North America
TikTok ကို အမေရိကန်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက် လည်ပတ်ရန် ခွင့်ပြုလိုသည့် ဆန္ဒပို ရှိကြောင်း ထရမ့် ပြောကြား
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဗီဒီယိုအတိုလူမှုကွန်ရက်မီဒီယာပလက်ဖောင်း TikTok ကို အမေရိကန်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်လည်ပတ်ရန် ခွင့်ပြုလိုသည့် ဆန္ဒပို ရှိကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်က ဒီဇင်ဘာ ၂၂ ရက်တွင် အရီဇိုးနားပြည်နယ်၌ ကျင်းပသည့် ကွန်ဆာဗေးတစ်ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။
ထရမ့်က “ကျွန်တော်တို့ ဒီပလက်ဖောင်းမှာ ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေ ရရှိထားတယ်၊ ကြည့်ရှုတဲ့ပမာဏကလည်း ဘီလီယံ ဒါဇင်နဲ့ချီ ရှိတယ်”၊ “ကျွန်တော်တို့ ဒါကို ဆက်ပြီး အချိန်အတိုင်းအတာ တစ်ခုထိ ထပ်ထားသင့်တယ်” ဟု ဆိုသည်။
ယခုနှစ် ဧပြီလ ၂၄ ရက်တွင် အမေရိကန် သမ္မတ ဘိုင်ဒန်က လွှတ်တော်တွင် ဥပဒေမူကြမ်းတစ်ရပ်ကို လက်မှတ်ထိုးခဲ့ပြီး TikTok အား ရက်ပေါင်း ၂၇၀ အတွင်း တရုတ်မဟုတ်သည့် လုပ်ငန်းကို ရောင်းချပေးရန်၊ သို့မဟုတ်ပါက အမေရိကန်တွင် ယင်း App ၏ အသုံးပြုခွင့်ကို ပိတ်ပင်မည် ဖြစ်ကြောင်း TikTok ၏ မိခင် ကုမ္ပဏီ ByteDance ကို တောင်းဆိုခဲ့သည်။ အမေရိကန် အစိုးရ၏ TikTok ပလက်ဖောင်း အတင်းအဓမ္မ ရောင်းချစေအမိန့်အား ယာယီရပ်ဆိုင်းထားရန် TikTok က ယခုလ ၁၆ ရက်တွင် အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်ကို အရေးပေါ် တောင်းဆိုခဲ့သည်။ ယင်းလ ၁၈ ရက်တွင် အမေရိကန် တရားရုံးချုပ်က အဆိုပါ အတင်းအဓမ္မ ရောင်းချစေအမိန့် အခြေခံဥပဒေကို ချိုးဖောက်မှု ရှိမရှိ အမှုကို လျင်မြန်စွာ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ လာမည့်နှစ် ဇန်နဝါရီ ၁၀ ရက်တွင် ယင်းအမှုကို အချေအတင် ဆွေးနွေးမှု ပြုလုပ်ရန် ပြည်ထောင်စု တရားရုံးချုပ်က သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
特朗普表示倾向于允许TikTok在美继续运营一段时间
新华社华盛顿12月22日电(记者颜亮)美国当选总统特朗普22日在亚利桑那州举行的一场保守派大会上表示,他倾向于允许短视频社交媒体平台TikTok在美国继续运营一段时间。
特朗普说,“我们在这个平台收到了良好的反馈,浏览量有数十亿”“也许我们应该让它再存在一段时间”。
今年4月24日,美国总统拜登签署一项国会通过的法案,要求TikTok母公司字节跳动在270天内将TikTok出售给非中国企业,否则这款应用程序将在美国被禁用。本月16日,TikTok紧急要求美国联邦最高法院临时冻结美政府针对该平台的强迫出售令。18日,美国联邦最高法院表示,将快速审理这一强迫出售令是否违宪一案,联邦最高法院定于明年1月10日就此案举行辩论。(完)
1. 11月6日凌晨,共和党支持者在美国佛罗里达州劳德代尔堡观看特朗普发表讲话的电视画面。 新华社记者 吴晓凌 摄