Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အထည်ချုပ် စက်ရုံနှင့် ဓာတုပစ္စည်းဂိုဒေါင် မီးလောင်မှုကြောင့် လူ ၁၆ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် မီးလောင်မှုဖြစ်ပွားရာနေရာ၌ မီးငြှိမ်းသတ်နေသော မီးသတ်သမားများအား အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ အထည်ချုပ် စက်ရုံနှင့် ဓာတုပစ္စည်းဂိုဒေါင် အောက်တိုဘာ ၁၄ ရက်က မီးလောင်မှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ တိုးလာကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများ၏ အောက်တိုဘာ ၁၅ ရက် ဖော်ပြချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ် မီးသတ်နှင့် မြို့ပြကာကွယ်ရေးညွှန်ကြားမှုဦးစီးဌာန မီဒီယာရေးရာ အကြီးအကဲ Talha Bin Jasim က မီးအရှိန်ကို အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် ယေဘုယျအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းထောက်ထံ ပြောကြားခဲ့သည်။ ဒဏ်ရာရသူများကို ဒါကာမြို့ ဘင်္ဂလားဒေ့ရှ် မီးလောင်ဒဏ်ရာနှင့် ရုပ်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပညာ အင်စတီကျုတွင် ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့သည်။
မီးလောင်မှုဖြစ်ပွားခဲ့သော ဓာတုပစ္စည်းဂိုဒေါင်ထဲတွင် အစွန်းချွတ်ဆေးမှုန့် (Bleaching Powder) ၊ ပလပ်စတစ်ထုတ်ကုန်များနှင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စသည့် ပစ္စည်းများ သိုလှောင်ထားကြောင်း၊ လက်ရှိတွင် မီးစတင်လောင်ကျွမ်းရသည့် တိကျသော အကြောင်းရင်းကို မသိရှိရသေးကြောင်း သတင်းအရ သိရသည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus က အောက်တိုဘာ ၁၄ ရက်တွင် မီးလောင်မှုတွင် သေဆုံးခဲ့သူများအပေါ် ဝမ်းနည်းကြေကွဲကြောင်းဖော်ပြခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်း စုံစမ်းစစ်ဆေးရန်၊ သေဆုံးသူ၏ မိသားစုဝင်များအား လိုအပ်သော ကူညီမှုပေးရန် ညွှန်ကြားခဲ့သည်။ (Xinhua)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် အောက်တိုဘာ ၁၄ ရက်က မီးလောင်မှုဖြစ်ပွားရာနေရာသို့ လူနာတင်ကား ရောက်လာစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
孟加拉国制衣厂和化学品仓库火灾已致16人死亡
新华社达卡10月15日电(记者孙楠)据孟加拉国媒体15日报道,孟首都达卡制衣厂和化学品仓库14日火灾造成的死亡人数已升至16人。
孟消防和民防总局媒体事务负责人塔勒哈·本·贾希姆告诉新华社记者,火势在14日傍晚已基本得到控制。伤者被送往位于达卡的国家烧伤与整形外科研究所接受治疗。
据报道,发生火灾的化学品仓库内存放有漂白粉、塑料制品和过氧化氢等。目前尚不清楚起火的具体原因。
孟加拉国临时政府首席顾问尤努斯14日对火灾遇难者表示哀悼,并指示调查火灾原因,向遇难者家属提供必要援助。
图说1:10月14日,在孟加拉国首都达卡,消防员在火灾现场灭火。新华社发(哈比卜·拉赫曼摄)
图说2:10月14日,在孟加拉国首都达卡,救护车辆赶到火灾现场。新华社发(哈比卜·拉赫曼摄)