Connect with us

North America

ဘိုင်ဒန်က သမ္မတအဖြစ် ပြန်လည်အရွေးခံရေး မဲဆွယ်စည်းရုံးခြင်းမှ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့် ဟားရစ်အား အမည်စာရင်းတင်သွင်းခြင်းကို ထောက်ခံကြောင်း ကြေညာ

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန် (ဝဲဘက်၊ ဒုတိယ) နှင့် ဒုတိယသမ္မတ ဟာရစ် (ယာဘက်၊ ဒုတိယ) တို့ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၂ (ဆင်ဟွာ)

ဒီမိုကရက်တစ်ပါတီအတွင်း ပြင်းထန်သောဖိအားပေးမှုအောက်တွင် လက်ရှိအမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့် ဒုတိယသမ္မတ ဟားရစ်အား ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းကို ထောက်ခံကြောင်း ဇူလိုင် ၂၁ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။
ဘိုင်ဒန်သည် မူလက သမ္မတအဖြစ် ပြန်လည်အရွေးခံရန် စီစဉ်ထားသော်လည်း ဒီမိုကရက်တစ်ပါတီနှင့် တိုင်းပြည်၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ရွေးကောက်ပွဲမှ နုတ်ထွက်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ကျန်ရှိသော သမ္မတ သက်တမ်းတွင် တာဝန်ကျေပွန်စေရန် အာရုံစိုက်သွားမည်ဖြစ်ကြောင်း အဆိုပါနေ့က ဆိုရှယ်မီဒီယာတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဘိုင်ဒန်သည် ဟားရစ်အား ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းကို အပြည့်အဝ ထောက်ခံကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ ရီပက်ဘလစ်ကန် သမ္မတလောင်း ထရမ့်အား အနိုင်ရရှိရန် ဒီမိုကရက် ပါတီဝင်များအနေဖြင့် စည်းလုံးကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ထရမ့်သည် ဇူလိုင် ၁၈ ရက်အထိ နိုင်ငံလုံးဆိုင်ရာစစ်တမ်းများတွင် ပျမ်းမျှ ၃ ရာခိုင်နှုန်းဖြင့် ဘိုင်ဒန်ကို အရှေ့၌ ဦးဆောင်နေပြီး ဝစ္စကွန်ဆင်၊ မီချီဂန် နှင့် ပင်ဆယ်ဗေးနီးယား ကဲ့သို့သော “အဓိကအရေးကြီးပြည်နယ်” များတွင်လည်း ထောက်ခံနှုန်းသည် ဘိုင်ဒန်အရှေ့တွင် ဦးဆောင်နေကြောင်း အမေရိကန် ရွေးကောက်ပွဲသတင်းအချက်အလက် ဝက်ဘ်ဆိုဒ် “Real Transparent Politics” မှ ပြုစုထားသော စစ်တမ်းများအရ သိရသည်။
ဘိုင်ဒန် ရွေးကောက်ပွဲမှ နုတ်ထွက်ပြီးနောက် ဒီမိုကရက်တစ်ပါတီအတွင်း အခြေအနေ မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း၊ ဘိုင်ဒန်မှ ဟားရစ်အား ထောက်ခံကြောင်း ပြောကြားစေကာမူ ဒီမိုကရက်တစ်ပါတီမှ ၎င်းအား ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် အားလုံးသဘောတူညီမူရှိမရှိကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း သုံးသပ်သူများက ယူဆကြသည်။ ယခင်က ဒီမိုကရက်တစ်ပါတီမှ အကြီးတန်းပုဂ္ဂိုလ်အချို့သည် ပွင့်လင်းစွာ ယှဉ်ပြိုင်မှုမှတစ်ဆင့် ဒီမိုကရက်တစ်သမ္မတလောင်းအား ဆုံးဖြတ်ရန် မျှော်လင့်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
…………………………………………..
(Chinese Version)
拜登宣布退出连任竞选并支持提名哈里斯
新华社华盛顿7月21日电(记者颜亮 熊茂伶)在民主党内部的强大压力下,美国现任总统拜登21日宣布退出2024年总统竞选,并表示支持提名副总统哈里斯为民主党总统候选人。
拜登当天在社交媒体上发表声明说,他原本打算寻求连任,但为了民主党和国家的最佳利益,他决定退出竞选,并专注于履行总统剩余任期内的职责。
拜登随后在社交媒体上发文表示,全力支持提名哈里斯为民主党总统候选人。他同时呼吁民主党人团结起来打败共和党总统候选人特朗普。
据美国选举信息网站“真正透明政治”汇总的民调数据,截至18日,特朗普在全国民调中平均领先拜登3个百分点,在威斯康星、密歇根和宾夕法尼亚等关键“摇摆州”的支持率都领先拜登。
分析人士认为,拜登退选后民主党内部的混乱局面可能还会继续。尽管拜登表示支持哈里斯,但民主党内部是否能就候选人达成一致仍有待观察。此前,民主党一些高层人士希望通过公开竞争的方式确定民主党总统候选人。
图说:这是7月4日在美国华盛顿白宫拍摄的美国总统拜登(左二)和副总统哈里斯(右二)。