Connect with us

International Organizations

တရုတ်နိုင်ငံ၏ မြို့ပြအသွင်ပြောင်းလဲမှု အတွေ့အကြုံများက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းမှုကို အထောက်အကူပြုသည်ဟု UN-Habitat ပြောကြား

အဇာဘိုင်ဂျန်နိုင်ငံ Khankendi မြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် အဇာဘိုင်ဂျန်နိုင်ငံ မြို့ပြဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြားနေသော ကုလသမဂ္ဂ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် (UN-Habitat) အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Anacláudia Rossbach အား အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Khankendi၊ အဇာဘိုင်ဂျန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မြို့ပြအသွင်ပြောင်းလဲမှု အတွေ့အကြုံများက ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် မမျှတမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူပြုကြောင်း ကုလသမဂ္ဂ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် (UN-Habitat) အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Anacláudia Rossbach က အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
Rossbach က တတိယအကြိမ်မြောက် အဇာဘိုင်ဂျန်နိုင်ငံ မြို့ပြဖိုရမ် ကျင်းပသည့်ကာလအတွင်း ဆင်ဟွာသတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း မြို့ပြအသွင်းပြောင်းလဲမှုများသည် မှတ်သားလောက်ဖွယ်ရှိပြီး စီမံကိန်းရေးဆွဲမှုနှင့် တည်ဆောက်မှုများသည် ပိုမိုသိပ္ပံနည်းကျမှု၊ စဉ်ဆက်မပြတ်မှု၊ ပြည်သူဗဟိုပြုမှု၊ သဘာဝကို လေးစားမှုများရှိကြောင်း၊ “တရုတ်အတွေ့အကြုံတွေက လေ့လာအတုယူထိုက်ပါတယ်” ဟု Rossbach ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် UN-Habitat မှ ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံများနှင့် လက်တွေ့လုပ်ဆောင်မှုများကို အကျဉ်းချုပ်ပြုစုသော၊ မိတ်ဆက်တင်ပြပေးသော အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း Rossbach က ယူဆသည်။ ကမ္ဘာ့မြို့ပြများနေ့သည် ကုလသမဂ္ဂက တရုတ်အစိုးရ မြှင့်တင်ပေးမှုတွင် သတ်မှတ်ခဲ့သည့် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာနေ့ဖြစ်ပြီး ကမ္ဘာ့မြို့ပြများနေ့ဆိုင်ရာ လှုပ်ရှားမှုများကို ပုံမှန်ကျင်းပခြင်းဖြင့် တရုတ်နိုင်ငံက မြို့ပြများ အရေးပါမှုအပေါ် ပြည်သူများ နားလည်သိရှိမှုကို မြှင့်တင်ရန် အားထားဆောင်ရွက်ကာ မြို့ပြရှုထောင့်မှ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှန်ဟိုင်းဆု၊ ရှန်ဟိုင်းလက်စွဲစာအုပ် စသည့် အများပြည်သူထုတ်ကုန်များသည် UN-Habitat နှင့် တရုတ်နိုင်ငံအတူ ကမ္ဘာ့မြို့ပြများနေ့ ပလက်ဖောင်း၌ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီး အောင်မြင်မှုရလဒ်များဖြစ်ကြောင်း၊ ရှန်ဟိုင်းလက်စွဲစာအုပ်သည် UN-Habitat ၏ ဒုတိယမြောက် ဒေါင်းလုဒ်ပြုလုပ်မှုအများဆုံးဖြစ်သော ထုတ်ဝေမှုစာအုပ်ဖြစ်ကြောင်း၊ ဤ အများပြည်သူထုတ်ကုန်များမှတစ်ဆင့် ကမ္ဘာတစ်ဝန်း မြို့ပြအားလုံးသည် “မြို့ပြအစီအစဉ်အသစ်” အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု လုပ်ဆောင်ချက်များကို လေ့လာသိရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
UN-Habitat အနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်၊ မြို့ပြရှုထောင့်မှ လက်ရှိကမ္ဘာကြီးရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် မမျှတမှု စသည့် အရေးပါသော စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ကြောင်း Rossbach က ပြောကြားခဲ့သည်။
တတိယအကြိမ်မြောက် အဇာဘိုင်ဂျန်နိုင်ငံ မြို့ပြဖိုရမ်ကို အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ Khankendi မြို့နှင့် ဘာကူမြို့တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါဖိုရမ်ကို အဇာဘိုင်ဂျန် အမျိုးသား မြို့ပြစီမံကိန်းရေးဆွဲမှုနှင့် အဆောက်အအုံကော်မတီ၊ UN-Habitat တို့မှ အတူတကွ ကြီးမှူးကျင်းပခဲ့ပြီး ခေါင်းစဉ်မှာ “ရာသီဥတုကြံ့ကြံ့ခံနိုင်မှုနှင့် ကောင်းမွန်သောမြို့ပြများ တည်ဆောက်ခြင်း – ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး ဆန်းသစ်တီထွင်သော နည်းလမ်းများ အသုံးပြုခြင်း” ဖြစ်သည်။ (Xinhua)


…………………….
(Chinese Version)
联合国人居署:中国的城市转型经验有助于应对全球性挑战
新华社阿塞拜疆汉肯德10月15日电(记者刘书辰 周良)联合国副秘书长、联合国人类住区规划署(人居署)执行主任罗斯巴赫15日表示,中国的城市转型经验有助于应对气候变化、贫困和不平等等全球性挑战。
罗斯巴赫是在第三届阿塞拜疆国家城市论坛期间接受新华社记者采访时做上述表示的。
罗斯巴赫说,中国过去一些年来的城市转型令人印象深刻,规划和建设更加科学、可持续、以人为本、尊重自然,“中国经验值得借鉴”。
罗斯巴赫认为,中国是联合国人居署总结和推广全球经验与实践的重要合作伙伴。世界城市日是联合国在中国政府推动下设立的首个国际日。通过定期举办世界城市日活动,中国致力于推动提升公众对城市重要性的认识,倡导从城市视角应对全球重大挑战。
她说,上海奖、上海手册等公共产品是联合国人居署同中国在世界城市日这一平台上合作的重要成果。上海手册是联合国人居署下载量第二高的出版物。通过这些公共产品,世界各地的城市都可以借此了解在落实《新城市议程》方面的创新做法。
罗斯巴赫表示,联合国人居署希望与中国开展更加紧密的合作,从城市视角出发共同应对当今世界面临的气候变化、贫困与不平等等重大挑战。
第三届阿塞拜疆国家城市论坛10月15日至17日在汉肯德市和巴库市举行。论坛由阿塞拜疆国家城市规划与建筑委员会和联合国人居署共同主办,主题为“建设气候韧性与健康城市:加强区域合作,运用创新方案”。(完)
图说:10月15日,联合国副秘书长、联合国人类住区规划署(人居署)执行主任罗斯巴赫在阿塞拜疆汉肯德举行的第三届阿塞拜疆国家城市论坛开幕式上致辞。 新华社记者 陈俊锋 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.