Connect with us

Europe

လူဗာပြတိုက် ခဏတာဖွင့်လှစ်ပြီးနောက် ပြန်လည်ပိတ်သိမ်းခဲ့

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များ လူဗာပြတိုက်အပြင်ဘက်တွင် စုဝေးနေသည်ကို အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/AP)

ပဲရစ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ လူဗာပြတိုက်သည် ပြခန်းအချို့ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာပြီး မကြာမီ ပြတိုက်ကို အောက်တိုဘာ ၂၀ ရက်က ပိတ်သိမ်းခဲ့သည်။ ပြင်သစ်နိုင်ငံ တရားရေးရာ ဝန်ကြီး Gerald Darmanin က လူဗာပြတိုက်သည် လုံခြုံရေးပိုင်းတွင် အားနည်းချက်များ ရှိနေခဲ့ရာ လုယက်သူများကို အခွင့်ကောင်းယူ ဖောက်ထွင်းဝင်ရောက်နိုင်စေခဲ့သည်ဟု ထိုနေ့တွင် ပြောကြားခဲ့သည်။
လူဗာပြတိုက်သည် ဒေသစံတော်ချိန် အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီတွင် အချို့သော ပြခန်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ သို့သော် ၁ နာရီခန့်အကြာတွင် ပြတိုက်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြသည့် ခရီးသွားဧည့်သည်များအဖွဲ့များသည် ရွေ့လျားမှုမရှိဘဲ ရပ်တန့်လုနီးဖြစ်ခဲ့ကြောင်း၊ ယင်းနောက် လူဗာပြတိုက် တရားဝင်ဝက်ဘ်ဆိုက်က “ပြတိုက်ဖွင့်လှစ်မယ့်အချိန် နှောင့်နှေးနိုင်ကြောင်း၊ ပြခန်းအချို့မှာ အထူးအကြောင်းရင်းများကြောင့် ဆက်လက်ပိတ်ထားနိုင်သည်” ဟု ထုတ်ပြန် ပြောကြားခဲ့ကြောင်း ပြင်သစ်မီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။
ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် လူဗာပြတိုက် တရားဝင်ဝက်ဘ်ဆိုက်က “အဆိုပါ ပြတိုက်ကို ဒီနေ့ယာယီ ပိတ်သိမ်းလိုက်ပါပြီ။ လာရောက်ကြည့်ရှုဖို့ ကြိုတင်မှာယူထားတဲ့ ခရီးသွားဧည့်သည်တွေကို မူလ ငွေပေးချေရာ လမ်းကြောင်းကနေ အပြည့်အဝ ငွေပြန်အမ်းသွားမှာဖြစ်ပါတယ်” ဟူ၍ ထပ်မံ ရေးသားထုတ်ပြန်ခဲ့သည်။
လူဗာ လုယက်မှုသည် ပြင်သစ်နိုင်ငံ၏ ပုံရိပ်အပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုရှိခဲ့ကြောင်း၊ ပြတိုက်လုံခြုံရေးပိုင်းတွင် “သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်” ဟု Darmanin က အောက်တိုဘာ ၂၀ ရက် အစောပိုင်းတွင် ပြင်သစ်လူထုရေဒီယိုလိုင်း၏ မေးမြန်းခန်း၌ ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်တွင် မျက်နှာဖုံးတပ်ထားသူ ၄ ဦးသည် လူဗာပြတိုက်အပြင်ဘက်သို့ ရောက်ရှိလာပြီး အတက်အဆင်းစက်လှေကားကို တာဝန်ခွဲ ညှိနှိုင်းဆောင်ရွက်ကာ အဆောက်အဦအပြင်ဘက်ရှိ ဝရန်တာမှ အတွင်းခန်းထဲသို့ လျှိုဝင်၍ ပြခန်းတွင်ထားရှိသော ရတနာများကို လုယက်ယူသွားခဲ့ကြောင်း၊ လုယက်စဉ်အတွင်း ပြတိုက်လုံခြုံရေးအရာရှိအား ထောင့်ကြိတ်စက်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ ၄ ဦးသည် လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း၊ အမှုစစ်အနေဖြင့် ယင်းမှာ အဖွဲ့အစည်းရှိသော ပြစ်မှုကျူးလွန်မှုတစ်ခုဖြစ်သည်ဟု ကနဦး သတ်မှတ်ထားကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် လူဗာပြတိုက်အား အောက်တိုဘာ ၁၉ ရက်တွင် ယာယီ ပိတ်သိမ်းခဲ့ကြောင်း ပဲရစ် အမှုစစ်ဌာန၏ သတင်းအရ သိရသည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် လုယက်မှု ဖြစ်ပွားပြီးနောက် လူဗာပြတိုက်ရှိ လမ်းကြောင်းတစ်ခု ပိတ်ခံထားရသည်ကို အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/AFP)

……………………
(Chinese Version)
卢浮宫短暂开放后再度闭馆
新华社巴黎10月20日电(记者乔本孝 张百慧)法国卢浮宫博物馆20日在宣布开放部分展厅不久后闭馆。法国司法部长达尔马宁同日表示,卢浮宫在安保方面存在漏洞,让抢劫者乘虚而入。
据法国媒体报道,卢浮宫原本定于当地时间20日9时重新开放部分展区。但将近一个小时后,等待入馆的游客队伍几乎停滞不前。随后,卢浮宫官方网站发布消息称:“博物馆开放时间可能有所延迟,部分展厅可能因特殊原因仍会保持关闭。”
当地时间10时许,卢浮宫官方网站再次发布消息称:“本馆今日临时闭馆。已预约参观的游客将通过原支付渠道全额退款。”
20日早,达尔马宁接受法国公共电台采访时说,卢浮宫抢劫案对法国形象造成负面影响。在博物馆安保方面,“可以确定的是,我们失败了”。
据巴黎检方消息,19日9时30分左右,4名蒙面人来到卢浮宫外,分工配合操作升降装置,从建筑物外部阳台潜入室内,抢走陈列珠宝,其间还用角磨机威胁博物馆保安。4名作案人员目前仍然在逃。检方初步认定这是一起有组织犯罪。卢浮宫19日因此临时关闭。(完)
图说1:10月19日,在法国巴黎,警察聚集在卢浮宫博物馆外。新华社/美联
图说2:10月19日,在法国巴黎,抢劫事件发生后卢浮宫博物馆的一处通道被关闭。新华社/法新