Asia
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန် ပယ်ဖျက်
ဘန်ကောက်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် က ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံသွားသဖြင့် ထိုင်းနိုင်ငံတစ်ဝန်း ဝမ်းနည်းကြေကွဲခြင်းကာလသို့ ဝင်ရောက်သွားကြောင်း၊ ၎င်းကိုယ်တိုင်အနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်၍ (၃၂) ကြိမ်မြောက် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန် စီစဉ်ထားမှုကိုလည်း ပယ်ဖျက်လိုက်ကြောင်း အောက်တိုဘာ ၂၅ ရက် အစိုးရအဖွဲ့အစည်းအဝေး ပြီးနောက် မီဒီယာများအား ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က တော်ဝင်ဈာပနအခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ပြည်တွင်းတွင်နေ၍ ဈာပနဆိုင်ရာ လုပ်ငန်းများကို ကြီးမှူးစီမံရန် လိုအပ်သောကြောင့် မူလက အောက်တိုဘာ ၂၅ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည့် နိုင်ငံတော်ခရီးစဉ်အား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အနူတင် ချန်ဗီရာကူးလ် ကပြောကြားခဲ့သည်။
၎င်းအနေဖြင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံသို့ သွားရောက်၍ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းညွှန်ချက်နှင့် စပ်လျဉ်း၍ ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးသည့် အခမ်းအနား တက်ရောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း၊ အာဆီယံထိပ်သီးအစည်းအဝေး၏ အခြားဆက်စပ်အစည်းအဝေးနှင့် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow မှ ကိုယ်စား တက်ရောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အနူတင် ချန်ဗီရာကူးလ်က အောက်တိုဘာ ၂၅ ရက်တွင် ထိုနေ့မှစ၍ နိုင်ငံတစ်ဝန်း ဝမ်းနည်းကြေကွဲခြင်းကာလ ဝင်ရောက်ကြောင်း၊ အစိုးရဌာန၊ အစိုးရပိုင်လုပ်ငန်းအဖွဲ့အစည်း၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် အမျိုးသားအဖွဲ့အစည်းများတွင် ရက်ပေါင်း ၃၀ အလံတိုင်တစ်ဝက် လွှင့်ထူထားရန်၊ အစိုးရအရာရှိနှင့် အစိုးရဝန်ထမ်းများက ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် တစ်နှစ်ကြာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ရန်၊ သာမန်ပြည်သူများအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း မိမိ၏အခြေအနေအရ ဝမ်းနည်းကြေကွဲခြင်း သတ်မှတ်ချက်များကို လိုက်နာရန် အကြံပြုကြောင်း ကြေညာခဲ့သည်။ နယ်ပယ်အသီးသီးက ရက်ပေါင်း ၃၀ အတွင်း စတိတ်ရှိုး စသည့် ဖျော်ဖြေရေးလှုပ်ရှားမှုများ ကျင်းပခြင်းကို ရပ်ဆိုင်းရန် သို့မဟုတ် လျှော့ချရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း ဘုရင့်အထိမ်းအမှတ်ဆေးရုံတွင် ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြောင်းဂါရဝပြုနေသူများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
泰国总理取消出席APEC领导人非正式会议
新华社曼谷10月25日电(记者常天童 陈倩慈)泰国总理阿努廷25日结束内阁会议后对媒体表示,因王太后诗丽吉逝世,泰全国进入哀悼期。他本人取消赴韩国出席亚太经合组织(APEC)第三十二次领导人非正式会议的安排。
泰国总理府发布的公告显示,由总理担任国丧筹备委员会主席。阿努廷说,由于需留在国内主持治丧事宜,原定25日对马来西亚进行的正式访问也已取消。他将于26日早赴马来西亚参加关于泰国与柬埔寨和平方针联合声明的签署仪式,随即返回泰国。东盟峰会的其他会议以及APEC领导人非正式会议将由外交部长西哈萨·蓬集格代为出席。
阿努廷25日还宣布,全国即日起进入哀悼期。各政府机关、国有企业、医院、学校及国家机构降半旗30天;政府官员及公务人员需着黑服哀悼1年;一般民众建议在90天内根据自身情况遵守哀悼规定。他呼吁各界在30天内暂停或减少举办演唱会等娱乐活动。(完)
图说:9月7日,在泰国首都曼谷,新任泰国总理阿努廷·参威拉军出席记者会。新华社发(拉亨摄)
图说2:10月25日,人们在泰国曼谷朱拉隆功国王纪念医院悼念诗丽吉王太后。新华社发(拉亨摄)
