Connect with us

Asia

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ အပစ်ရပ်မှု ဖော်ဆောင်ပြီးဖြစ်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးခိုးလိပ်များ တက်လာသည်ကို ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ်‌ အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီခန့်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်/ကဘူးလ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အစိုးရတို့သည် အောက်တိုဘာလ ၁၅ ရက် အစောပိုင်းတွင် ကြေညာချက်များ သီးခြားစီထုတ်ပြန်၍ နှစ်နိုင်ငံအကြား အပစ်ရပ်မှု ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ လက်ရှိတွင် အပစ်ရပ်မှုသည် အကောင်အထည်ဖော်ဆောင်ပြီးဖြစ်သည်။
အာဖဂန်နစ္စတန်ဘက်၏ တောင်းဆိုချက်အရ ပါကစ္စတန်-အာဖဂန်နစ္စတန် နှစ်နိုင်ငံအစိုးရသည် ၄၈ နာရီ ယာယီအပစ်ရပ်ရန် သဘောတူညီခဲ့ကြောင်း၊ အပစ်ရပ်မှုသည် ပါကစ္စတန် ဒေသစံတော်ချိန် အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီ (ပေကျင်းစံတော်ချိန် ည ၉ နာရီ) မှစတင်မည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း နှစ်ဖက်အနေဖြင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အဆိုပါ “ရှုပ်ထွေး၍ ဖြေရှင်းနိုင်သည့် ပြဿနာ” အတွက် အပြုသဘောဆောင်စွာ ဖြေရှင်းမှုနည်းလမ်းအား ရှာဖွေရန် အတူကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid သည် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပါကစ္စတန်ဘက်မှ တောင်းဆိုချက်နှင့် ခိုင်မာသောသဘောထားကြောင့် အာဖဂန်နစ္စတန်နိုင်ငံ ဒေသစံတော်ချိန် အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ် (ပေကျင်းစံတော်ချိန် ည ၉ နာရီ) မှစ၍ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား အပစ်ရပ်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်အစိုးရအနေဖြင့် ၎င်း၏စစ်တပ်အားလုံးကို ညနေ ၅ နာရီ ၃၀ မိနစ်မှစ၍ တစ်ဖက်မှ စတင်တိုက်ခိုက်ခြင်းမရှိပါက အပစ်ရပ်မှုအား လိုက်နာရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းထုတ်ပြန်ချိန်အထိ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့အနေဖြင့် အပစ်ရပ်မှုအစီအစဉ်အား ဖော်ဆောင်ပြီးဖြစ်ကြောင်း ဆင်ဟွာသတင်းထောက်ထံ သီးခြားစီအတည်ပြုခဲ့သည်။
ထို့ပြင် ပါကစ္စတန်စစ်တပ်က အောက်တိုဘာ ၁၅ ရက်တွင်လည်း အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်နှင့် တောင်ပိုင်းပြည်နယ် Kandahar ရှိ အာဖဂန်နစ္စတန် လက်နက်ကိုင်အဖွဲ့ဝင်များအား “တိကျစွာ ပစ်မှတ်ထားတိုက်ခိုက်မှု” လုပ်ဆောင်ခဲ့သည်ဟုလည်း ပါကစ္စတန်စစ်တပ် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်က ထိုနေ့တွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်ဒေသများ၌ အသေးစားလက်နက်ကိုင် ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်၏ Torkham နယ်စပ်ဂိတ်တွင် နယ်စပ်ဒေသ ပဋိပက္ခကြောင့် ရပ်တန့်နေရသော ကုန်တင်ကားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
巴基斯坦与阿富汗已实施停火
新华社伊斯兰堡/喀布尔10月15日电(记者杨恺 李昂)巴基斯坦和阿富汗政府15日早些时候分别发表声明,证实两国间将实施停火。目前停火已落实。
巴基斯坦外交部15日表示,应阿富汗方面请求,巴阿两国政府同意临时停火48小时。停火自巴基斯坦当地时间15日18时(北京时间21时)开始。在此期间,双方将作出努力,通过建设性对话为这一“复杂但有望解决的问题”寻找积极解决方案。
阿富汗政府发言人扎比乌拉·穆贾希德15日傍晚在社交媒体发文说,根据巴基斯坦方面的请求和坚持,自阿富汗当地时间15日17时30分(北京时间21时)开始,阿巴两国之间将实施停火。阿富汗政府指示其所有军队,从17时30分起,只要对方不发动攻击,就要遵守停火。
截至发稿时,巴基斯坦和阿富汗方面分别向新华社记者证实,已落实停火安排。
此外,巴基斯坦军方消息人士15日告诉新华社记者,巴军方当天对阿富汗首都喀布尔及南部省份坎大哈的阿武装分子等进行了“精准打击”。
近期,阿富汗和巴基斯坦边境地区不断发生小规模武装冲突。(完)
1、阿富汗当地时间10月15日15时许,首都喀布尔发生爆炸,现场冒起浓烟。新华社发(蒋春梅摄)
2、10月13日,在巴基斯坦与阿富汗的边境口岸多尔哈姆,卡车因边境地区冲突而滞留。新华社发