Asia
ဆာနာအဲ တာကာအိချိ အစိုးရအဖွဲ့ ဖွဲ့စည်းထူထောင်၊ အင်အားဟန်ချက်ညီမှုအား ထိန်းသိမ်းပြီး ကွန်ဆာဗေးတစ် အငွေ့အသက်များ ပြင်းထန်နေ

တိုကျို၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်သစ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိသည် အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင် အစိုးရအဖွဲ့အသစ် ဖွဲ့စည်းခဲ့ရာ LDP ပါတီနှင့် ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) တို့ဖြင့် ဖွဲ့စည်းထားသည့် အာဏာရညွန့်ပေါင်းအဖွဲ့ တရားဝင်စတင်ခြင်း၏ အမှတ်လက္ခဏာဖြစ်ခဲ့သည်။
အစိုးရအဖွဲ့အသစ်တွင် ဆာနာအဲ တာကာအိချိ အပါအဝင် ၁၉ ဦးပါဝင်ပြီး ၎င်းအနက် ၁၀ ဦးသည် ပထမဆုံးအကြိမ် အစိုးရအဖွဲ့၌ ပါဝင်လာခြင်းဖြစ်ကာ အမျိုးသမီးအဖွဲ့ဝင် စုစုပေါင်း ၃ ဦး ပါဝင်သည်။ လက်ရှိတွင် အစိုးရအဖွဲ့အသစ်၌ “LDP ပါတီ၏ နိုင်ငံရေးအရင်းအနှီး” နာမည်ပျက်သတင်းနှင့် ဆက်စပ်သော နိုင်ငံရေးပုဂ္ဂိုလ်များ ပါဝင်ခြင်းမရှိကြောင်း ဂျပန် Asahi Shimbun သတင်းစာက ထောက်ပြထားသည်။
အဓိကရာထူးတာဝန်များတွင် ဆာနာအဲ တာကာအိချိက ၎င်းနှင့် နိုင်ငံရေးအယူအဆ နီးစပ်မှုရှိသော ကွန်ဆာဗေးတစ်လူပုဂ္ဂိုလ်ဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဟောင်း မီနိုရု ကီဟာရအား အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ LDP ပါတီ အတွင်းရေးမှူးချုပ်ဟောင်း တိုရှီမိဆု မိုတယ်ဂိ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဟောင်း ရှင်ဂျီရို ကိုအီဇူမီနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်ဟောင်း ယိုရှိမာဆ ဟာရာရှိ တို့က နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့အဖြစ် သီးခြားစီ တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ထိုမတိုင်မီ LDP ပါတီဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်မှုအတွင်း ဆာနာအဲ တာကာအိချိနှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။
ဆာနာအဲ တာကာအိချိ၏ အဆိုပါလုပ်ရပ်သည် ပါတီအတွင်း ဂိုဏ်းဂဏများ ဟန်ချက်ညီမှုအား ထိန်းသိမ်းရန်၊ အတွင်းပိုင်း စည်းလုံးညီညွတ်မှုအား မြှင့်တင်ရန် ရည်ရွယ်ပြီး ထိုမှတစ်ဆင့် မိမိကိုယ်တိုင်၏ အုပ်ချုပ်ရေးအခြေခံကို ခိုင်မြဲစေရန်ဖြစ်သည်ဟု လူထုသဘောထားက ယူဆသည်။
လက်ရှိလူမှုအသိုက်အဝန်းက ဂရုပြုမှု အတန်အသင့်မြင့်မားသည့် နိုင်ငံခြားသားမူဝါဒ အရေးကိစ္စနှင့်စပ်လျဉ်း၍ LDP ပါတီနှင့် JIP ပါတီတို့သည် အောက်တိုဘာ ၂၀ ရက်တွင် လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၌ သက်ဆိုင်ရာကိစ္စရပ်များကို တစ်စုတစ်စည်းတည်း စီမံခန့်ခွဲမှုအား သီးသန့်တာဝန်ယူမည့် ဝန်ကြီးခန့်အပ်ထားရှိရန် အဆိုပြုထားသည်။
ဆာနာအဲ တာကာအိချိက အစိုးရအဖွဲ့တွင် ပထမဆုံးအကြိမ် ပါဝင်လာသည့် အထက်လွှတ်တော်အမတ် ကီမိ အိုနိုဒါကို စီးပွားရေးဆိုင်ရာ လုံခြုံရေးဝန်ကြီးအဖြစ် ထမ်းဆောင်သည့် တစ်ချိန်တည်းတွင် နိုင်ငံခြားသားမူဝါဒ တာဝန်ခံဝန်ကြီးအဖြစ်လည်း ထမ်းဆောင်ရန် ခန့်အပ်ခဲ့သည်။ ၎င်းသည် ဆာနာအဲ တာကာအိချိနှင့် ဆက်ဆံရေးရင်းနှီးသည့် ကွန်ဆာဗေးတစ် ကိုယ်စားပြုပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်သည်။ အစိုးရအဖွဲ့တွင် ကွန်ဆာဗေးတစ်ပုဂ္ဂိုလ်များစွာ စုစည်းထားသောကြောင်း အစိုးရအဖွဲ့အသစ်သည် အခြေအနေတစ်ရပ်လုံးအရ ကွန်ဆာဗေးတစ် အငွေ့အသက်များ ပြင်းထန်နေကြောင်း ဂျပန်မီဒီယာများက ထောက်ပြထားသည်။
LDP ပါတီနှင့် ညွန့်ပေါင်းအစိုးရအနေဖြင့် ပူးတွဲအုပ်ချုပ်သည့် JIP ပါတီသည် ယခုအကြိမ်တွင် “အစိုးရအဖွဲ့အပြင်မှ ပူးပေါင်းဆောင်ရွက်မှု” ပုံစံဖြင့် အုပ်ချုပ်ရေးအာဏာ လည်ပတ်မှုတွင် ပါဝင်ခြင်းဖြစ်ရာ ၎င်း၏အဖွဲ့ဝင်များသည် လက်ရှိတွင် အစိုးရအဖွဲ့အတွင်းသို့ ဝင်ရောက်မည် မဟုတ်ပေ။ LDP ပါတီက မူလတွင် JIP ပါတီ အဖွဲ့ဝင်များကို အစိုးရအဖွဲ့၌ ပါဝင်ရန် ဖိတ်ခေါ်လိုသော်လည်း JIP ပါတီက မူဝါဒအလွှာတွင် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ၎င်းတို့လွှတ်တော်တန်ပြန်မူဝါဒ ကော်မတီဥက္ကဋ္ဌ တာကာရှိ အန်ဒို ကိုသာ ဝန်ကြီးချုပ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရန် နောက်ဆုံး၌ ဆုံးဖြတ်ခဲ့သည်ဟု ဂျပန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ထိုနေ့အစောပိုင်းတွင် ဆာနာအဲ တာကာအိချိက ယာယီလွှတ်တော် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၏ ဝန်ကြီးချုပ်ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့ပြီး ဂျပန်နိုင်ငံ၏ ၁၀၄ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ (Xinhua)
——————
(Chinese Version)
高市早苗内阁成立 兼顾力量平衡且保守色彩浓厚
新华社东京10月21日电(记者李子越 陈泽安)日本新任首相、自民党总裁高市早苗21日晚组建新内阁,标志着由自民党和日本维新会组成的执政联盟正式启动。
新内阁包括高市本人在内共19名成员,其中10人首次入阁,女性成员共有3人。日本《朝日新闻》指出,新内阁暂无与“黑金”丑闻相关的政治人物。
在主要岗位上,高市任命与其政治理念相近的保守派人士、前防卫大臣木原稔出任官房长官。自民党前干事长茂木敏充、前农林水产大臣小泉进次郎和前官房长官林芳正分别出任外务大臣、防卫大臣和总务大臣。他们此前在自民党总裁选举中曾与高市竞争。舆论认为,高市此举意在兼顾党内派阀平衡、促进内部团结,从而巩固自身的执政基础。
针对当前社会关注度较高的外国人政策问题,自民党与维新会在20日签署的合作协议中提出将设立专责大臣统筹管理相关事务。高市任命首次入阁的参议员小野田纪美在担任经济安全保障大臣的同时,兼任外国人政策担当大臣。此人是与高市关系密切的保守派代表人物之一。日本媒体指出,鉴于内阁中汇聚了多名保守派人士,新内阁整体呈现出浓厚的保守色彩。
与自民党联合执政的维新会此次选择以“阁外合作”形式参与政权运作,即其成员暂不进入内阁。据日媒报道,自民党原本希望邀请维新会成员入阁,但后者最终决定仅由其国会对策委员长远藤敬担任首相辅佐官,以维持政策层面的合作关系。
当天早些时候,高市在临时国会众议院和参议院的首相指名选举中均获胜,正式成为日本第104任首相。(完)
图说1:10月21日,日本首相高市早苗(前排中)在东京的首相官邸率阁僚合影。新华社记者 贾浩成 摄