Asia
ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအား ၇.၄ ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ပြီးဖြစ်

မနီလာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ Mindanao ကျွန်းအနီးတစ်ဝိုက်တွင် အောက်တိုဘာ ၁၀ ရက်က ပြင်းအား ၇.၄ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (USGS) ငလျင်အချက်အလက်ကွန်ရက်၏ သတင်းအရ သိရသည်။ ဖိလစ်ပိုင်နိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၃ မိနစ်တွင် ဖိလစ်ပိုင်နိုင်ငံ ဆန်ဒီရေဂို အရှေ့ပိုင်း ၂၀ ကီလိုမီတာ အကွာ၌ လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၇.၂၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၆.၇၅ ဒီဂရီတွင်ဖြစ်ပြီး ငလျင်အနက်မှာ ၅၈.၁ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————–
(Chinese Version)
菲律宾发生7.4级地震 已发布海啸预警
新华社马尼拉10月10日电 据美国地质调查局地震信息网消息,菲律宾棉兰老岛附近10日发生7.4级地震。菲律宾有关机构已发布海啸预警。
消息说,地震于当地时间9时43分在菲律宾圣地亚哥以东20公里处发生,震中位于北纬7.26度、东经126.75度,震源深度58.1公里。(完)