Asia
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူအများအပြား ဒဏ်ရာရ

ဘန်ကောက်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ တောင်ပိုင်း Narathiwat ပြည်နယ် Yi-ngo ခရိုင်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦး ဒဏ်ရာရရှိပြီး ယင်းအနက် ၄ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ယင်းပြည်နယ် ပြည်သူ့ဆက်ဆံရေးရုံးက အောက်တိုဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒဏ်ရာရသူများတွင် ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူများပါဝင်ပြီး ယင်းအနက် အပြင်းအထန်ဒဏ်ရာရရှိသူ ၄ ဦးကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကနဦး အချက်အလက်များအရ အခင်းဖြစ်ပွားစဉ်တွင် ရဲတပ်ဖွဲ့ဝင်များ တာဝန်ကျလျက်ရှိကြောင်း၊ အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ထားပြီး သက်ဆိုင်ရာဌာနများက တစ်ဆင့်တိုး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အဆိုပါရုံးက ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။
“သောင်းကျန်းသူများ” သည် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး လက်ဖက်ရည်ဆိုင်တွင် မကြာခဏ ရှိလေ့ရှိသော ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ရာ ပြည်သူများကိုလည်း ထိခိုက်ခဲ့ကြောင်း ထိုင်း “The Nation” သတင်းစာက ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ တောင်ပိုင်း Pattani ပြည်နယ်၊ Yala ပြည်နယ်၊ Narathiwat ပြည်နယ်တို့တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ လုံခြုံရေးဌာနအသီးသီးအနေဖြင့် နယ်စပ်ပြည်နယ်များရှိ လုံခြုံရေးကိစ္စရပ်များကို လက်တွေ့ကျကျ၊ ထိထိရောက်ရောက်ဖြေရှင်းနိုင်စေရန်နှင့် တောင်ပိုင်းဒေသရှိ ပြည်သူများအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဆောင်ကြဉ်းပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ပြည်ထဲရေး ဝန်ကြီး Anutin က မကြာသေးမီရက်က တောင်ပိုင်းဒေသများ၌ စစ်ဆေးကြည့်ရှုစဉ်တွင် ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
泰国南部一茶馆前发生爆炸 多人受伤
新华社曼谷10月16日电(记者陈倩慈 常天童)泰国南部那拉提瓦府公共关系办公室16日通报说,当天上午,该府益鄂县一家茶馆前发生爆炸事件,已造成14人受伤,其中4人伤势较重。
该办公室在社交媒体上说,伤者包括警察和民众,其中4名伤势较重者被送医治疗。初步信息显示,事发时警察正在执行任务。现场已被封锁,有关部门正在进一步调查。
泰国《民族报》报道称,“叛乱分子”引爆了一枚自制炸弹,意图袭击经常在茶馆出现的警察,在场民众也被殃及。
泰国南部北大年府、也拉府、那拉提瓦府时有暴力事件发生。泰国总理兼内政部长阿努廷日前在南部地区视察时表示,将协调各安全部门切实、高效解决边境省份安全问题,致力于为南部民众带来持久和平与稳定。(完)