Africa & Middle East
နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) က အစ္စရေးနှင့် ဟားမက်စ် အရာရှိများအား ဖမ်းဝရမ်း ထုတ်ပြန်
သည်ဟိတ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) က အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း Yoav Gallant နှင့် အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှု အဖွဲ့ (ဟားမက်စ်) စစ်ဦးစီးချုပ် Mohammed Diab Ibrahim al-Masri တို့ကို နိုဝင်ဘာ ၂၁ ရက်တွင် သည်ဟိတ်မြို့၌ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။
နေတန်ယာဟုနှင့် Gallant တို့ကို “၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှ အနည်းဆုံး ၂၀၂၄ ခုနှစ် မေ ၂၀ ရက် ကာလအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း” စွဲချက်တင်ခဲ့သည်ဟု အဆိုပါတရားရုံးက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ယင်းကြေညာချက်၌ ၎င်းတို့ကို စွဲချက်တင်ထားသည့် ပြစ်မှုများကို အသေးစိတ်ဖော်ပြခဲ့ပြီး ၎င်းတို့တွင် ” အရပ်သားများကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း” နှင့် “ဂါဇာရှိအရပ်သားများ အသက်ရှင်ရပ်တည်ရေး အားထားရသော အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါး၊ ဆေးကုသရေးဆိုင်ရာ ပစ္စည်းများ၊ လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အား အပါအဝင် အခြေခံထောက်ပံ့ရေးပစ္စည်းများကို တမင်တကာ တရာမဝင်ဖျက်သိမ်းခြင်း” တို့ ပါဝင်ပါသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေးနှင့် ပါလက်စတိုင်း ပိုင်နက်အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့်အတွက် Masri ကို စွဲချက်တင်ခဲ့သည်။
ယခုနှစ် မေလတွင် ICC အစိုးရရှေ့နေ Karim Khan က နေတန်ယာဟု၊ Gallant နှင့် ဟားမက်စ် အပြင် ဟားမက်စ်အဖွဲ့၏ အကြီးတန်းခေါင်းဆောင်နှစ်ဦးဖြစ်သော Ismail Haniyeh နှင့် Yahya Al-Sinwar တို့အပါအဝင် ၅ ဦးကို ဖမ်းဝရမ်း ထုတ်ရန် လျှောက်ထားခဲ့သည်။ Haniyeh နှင့် Sinwar တို့ သေဆုံးသွားကြောင်း အတည်ပြုပြီးမှသာလျှင် ၎င်းတို့နှစ်ဦး၏ လျှောက်လွှာများကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ Masri သေဆုံးခြင်း ရှိ၊ မရှိကို အတိအကျ အတည်မပြုနိုင်သေးသောကြောင့် ၎င်း၏ ဖမ်းဝရမ်းမှာ ဆက်လက်အကျုံးဝင်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………..
(Chinese Version)
国际刑事法院对以色列和哈马斯高官发出逮捕令
新华社海牙11月21日电(记者王湘江)国际刑事法院21日在海牙对以色列总理内塔尼亚胡、前国防部长加兰特,以及巴勒斯坦伊斯兰抵抗运动(哈马斯)军事指挥官穆罕默德·迪亚卜·易卜拉欣·马斯里发出逮捕令。
该法院在一份声明中说,内塔尼亚胡和加兰特被指控“自2023年10月8日到至少2024年5月20日期间犯有反人类罪和战争罪”。声明详细列举了他们被控的罪行,包括“故意针对平民发动袭击”,以及“故意剥夺加沙平民赖以生存的基本物资,包括食品、饮用水、药品、医疗用品、燃料和电力”等。
马斯里被指控自2023年10月7日起在以色列和巴勒斯坦境内犯下战争罪和反人类罪。
今年5月,国际刑事法院检察官卡里姆·汗申请了对5人的逮捕令,除内塔尼亚胡、加兰特和马斯里,还包括哈马斯的两名高级领导人伊斯梅尔·哈尼亚和叶海亚·辛瓦尔。在确认哈尼亚和辛瓦尔已死亡后,对这两人的申请被撤回。由于无法最终确认马斯里是否已死,针对他的逮捕令仍然有效。(完)
图说1:8月25日,以色列总理内塔尼亚胡 (中)、国防部长加兰特 (右二) 在特拉维夫的一处以色列军事基地内。新华社发(以色列国防部供图)
图说2:这是2017年5月1日在加沙城拍摄的叶海亚·辛瓦尔(资料照片)。新华社发(维萨姆·纳萨尔摄)