International Organizations
IMF က ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု ခန့်မှန်းချက် မြှင့်တင်၊ စည်းကြပ်ခွန်က တိုးတက်မှုအလားအလာကို အားနည်းစေကြောင်း သတိပေး

နယူးယောက်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အောက်တိုဘာ ၁၄ ရက်တွင် နောက်ဆုံး “World Economic Outlook (WEO)” အစီရင်ခံစာကို ထုတ်ပြန်၍ ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို အနည်းငယ် တိုးမြှင့်ခဲ့သည်။ စည်းကြပ်ခွန် ရိုက်ခတ်မှုသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို တစ်ဆင့်တိုး အားနည်းစေလျက်ရှိပြီး ကမ္ဘာ့စီးပွားရေးမှာ ထိလွယ်ရှလွယ်ဖြစ်နေဆဲဖြစ်ကြောင်း IMF က ထောက်ပြခဲ့သည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့စီးပွားရေးသည် ၃.၂ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ပြီး ယခုနှစ် ဇူလိုင်လ ခန့်မှန်းတန်ဖိုးနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းပွိုင့် ၀.၂ ခု တိုးမြှင့်မည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ပြီး ဇူလိုင်လ ခန့်မှန်းတန်ဖိုးအတိုင်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
IMF က ခန့်မှန်းချက် တိုးမြှင့်ရခြင်း အကြောင်းရင်းများမှာ တင်သွင်းသူများက အမေရိကန် စည်းကြပ်ခွန် မူဝါဒကြောင့် ပစ္စည်းများ ကြိုတင်စုဆောင်းထားခြင်း၊ နိုင်ငံအများစု ကမ္ဘာ့ကုန်သွယ်ရေးစနစ်၏ တံခါးဖွင့်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန် ကြိုးစားခြင်း စသည့် အချက်များကြောင့် ဖြစ်ကြောင်း၊ လက်ရှိတွင် စည်းကြပ်ခွန်ရိုက်ခတ်မှုသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအလားအလာကို တစ်ဆင့်တိုး အားနည်းစေလျက်ရှိပြီး ကုန်သွယ်ရေးမူဝါဒ မတည်မြဲမှု မြင့်မားလာခြင်း၊ ကိုယ့်ကျိုးစီးပွားကာကွယ်ရေးဝါဒ အစီအမံများ အဆက်မပြတ် အဆင့်မြင့်တက်လာခြင်း၊ ပထဝီနိုင်ငံရေး တင်းမာမှုများ စဉ်ဆက်မပြတ် တင်းမာလာခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အားနည်းမှု ဆိုးရွားလာခြင်း စသည်တို့ကြောင့် ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှု အန္တရာယ်များ ဖြစ်ပေါ်လာစေကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။
အဆိုပါအစီရင်ခံသည် ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲ စီးပွားရေးအုပ်စု၏ ယခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းကို ဇူလိုင်လ ခန့်မှန်းချက်ထက် ရာခိုင်နှုန်းပွိုင့် ၀.၁ ခုမှ ၄.၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ပြီး တစ်ချိန်တည်းတွင်ပင် ဖွံ့ဖြိုးပြီး စီးပွားရေးအုပ်စု၏ ယခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းကို ရာခိုင်နှုန်းပွိုင့် ၀.၁ ခုမှ ၁.၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်သည်။
အမေရိကန် စီးပွားရေးသည် လက်တွေ့ သိသိသာသာ နှေးကွေးသွားသည့် လက္ခဏာများ ထင်ဟပ်နေပြီဖြစ်ကြောင်း၊ အမေရိကန်တွင် ဇူလိုင်လမှစ၍ အလုပ်အကိုင်အခွင့်အလမ်း ကိန်းဂဏန်းများသည် ခန့်မှန်းထားသည်ထက် အလွန် နည်းပါးပြီး အလုပ်အကိုင်ရာထူးအသစ် တိုးတက်မှု အရေအတွက်မှာလည်း သိသိသာသာ ကျဆင်းခဲ့ရာ ဩဂုတ်လ အလုပ်လက်မဲ့နှုန်းမှာ ၄ နှစ်အတွင်း အမြင့်ဆုံးအထိ မြင့်တက်လာခဲ့ကြောင်း IMF ကထောက်ပြခဲ့သည်။
စီးပွားရေးအုပ်စုအသီးသီးအနေဖြင့် ကြွေးမြီ စဉ်ဆက်မပြတ်သေချာစေရေး၊ ကုန်သွယ်မှု မူဝါဒ မသေချာမရေရာမှုများကို ဖယ်ရှားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများကို လျှော့ချရန် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေးအတွက် အားထားဆောင်ရွက်သင့်ကြောင်း IMF က ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
IMF上调全球增长预期 警告关税削弱增长前景
新华社纽约10月14日电(记者徐静 熊茂伶)国际货币基金组织(IMF)14日发布最新一期《世界经济展望报告》,小幅上调今年世界经济增长预期。IMF指出,关税冲击正进一步削弱全球经济增长前景,世界经济仍较为脆弱。
报告预计,2025年世界经济将增长3.2%,较今年7月预测值上调0.2个百分点;2026年将增长3.1%,与7月预测值持平。
IMF强调,上调预期缘于进口商因美国关税政策而提前囤货、大多数国家努力维护全球贸易体系的开放与稳定等因素。当前,关税冲击正进一步削弱全球经济增长前景,贸易政策不确定性较高、保护主义措施不断升级、地缘政治紧张局势持续、财政脆弱性加剧等构成世界经济下行风险。
报告将新兴市场和发展中经济体今年经济增速较7月预测值上调0.1个百分点至4.2%,同时将发达经济体今年经济增速上调0.1个百分点至1.6%。
IMF指出,美国经济已显现出实质性放缓迹象。美国7月以来的就业数据远低于预期,新增就业岗位数量显著下滑,8月失业率升至近4年来新高。
IMF表示,各经济体应致力于确保债务可持续性,消除贸易政策不确定性,并加强合作以减少贸易和投资壁垒。(完)
图说:10月14日,在美国华盛顿,国际货币基金组织首席经济学家皮埃尔-奥利维耶·古兰沙(左)在《世界经济展望报告》新闻发布会上展示报告。新华社记者 李睿 摄