Connect with us

Asia

အင်ဒိုနီးရှားတွင် စာသင်ကျောင်းအဆောက်အအုံ ပြိုကျမှုကြောင့် ၃ ဦးသေဆုံး၊ ၉၁ ဦး ပိတ်မိနေ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၊ Sidoarjo ခရိုင်တွင် အခင်းဖြစ်ပွားရာနေရာကို စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၊ Sidoarjo ခရိုင်တွင် စက်တင်ဘာလ ၂၉ ရက်က ဖြစ်ပွားခဲ့သော စာသင်ကျောင်းအဆောက်အအုံ ပြိုကျမှုကြောင့် ၃ ဦး သေဆုံးပြီး အခြား လူအနည်းဆုံး ၉၁ ဦး ပိတ်မိနေကြောင်း၊ ကယ်ဆယ်ရေးလုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) က အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာလ ၃၀ ရက် ညပိုင်းအထိ ဤအခင်းဖြစ်ပွားမှုကြောင့် လူ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်မှ ၂၆ ဦးသည် ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) ပြောရေးဆိုခွင့်ရှိသူ Abdul Muhari က ပြောကြားခဲ့သည်။
အဆောက်အအုံအပျက်အစီး တချို့နေရာများတွင် အသက်ရှင်နေမှုလက္ခဏာများကို တွေ့ရှိခဲ့ကြောင်း၊ ဒုတိယအကြိမ် ထပ်မံပြိုကျမှု ဖြစ်ပွားမည်ကို စိုးရိမ်ရသောကြောင့် လက်ရှိတွင် လူအားဖြင့် အဓိက ရှာဖွေကယ်ဆယ်လျက်ရှိပြီး ပိတ်မိနေသူများထံသို့ အစားအစာနှင့် သောက်သုံးရေများ ပို့ဆောင်ပေးလျက်ရှိကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ကူညီကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။
BNPB သည် လိုအပ်ချိန်တွင် အကြီးစားစက်ကိရိယာများကို အသုံးပြု၍ နောက်ဆက်တွဲလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဘေးကင်းလုံခြုံသော ရှင်းလင်းရေးအစီအစဥ်တစ်ခု ရေးဆွဲရန် ဆောက်လုပ်ရေးကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၊ Sidoarjo ခရိုင်တွင် အဆောက်အအုံပြိုကျမှု ဖြစ်ပွားရာနေရာတွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(Chinese Version)
印尼学校建筑物倒塌事故致3人死亡、91人被埋
新华社雅加达10月1日电(记者李斯博)印度尼西亚灾害管理部门10月1日通报说,印尼东爪哇省诗都阿佐县9月29日发生的学校建筑物倒塌事故已造成3人死亡,另有至少91人被埋。救援行动仍在继续。
印尼国家抗灾署发言人阿卜杜勒·穆哈里说,截至9月30日晚,事故已造成90余人受伤,其中26人还在住院治疗。
现场救援人员说,在部分废墟中探测到生命迹象。由于担心引发二次坍塌,目前主要以人工方式搜救,并向被困人员输送食物和饮用水。
印尼国家抗灾署正协调建筑专家制定安全清理方案,以便在必要时动用重型设备开展后续工作。(完)
图说1:这是9月29日在印度尼西亚东爪哇省诗都阿佐县拍摄的事故现场。新华社发(印尼国家搜救局供图)
图说2:9月30日凌晨,救援人员在印度尼西亚东爪哇省诗都阿佐县建筑倒塌现场进行救援。新华社发(萨赫兰摄)