Connect with us

North America

အမေရိကန်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ၁၃ ရက်မြောက်နေ့သို့ ရောက်ရှိ၊ နိုင်ငံ့စီးပွားရေးအား စတင်သက်ရောက်မှုရှိဟု ဘဏ္ဍာရေးဝန်ကြီး ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ လွှတ်တော်အဆောက်အဦနှင့် မီးပွိုင့်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အောက်တိုဘာ ၁၃ ရက်တွင် ၁၃ ရက်မြောက်သို့ ဝင်ရောက်လာပြီဖြစ်ရာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ယခုအကြိမ် “ရပ်ဆိုင်းမှု” သည် နိုင်ငံ့စီးပွားရေးအပေါ် စတင်သက်ရောက်မှုရှိလာပြီဟု ပြောကြားခဲ့သည်။
Scott Bessent က ထိုနေ့တွင် Fox Business ချန်နယ်၏ ရုပ်သံအစီအစဉ်တစ်ခု၌ “အခြေအနေက ပိုမိုဆိုးရွားလာပါတယ်” ၊ အစိုးရယန္တရား “ရပ်ဆိုင်းမှု” က လက်တွေ့စီးပွားရေးကို စတင်သက်ရောက်မှုရှိလာပြီး ပြည်သူများလူနေမှုဘဝကိုလည်း သက်ရောက်လာသည်ဟု ပြောကြားခဲ့သည်။ စစ်တပ်လစာများ ထုတ်ပေးမှုကို အာမခံနိုင်ရန်အလို့ငှာ ဖက်ဒရယ်အစိုးရသည် အခြားဖက်ဒရယ်ဝန်ထမ်းများနှင့် ဝန်ဆောင်မှုအဖွဲ့အစည်း ဝန်ထမ်းများ၏ လစာထုတ်ပေးမှုကို မဖြစ်မနေ ရပ်ဆိုင်းထားရကြောင်း၊ ယင်းအနက် Smithsonian Institution လက်အောက်ရှိ ပြတိုက်နှင့် အမျိုးသားတိရစ္ဆာန်ဥယျာဉ်များလည်း ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Smithsonian Institution က ၎င်းဝက်ဘ်ဆိုက်တွင် ၎င်းလက်အောက်ရှိ ပြတိုက်၊ သုတေသနစင်တာနှင့် အမျိုးသားတိရစ္ဆာန်ဥယျာဉ် ဒါဇင်ချီတို့သည် အောက်တိုဘာ ၁၂ ရက်မှစ၍ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် ပိတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အမျိုးသားတိရစ္ဆာန်ဥယျာဉ် ဝက်ဘ်ဆိုက်ကလည်း တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ တိရစ္ဆာန်များကို “ဆက်လက် အစာကျွေးမှုနှင့် ပြုစုစောင့်ရှောက်မှုများ” လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သို့သော် တိရစ္ဆာန်အကြောင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် အကျိုးသက်ရောက်မှုများသည် အမေရိကန်နိုင်ငံတစ်ဝန်း၌ ဆက်လက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိသည်။ လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုဝန်ထမ်း ပြတ်လပ်မှုကြောင့် လေကြောင်းခရီးစဉ်များစွာ နှောင့်နှေးမှုဖြစ်ခဲ့ရပြီး အောက်တိုဘာ ၁၂ ရက်တွင် အမေရိကန်နိုင်ငံတစ်ဝန်း၌ လေကြောင်းခရီးစဉ် ၈,၀၀၀ နီးပါး နှောင့်နှေးခြင်းနှင့် ခရီးစဉ် ၂၇၀ ကျော် ဖျက်သိမ်းမှုဖြစ်ခဲ့သည်။
အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည်လည်း တောင်သူများအတွက် ထောက်ပံ့ကြေးပေးဝေမှုနှင့် အသေးစားလုပ်ငန်းများအတွက် ချေးငွေပေးမှုကိုလည်း သက်ရောက်မှုဖြစ်ခဲ့သည်။ ဖက်ဒရယ်အစိုးရ၏ စီးပွားရေးအချက်အလက်များ ထုတ်ပြန်ရန် နှောင့်နှေးမှုကြောင့် လုပ်ငန်းကုမ္ပဏီများသည် အနာဂတ် အစီအစဉ် ချမှတ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။
အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် အမေရိကန်ပြည်သူသန်းချီ အားကိုးရသည့် အမျိုးသားရေကြီးရေလျှံမှု အာမခံအစီအစဉ်က “ရပ်ဆိုင်းမှုနှင့် ရင်ဆိုင်” နေရကြောင်း၊ ဖက်ဒရယ်ရေကြီးရေလျှံမှု အာမခံမရရှိသဖြင့် လူများစွာက နေအိမ်အပေါင်ခံချေးငွေယူမှု လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ အိမ်ရှင်များစွာကလည်း ရေကြီးရေလျှံမှု အာမခံမရှိသည့်အခြေအနေတွင် အတ္တလန္တိတ် ဟာရီကိန်းရာသီ၏ နှစ်လ သို့မဟုတ် ယင်းထက်ပိုကြာနိုင်သော သဘာဝဘေးရာသီဥတုနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်ဟု USA Today ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
အမေရိကန် အောက်လွှတ်တော် ရီပတ်ဘလစ်ကန်ပါတီဝင် လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က အောက်တိုဘာ ၁၃ ရက်တွင် အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် ဖြစ်ပေါ်လာသည့် ဘဏ္ဍာရေး အကျပ်အတည်းကို ဒီမိုကရက်တစ်ပါတီကြောင့်ဟု ဆက်လက်အပြစ်တင်ခဲ့ပြီး အမေရိကန်သည် “အမေရိကန်သမိုင်းမှာ ရက်အကြာရှည်ဆုံး အစိုးရယန္တရား ရပ်ဆိုင်းမှုဆီ လျင်မြန်စွာ လျှောက်လှမ်းနေသည်” ဟု သတိပေးပြောကြားခဲ့သည်။
အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Hakeem Jeffries က အောက်တိုဘာ ၁၂ ရက်တွင် ဒီမိုကရက်တစ်ပါတီအနေဖြင့် ထိုင်၍ဆွေးနွေးလိုသော်လည်း ရီပက်ဘလစ်ကန်ပါတီက “မိမိထင်ရာလုပ်ဆောင်” နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အထက်လွှတ်တော် ရီပက်ဘလစ်ကန်ပါတီခေါင်းဆောင် John Thune က အောက်တိုဘာ ၁၃ ရက်သည် အမေရိကန်နိုင်ငံ၏ အများပြည်သူရုံးပိတ်ရက်ဖြစ်ပြီး အထက်လွှတ်တော်အား အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ရာ ထိုနေ့ညပိုင်းတွင်ပင် ယာယီအသုံးစရိတ်ခွင့်ပြုမှုဥပဒေကြမ်းအတွက် ၈ ကြိမ်မြောက် မဲပေးဆုံးဖြတ်မှု လုပ်ဆောင်မည်ဟု မျှော်မှန်းရကြောင်း ပြောကြားခဲ့သည်။
“ရပ်ဆိုင်းမှု” သည် မကြာမီ တတိယသီတင်းပတ်သို့ ဝင်ရောက်တော့မည်ဖြစ်ရာ ပါတီနှစ်ရပ်က ဆေးကုသရေး အာမခံနှင့် သက်ဆိုင်သည့်လူမှုဖူလုံရေး အသုံးစရိတ် စသည့် အဓိကအငြင်းပွားသော ကိစ္စရပ်များတွင် အလျှော့ပေးခြင်း မရှိသေးသောကြောင့် လျင်မြန်စွာသဘောတူညီချက်ရရှိမည့် ရှေ့အနာဂတ် အလားအလာသည် နည်းပါးနေဆဲဖြစ်ကြောင်း အမေရိကန်မီဒီယာများက ထောက်ပြ ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
美政府“停摆”第13天 财长说开始影响国家经济
新华社华盛顿10月13日电(记者杨伶 熊茂伶)美国联邦政府“停摆”13日进入第13天,财政部长贝森特表示,这一轮“停摆”已开始影响国家经济。
贝森特当天在福克斯商业频道一档节目中说,“情况越来越严重”,政府“停摆”开始影响实体经济,影响民众生活。他说,为保证军饷发放,联邦政府不得不暂停支付其他联邦雇员和服务机构员工的工资,其中包括史密森学会下属博物馆和国家动物园。
史密森学会在其网站宣布,旗下数十家博物馆、研究中心和国家动物园自12日起全部因政府“停摆”关闭。国家动物园网站说,园内动物“将继续得到喂养和照顾”,不过动物直播将停止。
联邦政府“停摆”影响在全美范围持续蔓延。美国媒体报道,空中交通管制人员短缺造成更多航班延误,12日全美近8000架次航班延误,270多个航班取消。政府“停摆”还影响农户补贴发放和小企业贷款。联邦政府经济数据推迟发布导致企业难以制定未来规划。
《今日美国报》网站报道,政府“停摆”使数百万美国人依赖的国家洪水保险计划“面临瘫痪”。许多人因不能获得联邦洪灾保险而无法办理住房抵押贷款。许多房主可能会在没有洪灾保险的情况下面临大西洋飓风季长达两个月甚至更久的灾害天气。
美国会众议院共和党籍议长约翰逊13日继续将引发“停摆”的财政僵局归咎于民主党,并警告说,美国“正在快速走向美国历史上最长的政府停摆”。众议院民主党领袖杰弗里斯12日说,民主党愿意坐下来谈,但共和党依旧“我行我素”。
参议院共和党领袖图恩说,13日是美国公众假期,参议院将于14日复会,预计当晚就临时拨款法案举行第八次表决。
美媒指出,“停摆”即将进入第三周,两党在医保相关福利开支等核心分歧上仍不让步,迅速达成妥协的前景渺茫。(完)
图说:这是10月12日在美国华盛顿拍摄的国会大厦和交通信号灯。新华社记者 李睿 摄