်းစာနာမှုအကျပ်အတည်းကို ပို၍ ဆိုးရွားစေခြင်းကြောင့်ဟု အကြောင်းပြကာ အစ္စရေးနှင့် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးအားလုံး ယာယီရပ်တန့်လိုက်ကြောင်း ကြေညာခဲ့သည်။
၁၀ နှစ်ကျော်ကြာကာလတွင် တူကီယဲ-အစ္စရေး ဆက်ဆံရေးသည် အတက်အကျများစွာ ဖြတ်သန်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီး အပြန်အလှန် သံအမတ်ကြီးစေလွှတ်မှုများ ပြန်လည် စတင်ခဲ့သည်။ သို့သော် လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ် တစ်ဖန် ပေါက်ကွဲဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးသည် ထပ်မံ ဆိုးရွားခဲ့သည်။ အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တင်လာခြင်းနှင့်အတူ တူကီယဲ အစိုးရက အစ္စရေးကို ကြိမ်ဖန်များစွာ ပြစ်တင်ရှုတ်ချခဲ့သည်။ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် တူကီယဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ပါလက်စတိုင်းအရပ်သားများအပေါ် အစ္စရေးစစ်တပ် ဆက်တိုက် တိုက်ခိုက်နေခြင်းနှင့် ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုအခြေအနေ ဆိုးရွားခြင်းတို့ကြောင့် အစ္စရေးဆိုင်ရာ တူကီယဲသံအမတ်ကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
埃尔多安:土耳其已断绝与以色列的关系
新华社安卡拉11月13日电(记者李振北)土耳其总统埃尔多安13日宣布,土耳其已断绝与以色列的关系,未来不会采取任何措施继续或发展双边关系。
据土耳其阿纳多卢通讯社当天报道,埃尔多安在从阿塞拜疆飞返土耳其的航班上回应关于土以贸易仍在继续的问题时强调,自己领导的土耳其政府决意切断与以色列的关系,“目前,我们与以色列没有任何关系,也未采取任何行动来改善这种关系”。
今年5月,土耳其宣布暂停与以色列的所有进出口贸易,理由是以色列在加沙地带的行动加剧了该地区的人道主义危机。
十余年来,土以关系几经起伏。2022年8月,两国恢复外交关系并重新互派大使。然而,自去年10月7日新一轮巴以冲突爆发后,两国关系再次恶化。随着以色列对加沙地带的军事行动升级,土耳其政府多次严厉谴责以色列。去年11月,土耳其外交部宣布,鉴于以色列对巴勒斯坦平民的持续打击以及加沙地区的人道主义悲剧,土耳其决定召回驻以色列大使。(完)
1. 11月11日,在沙特阿拉伯首都利雅得,土耳其总统埃尔多安出席阿拉伯-伊斯兰国家特别峰会。新华社发(沙特通讯社供图)