Asia
အင်ဒိုနီးရှားက တရုတ်နှင့် အသက်မွေးဝမ်းကျောင်းပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ ထုတ်လုပ်ရေးနှင့် ပညာရေး ပေါင်းစပ်မှုဖြင့် စက်မှုလုပ်ငန်းအဆင့်မြှင့်တင်ရေးကို တွန်းအားပေးဆောင်ရွက်ရန် မျှော်မှန်း

ဂျကာတာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အသက်မွေးဝမ်းကျောင်းပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ တရုတ်နိုင်ငံ ထုတ်လုပ်ရေးနှင့် ပညာရေးကို ပေါင်းစပ်မှု အတွေ့အကြုံများမှ လေ့လာသင်ယူရန်၊ မိမိနိုင်ငံ၏ ပညာရေးစနစ်နှင့် စက်မှုလုပ်ငန်း မူဝါဒများကို နက်ရှိုင်းစွာ ချိတ်ဆက်မှုကို မြှင့်တင်ရန်၊ ပိုမိုများပြားသော အရည်အသွေးမြင့် နည်းပညာပိုင်း လူရည်ချွန်များ ပျိုးထောင်ရန် မျှော်လင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်ပညာရေးနှင့် သိပ္ပံနည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Stella Christie က အောက်တိုဘာ ၁၅ ရက်တွင် ဂျကာတာမြို့၌ ကျင်းပသော ၂၀၂၅ ခုနှစ် တရုတ်-အင်ဒိုနီးရှား ကျောင်း-ကုမ္ပဏီလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။
Stella Christie က အင်ဒိုနီးရှားနိုင်ငံသည် သင်ရိုးညွှန်းတမ်းစနစ်နှင့် စက်မှုလိုအပ်ချက် ကိုက်ညီမှုရေး ကိစ္စရပ်ကို အလွန်အလေးထားပြီး လက်ရှိတွင် တရုတ်အင်စတီကျူးရှင်း၊ ကုမ္ပဏီလုပ်ငန်း အများအပြားနှင့် ပူးပေါင်းဆောင်ရွက်မှု စတင်ရန် မြှင့်တင်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် ကျန်းဆူးပြည်နယ်ရှိ နည်းပညာအင်စတီကျူးရှင်း၊ ကုမ္ပဏီလုပ်ငန်း အချို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၎င်းတို့၏ သင်ရိုးညွှန်းတမ်းစနစ်များကို အင်ဒိုနည်းပညာအင်စတီကျူးရှင်းများတွင် ထည့်သွင်းကာ အင်ဒိုနီးရှားကျောင်းသားများအား သင်ယူလေ့လာမှုအဆင့်တွင်ပင် စက်မှုလုပ်ငန်းဆိုင်ရာ စံနှုန်းများနှင့် ထိတွေ့နိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် သင်ကြားရေးဆရာ၊ ဆရာမများနှင့် စက်မှုလုပ်ငန်း ချိတ်ဆက်မှုကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး သင်ကြားရေးဆရာ၊ ဆရာမများအား ကုမ္ပဏီလုပ်ငန်းများသို့ စေလွှတ်၍ လက်တွေ့အတွေ့အကြုံများ စုဆောင်းစေကာ တရုတ်ကုမ္ပဏီလုပ်ငန်းများ အင်ဒိုနီးရှားကောလိပ်များတွင် စက်ပစ္စည်းပံ့ပိုးမှုများပေးရန် ကြိုဆိုကြောင်း ၎င်းက ဆိုသည်။
“ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ခန်းမှာပဲ နောက်ဆုံးပေါ် နည်းပညာနဲ့ လုပ်ထုံးလုပ်နည်း ပိုင်နိုင်စေမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် “တက္ကသိုလ်+ တက္ကသိုလ်+ကုမ္ပဏီလုပ်ငန်း” ပူးပေါင်းဆောင်ရွက်မှုပုံစံကို မြှင့်တင်လျက်ရှိပြီး အင်ဒိုနီးရှားအဆင့်မြင့်ပညာရေးကျောင်းနှင့် တရုတ် အဆင့်မြင့်ပညာရေးကျောင်း၊ ကုမ္ပဏီလုပ်ငန်းများက လူရည်ချွန်များ အတူတကွ ပျိုးထောင်ကာ “တစ်နှစ်ကို အင်ဒိုနီးရှား၌ သင်ယူလေ့လာ၊ တစ်နှစ်ကို တရုတ်နိုင်ငံ၌ သင်ယူလေ့လာ၊ တစ်နှစ်ကို ကုမ္ပဏီလုပ်ငန်းတွင် သင်ယူလေ့လာ” ဟူသော ပျိုးထောင်မှုယန္တရားကို ဖော်ဆောင်လျက်ရှိကြောင်း၊ “ဒီပုံစံက တရုတ်နိုင်ငံရဲ့ ကျောင်း-ကုမ္ပဏီလုပ်ငန်း ဟန်ချက်ညီစွာ သင်ကြားပို့ချရေး အားကောင်းစေတဲ့ အယူအဆကိုလည်း လေ့လာအတုယူထားတယ်” ဟု ၎င်းက အထူးတလည်ဖော်ပြခဲ့သည်။
လက်ရှိ အင်ဒိုနီးရှားအဆင့်မြင့်ပညာရေးနှင့် စက်မှုလုပ်ငန်းနယ်ပယ်ကြားတွင် အဆက်အသွယ်ပြတ်တောက်မှု ရှိနေဆဲဖြစ်ပြီး သိပ္ပံဆိုင်ရာ သုတေသနရလဒ်များကို လက်တွေ့ ကုန်ထုတ်စွမ်းအားအဖြစ် ပြောင်းလဲရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ “ဒီထိပ်သီးအစည်းအဝေးကနေ ပညာရေးနယ်ပယ်နှင့် စက်မှုလုပ်ငန်းနယ်ပယ်ကို ချိတ်ဆက်တဲ့ တံတားတစ်ခု တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အင်ဒိုနီးရှားအဆင့်မြင့်ပညာရေးနှင့် သိပ္ပံနည်းပညာဝန်ကြီးဌာန၏ နည်းပညာညွှန်ကြားရေးမှူးချုပ် Ahmad Najib Burhani က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် တရုတ်-အင်ဒိုနီးရှား ကျောင်း-ကုမ္ပဏီလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှား အဆင့်မြင့်ပညာရေးနှင့် သိပ္ပံနည်းပညာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြီး အင်ဒိုနီးရှားနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကုန်သည်ကြီးများအသင်းအများအပြားက ပူးတွဲကျင်းပခြင်းဖြစ်ရာ ပညာရေးနှင့်စက်မှုလုပ်ငန်း ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ရန်၊ တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ၏ စက်မှု-ပညာရေးပေါင်းစပ်မှုနယ်ပယ်၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူမတြားပြည်နယ် Muara Enim ခရိုင်ရှိ Huadian (Indonesia) Boya power generation ကုမ္ပဏီ စုပေါင်းထိန်းချုပ်ခန်းတွင် တရုတ်-အင်ဒိုနီးရှား ဝန်ထမ်းများ အလုပ် လုပ်ကိုင်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(Chinese Version)
印尼期待深化与中国职业教育合作 推动产教融合助力产业升级
新华社雅加达10月16日电(记者陶方伟)印尼高等教育与科技部副部长蒋黛兰(斯特拉·克丽丝蒂)15日在雅加达举行的2025中国-印尼校企合作峰会上说,印尼希望深化与中国职业教育合作,借鉴中国产教融合的经验,推动本国教育体系与产业政策深度对接,培养更多高素质技术人才。
蒋黛兰表示,印尼非常重视课程体系与产业需求的匹配问题,目前正在推动与中国多所院校和企业开展合作,例如正与江苏的一些理工院校和企业合作,将它们的课程体系引入印尼理工院校,帮助印尼学生在学习阶段就接触产业标准。
她说,印尼还在积极推动教师与产业接轨,派遣教师进入企业去积累实践经验,欢迎中资企业向印尼高校提供设备支持,“让学生在课堂上就能掌握最新技术和工艺”。
她还特别提到,印尼正在推广“大学+大学+企业”的合作模式,即印尼高校与中国高校、企业共同培养人才,实行“一年在印尼学习、一年在中国学习、一年在企业实习”的培养机制,“这一模式还借鉴了中国强化校企协同育人的理念”。
印尼高等教育与科技部技术总司司长艾哈迈德·纳吉布·布尔哈尼表示,当前印尼高校与产业界之间仍存在脱节,科研成果亟需转化为现实生产力,“希望通过此次峰会搭建起连接学术界与产业界的桥梁”。
2025中国—印尼校企合作峰会由印尼高等教育与科技部主办,多家印尼中资商会协办,旨在推动教育与产业协同发展,促进中印尼两国在产教融合领域务实合作。(完)
图说1:2025年2月28日,在印度尼西亚雅加达,学生在印尼鲁班工坊智能制造中心学习。新华社记者 徐钦 摄
图说2:2025年10月3日,在位于印度尼西亚南苏门答腊省麻拉埃宁县的华电(印尼)玻雅发电公司集控室,中印尼员工正在认真工作。新华社记者 叶平凡 摄