Connect with us

Europe

နေ့စဉ် ထိုင်နေချိန် နာရီဝက်လျှော့ချခြင်းက ဇီဝကမ္မဖြစ်စဉ် တိုးတက်ကောင်းမွန်လာရန် အကျိုးပြုဟု နောက်ဆုံးသုတေသနပြုလုပ်ချက်များက ဆို

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့ ကျင်ချိန်ရေကန်ပန်းခြံ၌ စက်ဘီးစီး အားကစားပြုလုပ်နေသူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟယ်လ်ဆင်ကီ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
နေ့စဉ် ထိုင်နေချိန် မိနစ် ၃၀ လျှော့ချရုံဖြင့်ပင် ခန္ဓာကိုယ်က အဆီဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်များကို အသုံးပြု၍ စွမ်းအင်ထုတ်လုပ်သည့် စွမ်းရည်ကို ကောင်းမွန်အောင် မြှင့်တင်နိုင်ပြီး ဇီဝကမ္မဖြစ်စဉ် တိုးတက်ကောင်းမွန်မှုနှင့် နာတာရှည်ရောဂါ အန္တရာယ်အား လျှော့ချမှုအတွက် အထောက်အကူပြုကြောင်း ဖင်လင်နိုင်ငံ Turku တက္ကသိုလ်က ပါဝင်ထားသည့် နောက်ဆုံးသုတေသနပြုလုပ်ချက်တွင် ဖော်ပြထားသည်။
အချိန်ကာလကြာရှည်စွာ အချိန်ကြာထိုင်ခြင်းနှင့် ကျန်းမာရေးနှင့်မကိုက်ညီသော စားသောက်မှုများကြောင့် စွမ်းအင်အတွက် စားသုံးမှုသည် သုံးစွဲမှုထက်များခြင်း ဖြစ်လွယ်ပြီး ထိုမှတစ်ဆင့် နှလုံးသွေးကြောရောဂါနှင့် အမျိုးအစား -၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေအန္တရာယ် တိုးပွားလာစေကြောင်း၊ လူနေမှုဘဝပုံစံသည် လူခန္ဓာကိုယ်က မတူညီသောအခြေအနေတွင် အဆီဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်များအား စွမ်းအင်အရင်းအမြစ်အဖြစ် ပြောင်းလဲသည့်စွမ်းရည်အပေါ် သက်ရောက်မှုရှိရာ ထိုကဲ့သို့စွမ်းရည်ကို “ဇီဝကမ္မဖြစ်စဉ်သွက်လက်မှု” ဟု ခေါ်ဆိုကြောင်း Turku တက္ကသိုလ်က မကြာသေးမီက ထုတ်ပြန်သော သတင်းကြေညာချက်တွင် ဖော်ပြထားသည်။
“ကျန်းမာတဲ့ခန္ဓာကိုယ်က ငြိမ်သက်အနားယူနေချိန်မှာ အဓိကအားဖြင့် အဆီဓာတ်ကို လောင်ကျွမ်းအသုံးပြုပြီး အစာစားပြီးနောက် သို့မဟုတ် အပြင်းအထန် အားကစားပြုလုပ်ချိန်မှာတော့ ကာဗိုဟိုက်ဒရိတ်ကို စွမ်းအင်အရင်းအမြစ်အဖြစ် ပြောင်းလဲအသုံးပြုပါတယ်” ၊ “ဇီဝကမ္မဖြစ်စဉ် သွက်လက်မှုကို ထိခိုက်လာမယ်ဆို သွေးတွင်းအချိုဓာတ်နဲ့ သွေးတွင်းအဆီဓာတ်တွေ မြင့်တက်လာနိုင်ပြီး ပိုလျှံတဲ့ အဆီဓာတ်နဲ့ သကြားဓာတ်တွေကို စွမ်းအင်ထုတ်လုပ်ရာမှာ အသုံးပြုခြင်းမရှိဘဲ သိုလှောင်လိုက်ပါလိ့မ်မယ်” ဟု Turku တက္ကသိုလ် ပါရဂူဘွဲ့လွန် သုတေသီ Taru Garthwaite က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသုတေသနပြုလုပ်မှုတွင် အချိန်ကြာကြာထိုင်သည့် အလေ့အကျင့်ရှိပြီး နာတာရှည်ရောဂါအမျိုးမျိုး အန္တရာယ်ရှိသည့် အရွယ်ရောက်ပြီးသူ စုစုပေါင်း ၆၄ ဦးကို ထည့်သွင်းလေ့လာခဲ့သည်။ သုတေသနဝန်ထမ်းများက ကြားဖြတ်အစီအမံ ထည့်သွင်းလုပ်ဆောင်သူအုပ်စုကို နေ့စဉ် မတ်တတ်ရပ်ခြင်း သို့မဟုတ် ပုံမှန်အသေးစားလှုပ်ရှားမှုဖြင့် အထိုင်ကြာချိန် ၁ နာရီလျှော့ချခိုင်းပြီး နှိုင်းယှဉ်မည့်အုပ်စုကိုမူ ပုံမှန်လူနေမှုဘဝပုံစံအတိုင်း ထိန်းသိမ်းထားခိုင်းခဲ့သည်။
စမ်းသပ်မှုသည် ၆ လ ကြာ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး သုတေသနပြုလုပ်မှုတွင် ပါဝင်သူများ၏ လှုပ်ရှားမှုအခြေအနေကို ခန္ဓာကိုယ် အားကစားလှုပ်ရှားမှုဆိုင်ရာ ပြောင်းလဲမှုကို တိုင်းတာနိုင်သည့် အာရုံခံကိရိယာတစ်မျိုးဖြင့် မှတ်တမ်းတင်ထားခဲ့သည်။
အချိန်ကြာကြာထိုင်မှုအား နာရီဝက်အထိ လျှော့ချခဲ့သည့် ပါဝင်သူများသည် အသေးစားလှုပ်ရှားမှုဖြင့် ပိုမိုကောင်းမွန်သော ဇီဝကမ္မဖြစ်စဉ်သွက်လက်မှုနှင့် အဆီဓာတ်လောင်ကျွမ်းမှု စွမ်းရည်ကို ဖော်ပြခဲ့ကြောင်း ရလဒ်က ဖော်ပြထားသည်။ မတ်တတ်ရပ်ချိန် တိုးလာလေ ဇီဝကမ္မဖြစ်စဉ် သွက်လက်မှု တိုးတက်ကောင်းမွန်လာမှုသည် ပိုမိုသိသာလေ ဖြစ်သည်။
မတ်တတ်ရပ်၍ ဖုန်းပြောခြင်း သို့မဟုတ် အချိန်တို လမ်းလျှောက်ခြင် ကဲ့သို့ နေ့စဉ်လှုပ်ရှားမှု အနည်းငယ် တိုးလာလျှင်ပင် စွမ်းအင်ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်နိုင်သောကြောင့် သက်လုံအားမကောင်းသော၊ အဝလွန်သော သို့မဟုတ် ရောဂါဖြစ်နိုင်ခြေမြင့်မားသော လူအုပ်စုအတွက် အလွန်အကျိုးရှိသည်ကို အဆိုပါရလဒ်က ဖော်ပြနေသည်ဟု Taru Garthwaite က ဆိုသည်။
သက်ဆိုင်ရာရလဒ်များကို ပညာရပ်ဆိုင်ရာဂျာနယ် “Scandinavian အားကစားဆေးပညာနှင့် သိပ္ပံ” ၌ ဖော်ပြထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
新研究:每天少坐半小时有助于提升代谢健康
新华社赫尔辛基10月20日电(记者朱昊晨 徐谦)芬兰图尔库大学参与的一项新研究表明,每天仅减少30分钟的坐姿时间,就能改善身体利用脂肪和碳水化合物产生能量的能力,有助于提升代谢健康并降低慢性疾病风险。
图尔库大学日前发布新闻公报说,长期久坐并伴随不健康饮食容易导致能量摄入超过消耗,从而增加心血管疾病和2型糖尿病的发病风险。生活方式还会影响人体在不同状态下切换脂肪和碳水化合物作为能量来源的能力,这种能力被称为“代谢灵活性”。
“健康的身体在静息时主要燃烧脂肪,而在餐后或剧烈运动时会转向以碳水化合物为能量来源。”图尔库大学博士后研究员塔鲁·加思韦特解释说,“如果代谢灵活性受损,血糖和血脂水平可能升高,多余的脂肪和糖分会被储存起来,而不是用于能量生产。”
这项研究共纳入64名有久坐习惯且具有多种慢性病风险因素的成年人。研究人员要求干预组每天减少1小时坐姿时间,通过增加站立或日常轻度活动实现;对照组则维持原有生活方式。实验持续6个月,参与者的活动情况通过一种可测量身体运动变化的传感器进行记录。
结果显示,成功将久坐时间减少至少半小时的参与者,在轻度运动中表现出更好的代谢灵活性和脂肪燃烧能力。站立时间增加越多,代谢灵活性改善越显著。
加思韦特表示,这一结果说明,哪怕是轻微的日常活动增加,例如站着接电话或短时间散步,也能促进能量代谢,对体力活动不足、超重或患病风险较高的人群尤其有益。
相关成果已发表在学术期刊《斯堪的纳维亚运动医学与科学杂志》上。(完)
图说:2025年8月1日,市民在成都锦城湖公园骑行。 新华社记者 王曦 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.