Africa & Middle East
ဟားမက်စ်က ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား စတင်ပြန်လွှတ်ပေးဟု အစ္စရေးမီဒီယာ ဖော်ပြ

ဂျေရုဆလမ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
ဂါဇာအပစ်ရပ်ရေး ပထမအဆင့်သဘောတူညီချက်အရ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) သည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းမှစ၍ ပထမအသုတ် အစ္စရေးဘက်၏ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား စတင်ပြန်လွှတ်ပေးခဲ့ရာ ၎င်းတို့ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ထံ လွှဲပြောင်းပေးလိုက်ကြောင်း အစ္စရေး Kan TV ၏ သတင်းဖော်ပြချက်အရ သိရသည်။
ဟားမက်စ်နှင့် အစ္စရေးတို့သည် အောက်တိုဘာ ၆ ရက်တွင် အီဂျစ်နိုင်ငံ ပင်လယ်နီ ကမ်းနားမြို့ Sharm El-Sheikh ၌ အသစ်တစ်ကြိမ် ဂါဇာဒေသ အပစ်ရပ်ရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့သည်။ အစ္စရေးနှင့် ဟားမက်စ်တို့သည် အပစ်ရပ်ရေး သဘောတူညီချက် ပထမအဆင့်နှင့် စပ်လျဉ်းသည့် အကြောင်းအချက် အားလုံးနှင့် ဖော်ဆောင်မည့်ယန္တရားများအပေါ် သဘောတူညီချက် ရရှိခဲ့ကြောင်း အီဂျစ်နှင့် ကာတာ စသည့် ကြားဝင်စေ့စပ်ညှိနှိုင်းသူဘက်က ကြေညာခဲ့သည်ဟု အီဂျစ် ကိုင်ရို သတင်းရုပ်သံလွှင့်ဌာနက အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
အစ္စရေး ဝန်ကြီးချုပ်ရုံးက အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ အစ္စရေးအစိုးရ အနေဖြင့် ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်အား ခွင့်ပြုပြီးဖြစ်ကြောင်း၊ အစ္စရေးစစ်တပ်အနေဖြင့် လာမည့် ၂၄ နာရီအတွင်း စစ်တပ်များ ပြန်လည်ဆုတ်ခွာကာ အပစ်ရပ်မည်ဖြစ်ကြောင်း၊ ထို့နောက် ၇၂ နာရီအတွင်း အစ္စရေးဘက်မှ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ လွတ်မြောက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂါဇာဒေသ အပစ်ရပ်မှု ပထမအဆင့် သဘောတူညီချက်သည် ဒေသစံတော်ချိန် အောက်တိုဘာ ၁၀ ရက် ၁၂ နာရီ၌ စတင်အသက်ဝင်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ Tel Aviv မြို့တွင် ပြည်သူများက ဖန်သားပြင်မှတစ်ဆင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ လွှတ်ပေးသည့် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
以色列媒体称哈马斯开始释放以方被扣押人员
新华社耶路撒冷10月13日电(记者路一凡 王卓伦)据以色列公共广播公司13日报道,根据加沙停火第一阶段协议,巴勒斯坦伊斯兰抵抗运动(哈马斯)当天早上开始释放第一批以方被扣押人员,并将他们移交给红十字国际委员会。
哈马斯和以色列6日在埃及红海海滨城市沙姆沙伊赫开始新一轮加沙停火谈判。据埃及开罗新闻电视台9日凌晨报道,埃及、卡塔尔等斡旋方宣布,以色列和哈马斯已就停火协议第一阶段所有条款和实施机制达成协议。
以色列总理办公室10日凌晨发表声明说,以政府已批准加沙停火协议。以军将在24小时内撤军并停火,此后72小时内以方被扣押人员将获释。以军10日说,加沙停火第一阶段协议已于当地时间10日12时生效。(完)
图说1:这张以色列国防军10月13日发布的照片显示的是以军在加沙地带边境设立的一处被扣押人员接收点。新华社发(以色列国防军供图)
图说2:10月13日,在以色列特拉维夫,人们通过大屏幕观看被扣押人员释放直播。新华社发(贾马尔·阿瓦德摄)