International Organizations
ဂါဇာအပစ်ရပ်သဘောတူညီချက် အသက်ဝင်ပြီးနောက် လူသားချင်းစာနာမှု အကူအညီအစီအစဉ်အား ကုလသမဂ္ဂ ထုတ်ပြန်

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂအနေဖြင့် ဂါဇာဒေသ အပစ်ရပ်မှု ပထမအဆင့် သဘောတူညီချက် အသက်ဝင်ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီ အစီအစဉ် ချမှတ်ပြီးဖြစ်ရာ စုစုပေါင်းပမာဏ တန်ချိန် ၁၇၀,၀၀၀ ရှိသည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားသောပစ္စည်းများကို အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားရေးရာ တာဝန်ယူရသော ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Tom Fletcher က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ရည်မှန်းချက်မှာ နေ့စဉ် ပစ္စည်းပို့ဆောင်မှုပမာဏကို ကုန်တင်ကား အစင်းရေ ရာနှင့်ချီအထိ မြှင့်တင်သွားရန်ဖြစ်ကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Tom Fletcher က ဗီဒီယိုလင့်ခ်ဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂါဇာကမ်းမြောင်ဒေသအပေါ် စားနပ်ရိက္ခာပံ့ပိုးပေးမှုကို တိုးချဲ့ခြင်းဖြင့် အကူအညီလိုအပ်သည့် ပြည်သူပေါင်း ၂.၁ သန်းခန့်အား အကျိုးဖြစ်ထွန်းစေကာ ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားနေသည့် ဒေသများ၏အခြေအနေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ လက်တွေ့ပစ္စည်းခွဲဝေပေးကာ ပေါင်မုန့်ဆိုင်နှင့် ရပ်ကွက်မီးဖိုခန်းများအား ပံ့ပိုးပေး၍ ရွှေ့ပြောင်းမွေးမြူရေးသမားနှင့် တံငါသည်များ အသက်မွေးဝမ်းကျောင်းမှု ပြန်လည်ဖော်ဆောင်နိုင်ရန် ကူညီပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် မိသားစုပေါင်း ၂၀၀,၀၀၀ ထံသို့ လက်ငင်းငွေသား အကူအညီပံ့ပိုးပေး၍ ၎င်းတို့က ဈေးကွက်အတွင်း မိမိစိတ်ကြိုက် အစားအစာ ရွေးချယ်နိုင်ကာ “ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်လုပ်ပိုင်ခွင့် ပြန်လည်ရရှိစေ” မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် ဒေသတွင်း၌ အာဟာရဆိုင်ရာ စစ်ဆေးမှုကို မြှင့်တင်၍ အားနည်းသူအုပ်စုအတွက် အာဟာရ ဖြည့်တင်းပေးမှုများ မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ပြင်းထန်စွာပျက်စီးနေသည့် ဆေးကုသရေးစနစ်အား ပြန်လည်ဖော်ဆောင်၍ မဖြစ်မနေလိုအပ်သော ဆေးကုသရေးပစ္စည်းများစွာကို ပံ့ပိုးပေးမည့်အပြင် ကပ်ရောဂါ ကြိုတင်ကာကွယ်မှု၊ စောင့်ကြည့်မှု မြှင့်တင်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း ရေပေးဝေမှုကွန်ရက် ပြန်လည်ဖော်ဆောင်ရန် ကူညီပေး၍ လူဦးရေ ၁.၄ သန်းအတွက် ရေပေးဝေမှုနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ နေထိုင်ရန်နေရာ ပံ့ပိုးပေးမှု ပမာဏအများအပြား မြှင့်တင်၍ ဒေသတွင်းနေမိသားစုများ ဆောင်းရာသီကျော်ဖြတ်ရန်အတွက် ကူညီကြိုတင်ပြင်ဆင်ပေးမှု အပါအဝင် လူဦးရေများသော၊ အခြေအနေကျပ်တည်းသော မိသားစုများအား အဓိကဂရုပြုသွားမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးသူငယ်ပေါင်း ၇၀၀,၀၀၀ အတွက် ယာယီပညာသင်ကြားရန်နေရာများ ပြန်လည်ဖွင့်လှစ်ပေး၍ သင်ကြားရေးအတွက်ပစ္စည်းများနှင့် ကျောင်းသုံးပစ္စည်းများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Tom Fletcher က ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်အား အကောင်အထည်ဖော်ရန်အလို့ငှာ ဂါဇာကမ်းမြောင်ဒေသသို့ အပတ်စဉ် အနည်းဆုံး လောင်စာ ၁.၉ သန်း လီတာ ပို့ဆောင်ရန်လိုအပ်ပြီး လုပ်ဆောင်ချက်ပြည့်စုံသည့် နယ်စပ်ဖြတ်ကျော်ရန်နေရာ များစွာဖွင့်လှစ်ကာ အခြေခံကျသော အခြေခံအဆောက်အဦများ ပြန်လည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဝန်ထမ်းများအား ကာကွယ်ပေး၍ အစိုးရမဟုတ်သောအဖွဲ့အစည်းများ ဝင်ရောက်ရန်ခွင့်ပြုမှု အဆင်ပြေလွယ်ကူရန် ပံ့ပိုးပေးရမည်ဖြစ်ကြောင်း Tom Fletcher က အလေးထား ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သဒ္ဓါတရားထက်သန်စွာ ဂါဇာကမ်းမြောင်ဒေသသို့ ကူညီပံ့ပိုးပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ဇွန်လမှစ၍ အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) သည် အီဂျစ်နိုင်ငံ Sharm El-Sheikh မြို့တွင် အသစ်တစ်ကြိမ် ဂါဇာဒေသ အပစ်ရပ်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကို စတင်ခဲ့သည်။ ဂါဇာဒေသ အပစ်ရပ်ရေး သဘောတူညီချက် ပထမအဆင့် အချက်အလက်အားလုံးနှင့် ဖော်ဆောင်မည့် ယန္တရားများ ပါဝင်သည့် သဘောတူညီချက်တစ်ခုအား ရရှိပြီးဖြစ်ရာ စစ်ပွဲအဆုံးသတ်မှု၊ ဖမ်းဆီးထိန်းသိမ်းခံထားရသော အစ္စရေးများနှင့် ပါလက်စတိုင်း အကျဉ်းသားများ လွတ်မြောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်နိုင်ရေးတို့ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကြားဝင်စေ့စပ်ညှိနှိုင်းသူဘက်က အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ (Xinhua)
———————–
(Chinese Version)
联合国公布加沙停火协议生效后人道主义援助计划
新华社联合国10月9日电(记者潘云召)联合国负责人道主义事务的副秘书长兼紧急救援协调员汤姆·弗莱彻9日表示,联合国已就加沙停火第一阶段协议生效后60天内的人道主义援助制订计划,总量为17万吨的食品、药品和其他物资已经准备到位。
在纽约联合国总部举行的记者会上,弗莱彻通过视频连线说,联合国方面的目标是将每天的物资运输量增加至数百辆卡车。扩大加沙地带的粮食供应,惠及约210万需要援助的民众,已经发生饥荒地区的情况必须得到扭转;在当地进行实物配给,支持面包店和社区厨房,并帮助牧民和渔民恢复生计;此外,将向20万户家庭提供现金援助,让他们能在市场上自主选择食物,“找回尊严与自主权”。
弗莱彻说,联合国方面将在当地加强营养筛查,为最脆弱群体提供营养补给;恢复遭受重创的医疗系统,提供更多必需的医疗用品及物资,并加强疫情防范、监测等;帮助恢复当地的供水网络,为140万人提供水和卫生服务;大规模增加住所供应,包括帮助当地家庭做好过冬准备,重点关注人口多、处境艰难的家庭;为70万学龄儿童重新开放临时学习场所,并提供学习材料和学习用品。
弗莱彻强调,为实施这一计划,每周至少需要向加沙地带输送190万升燃料,开通更多功能齐全的过境点,恢复基本的基础设施,保护人道主义工作者,为非政府组织的准入提供便利等。他还呼吁国际社会慷慨解囊,向加沙地带提供援助。
6日开始,以色列和巴勒斯坦伊斯兰抵抗运动(哈马斯)在埃及沙姆沙伊赫市开始新一轮加沙停火谈判。谈判斡旋方9日凌晨宣布,已达成一项涵盖加沙停火协议第一阶段所有条款和实施机制的协议,将促成战争结束、以色列被扣押人员与巴勒斯坦囚犯获释,以及人道主义救援物资进入加沙地带。(完)
1、10月9日,在加沙地带中部代尔拜拉赫,巴勒斯坦民众在获悉加沙停火协议的消息后庆祝。新华社发(里泽克·阿卜杜勒贾瓦德摄)