Europe
မဟာမိတ်နိုင်ငံများက အမေရိကန်ထုတ်လက်နက်များ ပိုမိုဝယ်ယူခြင်းဖြင့် ယူကရိန်းအပေါ် စစ်ရေးအရကူညီမှုမြှင့်တင်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
မဟာမိတ်နိုင်ငံများအနေဖြင့် “ယူကရိန်း၏ ဦးစားပေးလိုအပ်ချက်စာရင်း” ယန္တရားမှတစ်ဆင့် အမေရိကန်လက်နက်များကို ပိုမိုဝယ်ယူခြင်းဖြင့် ယူကရိန်းအပေါ် စစ်ရေးအရ ကူညီမှုကိုမြှင့်တင်ရန် တိုက်တွန်းကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က အောက်တိုဘာ ၁၅ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နှင့် အတူတကွ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
NATO အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများသည် ထိုနေ့တွင် ဘရပ်ဆဲလ်မြို့၌ အစည်းအဝေး ကျင်းပခဲ့ပြီး ယူကရိန်းအပေါ် စစ်ရေးအရ ကူညီမှုနှင့် ရေရှည်ကာကွယ်ရေးအရ ပံ့ပိုးပေးမှုများကို ညှိနှိုင်းရန် အာရုံစိုက်ဆွေးနွေးခဲ့ကြသည်။
သက်ဆိုင်ရာကတိပြုမှုများကို စွမ်းရည်အဖြစ် အမြန်ဆုံးပြောင်းလဲရန် လိုအပ်ကြောင်း Pete Hegseth က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး ပိုမိုများပြားသည့် နိုင်ငံများက ယူကရိန်းအခြေအနေ “ငြိမ်းချမ်းစွာ ဖြေရှင်းမှု” ဆီသို့လျှောက်လှမ်းမှုကို တွန်းအားပေးရန်အလို့ငှာ “များများလှူ” ၊ “များများဝယ်” ရန်လည်း တိုက်တွန်းခဲ့သည်။
Mark Rutte က “ယူကရိန်း၏ ဦးစားပေးလိုအပ်ချက်စာရင်း” သည် အမေရိကန်က ယူကရိန်းထံသို့ လူသေစေနိုင်သောနှင့် မသေစေနိုင်သော လက်နက်များ ပံ့ပိုးပေးသည့်ယန္တရားဖြစ်ပြီး ကုန်ကျစရိတ်ကို NATO မဟာမိတ်နိုင်ငံများက ကျခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဂျာမနီ စသည့်နိုင်ငံများက အဆိုပါယန္တရားမှတစ်ဆင့် အရင်းအနှီးစိုက်ထုတ်၍ အမေရိကန်လက်နက်များကို ဝယ်ယူမည်ဟု ကြေညာခဲ့ပြီးဖြစ်ရာ စုဆောင်းပြီးနှင့် ကတိပြုထားသည့် ငွေပမာဏစုစုပေါင်းမှာ ကန်ဒေါ်လာ ၂ ဘီလီယံကျော်အထိ ရှိလာပြီဖြစ်သည်။
အမေရိကန်ဘက်က မဟာမိတ်အားလုံးကို “ယူကရိန်း၏ ဦးစားပေးလိုအပ်ချက်စာရင်း” ယန္တရားအတွက် အရင်းအနှီးစိုက်ထုတ်ရန် တိုက်တွန်းနေသော်လည်း ပြင်သစ်၊ ဗြိတိန် စသည့် ဥရောပနိုင်ငံကြီးများကမူ သက်ဆိုင်ရာ ကတိပြုမှုများ မရှိသေးပေ။
“ယူကရိန်း၏ ဦးစားပေးလိုအပ်ချက်စာရင်း” ယန္တရားအောက်ရှိ ပထမဆုံးအသုတ် စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁ ဘီလီယံ ရှိသည့် စစ်ရေးအကူအညီကို စတင်လွှဲပြောင်းပေးအပ်နေပြီဖြစ်ရာ ၎င်းအနက် “Patriot” ပဲ့ထိန်းဒုံးကျည်လည်း ပါဝင်ကြောင်း၊ ယူကရိန်းနှင့် အမေရိကန်သည် ကန်ဒေါ်လာ ၉၀ ဘီလီယံ တန်ဖိုးရှိသည့် တာဝေးပစ်လက်နက်များပါဝင်သည့် လက်နက်ရောင်းချမှု သဘောတူညီချက်တစ်ခုအား ဆွေးနွေးညှိနှိုင်းနေကြောင်း ယူကရိန်း သမ္မတ ဇယ်လန်းစကီးက အောက်တိုဘာ ၉ ရက်တွင် အတည်ပြုခဲ့သည်။
ရုရှားအစိုးရက ရုရှားအနေဖြင့် ရုရှား-ယူကရိန်း ဆွေးနွေးညှိနှိုင်းမှုအပေါ် တံခါးဖွင့်လှစ်ထားသည့် သဘောထားကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခအား ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ အနောက်တိုင်းက ယူကရိန်းထံသို့ လက်နက်ပံ့ပိုးပေးခြင်းသည် ရုရှား-ယူကရိန်း ပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းမှုကို အတားအဆီးဖြစ်စေပြီး NATO အဖွဲ့ဝင်နိုင်ငံများကို အဆိုပါပဋိပက္ခထဲသို့ တိုက်ရိုက်ပါဝင်လာစေကြောင်း အလေးထား ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
美防长敦促盟国增购美制武器以加强对乌军援
新华社布鲁塞尔10月15日电(记者张兆卿)美国国防部长赫格塞思15日在布鲁塞尔与北约秘书长吕特共同举行的记者会上,敦促盟国通过“乌克兰优先需求清单”机制增购美国武器以加强对乌克兰的军事援助。
北约成员国国防部长当天在布鲁塞尔举行会议,聚焦协调对乌克兰的军援及长期防务支持。
赫格塞思在记者会上表示,相关承诺需要尽快转化为能力,并敦促更多国家“捐得更多”“买得更多”,以推动乌克兰局势走向“和平解决”。
吕特说,“乌克兰优先需求清单”是美国向乌克兰提供致命和非致命武器的机制,费用由北约盟国承担。荷兰、丹麦、挪威、瑞典、德国等国已宣布通过该机制出资购买美国军备,累计到位及承诺资金超过20亿美元。
尽管美方敦促所有盟友为“乌克兰优先需求清单”机制出资,但法国、英国等欧洲大国尚未作出相关承诺。
乌克兰总统泽连斯基9月证实,“乌克兰优先需求清单”机制下首批总值10亿美元的军事援助已开始交付,其中包括“爱国者”导弹。乌美正在讨论一项价值900亿美元的军售协议,包括远程武器。
俄罗斯政府强调,俄方对俄乌谈判仍持开放态度,希望通过政治和外交手段解决俄乌冲突。西方向乌克兰提供武器阻碍和平解决俄乌冲突,并使北约国家直接卷入这场冲突。(完)
图说:10月15日,在比利时布鲁塞尔,美国国防部长赫格塞思(左)与北约秘书长吕特共同举行记者会。新华社记者 彭子洋 摄