Connect with us

Asia

လူနာအများစု၏ ကျောက်ကပ်စွမ်းဆောင်ရည် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးကြောင်း ဂျပန်နိုင်ငံ ကိုဘာရာရှီ ဆေးဝါးကုမ္ပဏီ၏ ပြဿနာရှိသော ကျန်းမာရေးထုတ်ကုန်များအပေါ် စစ်ဆေးချက်အရ သိရ

ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကိုဘာရာရှီ ဆေးဝါး ကုမ္ပဏီဥက္ကဋ္ဌ Akihiro Kobayashi ကို မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ကိုဘာရာရှီ ဆေးဝါးကုမ္ပဏီမှ အနီရောင်တဆေး ပါဝင်သော ကျန်းမာရေးထုတ်ကုန်များကြောင့် သောက်သုံးသူများ ကျန်းမာရေး ထိခိုက်မှု ပြဿနာဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ယင်းကျန်းမာရေး ထုတ်ကုန်များ သောက်သုံးပြီးနောက် ကျောက်ကပ်စွမ်းဆောင်ရည် ချို့ယွင်းသွားသဖြင့် ကုသမှုခံယူပြီးသည့် လူနာ ၁၀၅ ဦး၏ ၈၀ ရာခိုင်နှုန်းကျော်သည် ကျောက်ကပ်စွမ်းဆောင်ရည် ပြန်လည်ကောင်းမွန်ခြင်းမရှိသေးကြောင်း ဂျပန်ကျောက်ကပ်ဆေးပညာရှင်အဖွဲ့ မှ ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော စစ်တမ်း ရလဒ်အရ သိရသည်။

ထိုနေ့တွင် ဂျပန်ကျောက်ကပ်ဆေးပညာရှင်အဖွဲ့ သည် ယိုကိုဟားမားမြို့တွင် အစည်းအဝေးတစ်ခု ပြုလုပ်ပြီး အထက်ဖော်ပြပါ စစ်တမ်းရလဒ်များကို ကြေညာခဲ့သည်။ စုံစမ်းစစ်ဆေးသူများသည် ကိုဘာရာရှီ ဆေးဝါးကုမ္ပဏီ၏ ပြဿနာရှိသော ကျန်းမာရေးထုတ်ကုန်များကို သောက်သုံးပြီးနောက် ကျောက်ကပ်စွမ်းဆောင်ရည် ချို့ယွင်းနေသော လူနာ ၂၀၆ ဦး၏ အခြေအနေများကို ခွဲခြမ်းစိတ်ဖြာခဲ့ရာ ကုသမှုခံယူပြီးနောက် အတည်ပြုနိုင်သော လူနာ ၁၀၅ ဦးတွင် ၈၅.၇ ရာခိုင်နှုန်း သည် ကျောက်ကပ်စွမ်းဆောင်ရည် နိမ့်ကျနေကြောင်း သက်ဆိုင်ရာ ညွှန်ပြချက်က ဖော်ပြခဲ့သည်။

အချို့သော လူနာများသည် ကျောက်ကပ်စွမ်းဆောင်ရည် ချို့ယွင်းမှုကြောင့် ဆေးရုံတက် ကုသမှု ခံယူခဲ့ရပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်လုပ်ဆောင်ချက်တစ်ခုလုံး ယိုယွင်းကာ သေဆုံးသွားခဲ့ရသည့် အခြေအနေများပင်ရှိကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ (Xinhua)

………………………………………………………
(Chinese Version)
小林制药问题保健品调查:多数患者肾功能仍未恢复
新华社北京7月1日电 针对日本小林制药公司含红曲成分保健品致消费者健康受损问题,日本肾脏学会6月30日发布的调查结果显示,105名服用该保健品后肾功能受损的患者经治疗后,仍有超过八成的人肾功能未恢复。
日本肾脏学会当天在横滨召开会议,公布上述调查结果。调查人员对206名服用小林制药问题保健品后肾功能受损的患者情况作分析,可确认治疗后情况的105名患者中,相关指标显示肾功能低下者占比为85.7%。
调查人员说,患者中甚至有因肾功能受损入院治疗最终全身衰竭死亡的情况。
图说:3月29日,在日本大阪,小林制药公司社长小林章浩出席新闻发布会。新华社记者张笑宇摄