Africa & Middle East
ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အစ္စရေးအစိုးရ အတည်ပြု

ဂျေရုဆလမ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးအစိုးရက အတည်ပြုပြီးဖြစ်ကြောင်း၊ အစ္စရေးစစ်တပ်သည် ၂၄ နာရီအတွင်း စစ်တပ်များရုပ်သိမ်းပြီး အပစ်အခတ်ရပ်စဲမည်ဖြစ်ကာ ထို့နောက် ၇၂ နာရီအတွင်း ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးသည် အောက်တိုဘာ ၁၀ ရက် နံနက်အစောပိုင်းတွင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်အရ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ စစ်ရေးလှုပ်ရှားမှုများကို ရပ်စဲကာ ဂါဇာကမ်းမြောင်ဒေသ ဒေသအချို့မှ ဆုတ်ခွာမည်ဖြစ်ပြီး အစ္စရေးဖမ်းဆီးထားသော ပါလက်စတိုင်းအကျဉ်းသား ၂,၀၀၀ ကျော် ပြန်လွှတ်ပေးမည်ဖြစ်ကာ အပြန်အလှန်အားဖြင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) သည် ဖမ်းဆီးထားသော အစ္စရေးအားလုံးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားမီဒီယာများ၏ ဖော်ပြချက်အရ လက်ရှိအချိန်တွင် ဂါဇာ၌ အသက်ရှင်လျက်ရှိသော ဖမ်းဆီးခံအစ္စရေး ၂၀ ဦးရှိဆဲဖြစ်ပြီး အခြားသူ ၂၆ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်အပ်နှံခြင်းသည် အသက်ရှင်လျက်ရှိသော ဖမ်းဆီးခံများကို လွှတ်ပေးခြင်းထက် ပိုမိုကြာမြင့်နိုင်ကြောင်း ဟားမက်စ်က ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် အစားအသောက်နှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား ရာနှင့်ချီကို ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး အိမ်ရာများ ဖျက်ဆီးခံခဲ့ရသော၊ တဲများတွင် ကာလရှည်ကြာစွာ ခိုလှုံနေရသော ဂါဇာပြည်သူများအတွက် အကူအညီပေးမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည်။ (Xinhua)
………………….
(Chinese Version)
以色列政府批准加沙停火协议
新华社耶路撒冷10月10日电(记者王卓伦 陈君清)以色列总理办公室10日凌晨发表声明说,以政府已批准加沙停火协议。以军将在24小时内撤军并停火,此后72小时内被扣押人员将获释。
根据停火协议,以军将停止在加沙地带的军事行动并撤出加沙地带部分地区,巴勒斯坦伊斯兰抵抗运动(哈马斯)释放所有以色列被扣押人员,以换取以色列释放2000多名巴勒斯坦囚犯。
据外媒报道,目前加沙仍有20名以色列被扣押人员存活,另有26人死亡、2人下落不明。哈马斯表示,交还死者遗体可能会比释放幸存被扣押人员需要更长时间。
协议还规定,数百辆运载食品和医疗物资的卡车将被允许进入加沙地带,为家园被毁、长期在帐篷中避难的加沙平民提供援助。(完)
图说:这是10月9日在耶路撒冷拍摄的以色列内阁会议现场。新华社发(以色列政府新闻办公室供图)