Latin America
ထရမ့်၏ အသရေဖျက် ပြောဆိုမှုများအပေါ် တရားစွဲဆိုမည်ဟု ကိုလံဘီယာသမ္မတ ဆို

ဘိုဂိုတာ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ သမ္မတ ဂူစတာဗို ပက်ထရိုသည် အောက်တိုဘာ ၂၂ ရက်တွင် ၎င်းအပေါ် အမေရိကန် သမ္မတ ထရမ့်၏ အသစ်တစ်ဖန် စကားဖြင့်တိုက်ခိုက်မှုကို ချေပပြောဆိုကာ ယင်းအား “အသရေဖျက်မှု” ဟုခေါ်ဆိုပြီး ၎င်း၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ဥပဒေလုပ်ထုံးလုပ်နည်းများအရ တရားစွဲဆိုမည်ဟု ပြောကြားခဲ့သည်။
ထရမ့်က အောက်တိုဘာ ၂၂ ရက်တွင် ပက်ထရိုကို “လူဆိုးလူမိုက်” ၊ “မူးယစ်ရာဇာ” ဟူ၍ ပြောခဲ့ပြီး ပက်ထရိုနှင့် ကိုလံဘီယာနိုင်ငံအပေါ် “လွန်စွာပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်တယ်” ဟု ခြိမ်းခြောက်ခဲ့သည်။ ကိုလံဘီယာနိုင်ငံအပေါ် ကူညီမှုအားလုံး ဖြတ်တောက်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ပက်ထရိုက “အမေရိကန်ပြည်တွင်းရှိ အဆင့်မြင့်အရာရှိတွေ ကျွန်တော့်အပေါ် အသရေဖျက် စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အမေရိကန် ရှေ့နေတစ်ဦးကနေတစ်ဆင့် အမေရိကန်တရားစီရင်ရေးစနစ်အတွင်းမှာ ဥပဒေအရ တုံ့ပြန်ချေပသွားမှာဖြစ်တယ်” ဟု ဆိုရှယ်မီဒီယာတွင် တုံ့ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံဆိုင်ရာ ကိုလံဘီယာသံအမတ် Daniel García-Peña က ထရမ့်၏ ခြိမ်းခြောက်မှုသည် “သည်းခံနိုင်စရာမရှိ” ကြောင်း၊ အမေရိကန်၏ စွပ်စွဲချက်မှာ “အခြေအမြစ်လုံးဝမရှိ” ကြောင်း၊ ယင်းမှာ နိုင်ငံ၏ “နှစ် ၂၀၀ ကျော် သမိုင်းကြောင်း ဆက်ဆံရေး” ကို အန္တရာယ်များကြားတွင် ရှိနေစေမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် မီဒီယာများထံ ပြောကြားခဲ့သည်။
တစ်ချိန်က ကိုလံဘီယာနိုင်ငံသည် အမေရိကန်နိုင်ငံက လက်တင်အမေရိကတိုက်ရှိ အစဉ်အလာမဟာမိတ်ဖြစ်ခဲ့သော်လည်း လတ်တလောတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာလာခဲ့သည်။ လတ်တလောတွင် အမေရိကန်သည် “မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး” ကို အကြောင်းပြု၍ ကာရေဘီယံပင်လယ်ပြင်ရှိ သင်္ဘောအများအပြားကို တိုက်ခိုက်ခဲ့ရာ ယင်းအနက် ကိုလံဘီယာမှ သင်္ဘောများလည်း ပါဝင်ခဲ့သည်။ အကူအညီထောက်ပံ့မှုများ ရပ်ဆိုင်းကြောင်း ကြေညာခြင်းအပြင် ထရမ့်က ကိုလံဘီယာအပေါ် စည်းကြပ်ခွန်တိုးမြှင့်ရန်လည်း ခြိမ်းခြောက်ခဲ့သည်။ (Xinhua)
……………..
(Chinese Version)
哥伦比亚总统:将就特朗普“诽谤”言论提起诉讼
新华社波哥大10月22日电(记者李子健)哥伦比亚总统佩特罗22日驳斥美国总统特朗普对他的新一轮言语攻击,称之为“诽谤”,表示将诉诸法律程序捍卫自身名誉。
特朗普22日称佩特罗是“恶棍”,说他是“毒品头子”,并威胁可能对佩特罗及哥伦比亚“采取非常严厉的行动”。他表示已切断对哥伦比亚的所有援助。
佩特罗同日在社交媒体回应说:“针对美国境内高级官员对我提出的诽谤指控,我将通过美国律师在美国司法体系中进行法律辩护。”
哥伦比亚驻美国大使丹尼尔·加西亚-培尼亚22日对媒体说,特朗普的威胁“不可容忍”,美方指控“毫无依据”,正将两国“超过200年的历史性关系”置于危险之中。
哥伦比亚曾是美国在拉丁美洲的传统盟友,但两国关系近来趋紧。美方近期以“打击贩毒”为由在加勒比海域袭击多艘船只,其中包括哥伦比亚船只。除宣布暂停援助,特朗普还威胁对哥加征关税。(完)
图说:6月17日,在哥伦比亚昆迪纳马卡省法卡塔蒂瓦市,哥伦比亚总统佩特罗在项目开工仪式上发表致辞。新华社发(安德烈斯·莫雷诺摄)