Connect with us

Europe

ဥရောပသမဂ္ဂတွင် ယူကရိန်းပါဝင်မှုအား ငြင်းပယ်ကြောင်း ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် ထပ်မံအလေးထားပြောကြား

ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်၌ ကျင်းပသည့် စုဝေးပွဲတစ်ခုတွင် အမှာစကားပြောကြားနေသော ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ဟန်ဂေရီအစိုးရအနေဖြင့် ဥရောပသမဂ္ဂတွင် ယူကရိန်းပါဝင်မှုအား လက်ခံရန် ငြင်းပယ်ကြောင်း ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban က အောက်တိုဘာ ၂၃ ရက်တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ကျင်းပသည့် စုဝေးပွဲတစ်ခု၌ ထပ်မံအလေးထားပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂက ယူကရိန်းအတွက် ပမာဏကြီးမားသော အရင်းအနှီးထည့်ဝင်ခဲ့မှုကိုလည်း ဝေဖန်ပြောကြားခဲ့သည်။

Viktor Orban က ထိုနေ့တွင် ဟန်ဂေရီနိုင်ငံ လွှတ်တော်အဆောက်အဦရှေ့ Kossuth ရင်ပြင်၌ကျင်းပသည့် စုဝေးပွဲတစ်ခုတွင် ယူကရိန်းအနေဖြင့် ဥရောပသမဂ္ဂ၏ မဟာဗျူဟာမိတ်ဖက် ဖြစ်နိုင်ကြောင်း၊ သို့သော် ဟန်ဂေရီအစိုးရအနေဖြင့် ဥရောပသမဂ္ဂတွင် ယူကရိန်း ပါဝင်လာခြင်းကို မမျှော်လင့်ကြောင်း၊ “သူတို့က ကျွန်တော်တို့ စစ်ရေးမဟာမိတ်ရဲ့ အဖွဲ့ဝင် ဖြစ်မလာနိုင်သလို ကျွန်တာ်တို့ စီးပွားရေးမဟာမိတ်ရဲ့ အဖွဲ့ဝင်လည်း ဖြစ်မလာနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

ဟန်ဂေရီအနေဖြင့် ငြိမ်းချမ်းရေးဘက်တွင် ရပ်တည်ကြောင်း Viktor Orban က အလေးထားပြောကြားခဲ့သည်။ ဥရောပသမဂ္ဂက ယူကရိန်းအတွက် ပမာဏကြီးမားသော အရင်းအနှီးထည့်ဝင်မှုကို ၎င်းကဝေဖန်ခဲ့ပြီး ဟန်ဂေရီသည် အင်အားကြီးမား၍ ဂုဏ်သိက္ခာရှိသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ “ကျွန်တော်တို့က ယူကရိန်းအတွက် တိုက်ပွဲဝင်မှာမဟုတ်သလို ယူကရိန်းအတွက် အသေခံမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က ဟန်ဂေရီအတွက်ပဲ မွေးဖွားလာတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
Viktor Orban က တစ်ချိန်တည်းတွင် ၎င်း၏ထောက်ခံအားပေးသူများကို လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ စည်းလုံးညီညွတ်မှု ထိန်းသိမ်းထားရန်လည်း တိုက်တွန်းခဲ့သည်။ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှုရလဒ်က Peter Magyar ဦးဆောင်သည့် လေးစားမှုနှင့် လွတ်လပ်မှုပါတီ (TISZA) တိုးတက်ပေါ်ပေါက်လာမှုကြောင့် လာမည့်နှစ် ဟန်ဂေရီနိုင်ငံ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မှုများ အလွန်ပြင်းထန်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဟန်ဂေရီသည် ဥရောပသမဂ္ဂနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ Viktor Orban သည် အနောက်တိုင်းက ယူကရိန်းအပေါ် စစ်ရေးအကူအညီပေးမှုအပေါ် အစဉ်တစိုက် သံသယရှိသည့် သဘောထား ရှိပြီး တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂ၌ ယူကရိန်းပါဝင်မှုကိုလည်း ထောက်ခံခြင်းမရှိပေ။ (Xinhua)

——————
(Chinese Version)
匈牙利总理重申拒绝乌克兰加入欧盟
新华社布达佩斯10月23日电(记者陈浩 黄富慧)匈牙利总理欧尔班23日在布达佩斯举行的一场集会上重申匈牙利政府拒绝接受乌克兰加入欧盟,同时批评欧盟为乌克兰投入巨额资金。
当天,欧尔班在匈牙利国会大厦前科苏特广场举行的集会上说,乌克兰可以成为欧盟的战略伙伴,但匈牙利政府不希望乌克兰加入欧盟。“他们既不能成为我们军事联盟的成员,也不能成为我们经济联盟的成员。”
欧尔班强调,匈牙利站在和平的一边。他批评欧盟为乌克兰投入巨额资金,并表示匈牙利是一个强大、有尊严的主权国家,“我们不会为乌克兰而战,不会为乌克兰而死,我们只会为匈牙利而生”。
欧尔班同时敦促其支持者在明年大选前保持团结。民意调查结果显示,由于毛焦尔·彼得领导的尊重与自由党的兴起,明年匈牙利大选的竞争将相当激烈。
匈牙利是欧盟和北约成员国。欧尔班始终对西方军援乌克兰持质疑态度,同时不支持乌克兰加入欧盟。(完)
图说:10月23日,匈牙利总理欧尔班在首都布达佩斯举行的一场集会上讲话。新华社发(弗尔季·奥蒂洛摄)