North America
ပူတင်နှင့် တွေ့ဆုံပွဲကို ပယ်ဖျက်လိုက်ကြောင်း ထရမ့်အတည်ပြု၊ Tomahawk ဒုံးကျည် အသုံးပြုနည်းအား အခြားနိုင်ငံကို သင်ကြားပေးမည်မဟုတ်ဟု ဆို

ဝါရှင်တန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အမေရိကန်-ရုရှားအကြီးအကဲများ လတ်တလောကာလ တွေ့ဆုံမှုအစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၊ အကြောင်းရင်းမှာ လက်ရှိတွေ့ဆုံဆွေးနွေးမှုသည် ရလဒ်များ ရရှိမည် မဟုတ်သောကြောင့်ဖြစ်သည်ဟု အောက်တိုဘာ ၂၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၎င်းအနေဖြင့် Tomahawk ဒုံးကျည် အသုံးပြုနည်းအား အခြားနိုင်ငံကို သင်ကြားပေးမည် မဟုတ်ကြောင်းလည်း တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် လတ်တလောကာလအတွင်း ယူကရိန်းအရေးကိစ္စနှင့်စပ်လျဉ်း၍ ရုရှား သမ္မတ ပူတင်နှင့် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း၊ အကြောင်းရင်းမှာ “အချိန်မကျသေး” သဖြင့် လက်ရှိတွေ့ဆုံဆွေးနွေးမှုသည် “ရည်မှန်းချက်ကို ဖော်ဆောင်နိုင်မည်မဟုတ်” သောကြောင့်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပူတင်နှင့် “အနာဂတ် အချိန်တစ်ခု” တွင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ထိုနေ့ညနေတွင် အိမ်ဖြူတော်၌ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အထွေထွေ အတွင်းရေးမှူးချုပ် Mark Rutte နှင့် တွေ့ဆုံပြီးနောက် မီဒီယာများကို ပြောကြားခဲ့သည်။
တိကျမှုမြင့်မားသော Tomahawk တာဝေးပစ် ခရုဇ်ဒုံးကျည် အသုံးပြုနည်းတတ်မြောက်ရန် “အနည်းဆုံး ၆ လ ကနေ ပုံမှန်တစ်နှစ်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်မှု လိုအပ်” ကြောင်း၊ အမေရိကန်စစ်တပ်အနေဖြင့် အဆိုပါဒုံးကျည် အသုံးပြုနည်းအား အခြားနိုင်ငံကို သင်ကြားပေးမည်မဟုတ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။
Mark Rutte က ၎င်းအိမ်ဖြူတော်သို့ ခရီးစဉ်လာရောက်ခြင်းသည် ရုရှား-ယူကရိန်း ပဋိပက္ခအား မည်ကဲ့သို့ အဆုံးသတ်မည်နည်းနှင့် စပ်လျဉ်း၍ ထရမ့်နှင့် ဆွေးနွေးရန်ဖြစ်ကြောင်း၊ သို့သော်လက်ရှိတွင် ဆွေးနွေးမှုစားပွဲဝိုင်း၌ ဆွေးနွေးနိုင်မည့် ငြိမ်းချမ်းရေး အစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့သည်။
၎င်းနှင့် ထရမ့်တို့က ရုရှားစီးပွားရေးအပေါ် “ဆက်တိုက်ဖိအားပေးမှု” များ လုပ်ဆောင်ရန် လိုအပ်သည်ဟု တစ်ပြေးညီယူဆကြောင်း၊ ထရမ့်က ယူကရိန်းထံသို့ Tomahawk ဒုံးကျည် မပံ့ပိုးပေးသည့် သက်ဆိုင်ရာ အကြောင်းပြချက်သည် “လုံးဝမှန်ကန်” ကြောင်း ၎င်းက ထိုနေ့ညပိုင်း အမေရိကန် CNN သတင်းဌာန၏ အင်တာဗျူးအတွင်း ပြောကြားခဲ့သည်။
ထရမ့်နှင့် Mark Rutte တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုနှင့် ၎င်း၏ကုမ္ပဏီခွဲများအား ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ကြောင်း ကြေညာခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ထရမ့်က “(ပိတ်ဆို့အရေးယူဖို့) အချိန်ကျပါပြီ။ ကျွန်တော်တို့ စောင့်လာတာ အတော်ကြာပါပြီ” ၊ ပိတ်ဆို့အရေးယူမှု အစီအမံသည် သိပ်မကြာရှည်ဘဲ ရုရှား-ယူကရိန်း ပဋိပက္ခ ပြေငြိမ်းသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်အနေဖြင့် ဩဂုတ်လအတွင်း အမေရိကန်-ရုရှား အကြီးအကဲများ အလက်စကာပြည်နယ် တွေ့ဆုံဆွေးနွေးမှုပြီးနောက် ရုရှား-ယူကရိန်း ဆွေးနွေးညှိနှိုင်းမှုတွင် လုံးဝတိုးတက်မှုမရှိသည်ကို စိတ်ပျက်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် Fox Business ရုပ်သံလွှင့်ဌာန၏ အင်တာဗျူးကို လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် အမေရိကန်ထံမှ Tomahawk ဒုံးကျည် ရရှိရန် အစဉ်အမြဲ မျှော်လင့်လျက်ရှိသည်။ အမေရိကန်ဘက်က ယူကရိန်းထံသို့ Tomahawk ဒုံးကျည် ပံ့ပိုးပေးမည်ဆိုပါက အခြေအနေ အဆင့်မြင့်တက်လာမှုကို ဆိုးရွားလာစေမည်ဟု ရုရှားက ကြိမ်ဖန်များစွာ သတိပေးခဲ့သည်။ ထရမ့်ကလည်း ယင်းကိစ္စနှင့်စပ်လျဉ်း၍ “ဆုံးဖြတ်ချက်တစ်ခု” ချပြီးပြီဟု ပြောကြားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ယူကရိန်းအား Tomahawk ဒုံးကျည် ပံ့ပိုးပေးရန် ငြင်းပယ်ခဲ့သည်။ (Xinhua)

မြေထဲပင်လယ်တွင် အမေရိကန် ရေတပ်သင်္ဘောမှ Tomahawk ဒုံးကျည် တစ်စင်း ပစ်လွှတ်နေသည်ကို ၂၀၁၇ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – U.S. Navy)
——————
(Chinese Version)
特朗普证实取消“普特会” 称不会将“战斧”操作方法教给他国
新华社华盛顿10月22日电(记者徐剑梅)美国总统特朗普22日证实,他已取消美俄领导人近期会晤计划,原因是目前会晤不会取得成果。他同时表示,不会将“战斧”导弹的操作方法教给他国。
特朗普当天下午在白宫会见北约秘书长吕特时向媒体表示,他取消原定近期在匈牙利同俄罗斯总统普京就乌克兰问题举行会晤的计划,原因是“感觉时机不对”,目前会晤“无法达成目标”,他将同普京“在未来某个时间”举行会晤。
特朗普还表示,学会操作高精度“战斧”远程巡航导弹“需要至少6个月、通常一年的高强度训练”,美军不会把操作方法教给其他国家。
吕特称,他访问白宫是为了和特朗普讨论如何结束俄乌冲突,但目前还没有可以摆在谈判桌上的和平计划。他当晚在接受美国有线电视新闻网采访时称,他和特朗普一致认为需要对俄罗斯经济施加“持续压力”,特朗普有关不向乌克兰提供“战斧”导弹的理由“完全正确”。
特朗普与吕特会谈前,美国财政部宣布对俄最大两家石油公司及其子公司进行制裁。特朗普就此表示,“是(制裁的)时候了,我们等了很久”,希望制裁措施不会持续太久,俄乌冲突能够平息。
美国财长贝森特22日上午在接受福克斯商业新闻台采访时说,特朗普对8月美俄领导人阿拉斯加会晤后俄乌谈判毫无进展感到失望。
乌克兰一直希望从美国获得“战斧”导弹。俄方反复警告,如果美方向乌克兰提供“战斧”导弹,将加剧局势升级。特朗普一度表示已就此事作出了“某种决定”,但之后又拒绝向乌克兰提供“战斧”导弹。(完)
1、8月15日,美国总统特朗普(后右)与俄罗斯总统普京(后左)在美国阿拉斯加州安克雷奇市埃尔门多夫-理查森联合军事基地举行会晤后共同出席联合记者会。新华社记者吴晓凌摄
2、2017年4月7日,美国海军舰船在地中海发射一枚“战斧”导弹。新华社发(美国海军供图)