Connect with us

International Organizations

၅ ကြိမ်မြောက် တရုတ်-စင်ကာပူ နိုင်ငံတကာ ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးညီလာခံကို စင်ကာပူနိုင်ငံတွင် ကျင်းပ

စင်ကာပူနိုင်ငံတွင် ကျင်းပသော ၅ ကြိမ်မြောက် တရုတ်-စင်ကာပူ နိုင်ငံတကာ ကုန်သွယ်ရေး အငြင်းပွားမှု ဖြေရှင်းရေးညီလာခံတွင် တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ ရန့်ဟုန်ပင်း (ဝဲ၊ ပဉ္စမမြောက်) အား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
၅ ကြိမ်မြောက် တရုတ်-စင်ကာပူ နိုင်ငံတကာ ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးညီလာခံကို စင်ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၄ ရက်က ကျင်းပခဲ့ရာ အဆိုပါညီလာခံသို့ နှစ်နိုင်ငံမှ အစိုးရဌာနများ၊ ကုန်သည်ကြီးများအသင်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဥပဒေပညာရှင်များ စသည့် လူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) ဥက္ကဋ္ဌ ရန့်ဟုန်ပင်းက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် တရုတ်-စင်ကာပူ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၃၅ ကြာကာလအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာ လမ်းညွှန်မှုဖြင့် တရုတ်-စင်ကာပူ အစဉ်အလာ ချစ်ကြည်ရေး စဉ်ဆက်မပြတ် နက်ရှိုင်းလာကြောင်း၊ တရုတ်-စင်ကာပူ နိုင်ငံတကာ ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးညီလာခံသည် နှစ်နိုင်ငံ၏ ဘက်စုံထောင့်စုံ အရည်အသွေးမြင့် ရှေ့သို့မျှော်မှန်းသည့် မိတ်ဖက်ဆက်ဆံရေး၏ အသေးစိတ်လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ခြင်းဖြစ်သလို နှစ်နိုင်ငံ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တည်ငြိမ်စေသော လက်တွေ့အစီအမံများကို တွန်းအားပေးဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီအနေဖြင့် စင်ကာပူဘက်နှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေခြင်း၊ ဒစ်ဂျစ်တယ်ဉာဏ်ရည်တုဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကို အလေးထားခြင်း၊ တရားဥပဒေစိုးမိုးရေး စီမံခန့်ခွဲမှု အားကောင်းစေခြင်းတို့ဖြင့် နိုင်ငံတကာ ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးကဏ္ဍ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ညီလာခံကာလအတွင်း တရုတ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီနှင့် စင်ကာပူ ဥပဒေရေးရာဝန်ကြီးဌာနတို့သည် “နိုင်ငံတကာ ကုန်သွယ်ရေးအငြင်းပွားမှု ကြိုတင်ကာကွယ်ခြင်းနှင့် ဖြေရှင်းခြင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်” ကို အတူတကွ လက်မှတ်ရေးထိုးခဲ့ကြသည်။ တရုတ်-စင်ကာပူ ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို ခိုင်မာစေရန်၊ အရည်အသွေးမြင့် ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းဖလှယ်ရေးပလက်ဖောင်းတစ်ရပ် တည်ဆောက်ရေး သဘောတူညီမှုရရှိရန်၊ လုပ်ဆောင်ချက်နည်းလမ်းအစီအစဉ်ကို ပံ့ပိုးပေးရန်နှင့်စပ်လျဉ်း၍ နိုင်ငံတကာ ကုန်သွယ်ရေးအငြင်းပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေးအဖွဲ့၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ခုံသမာဓိကော်မရှင်၊ တရုတ်နိုင်ငံ ရေကြောင်းဆိုင်ရာ ခုံသမာဓိကော်မရှင်၊ တရုတ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ၏ စီးပွားရေးဥပဒေ ဝန်ဆောင်မှုစင်တာနှင့် စင်ကာပူ နိုင်ငံတကာ ခုံသမာဓိစင်တာ၊ စင်ကာပူ နိုင်ငံတကာ ညှိနှိုင်းဖြန်ဖြေရေးစင်တာ၊ စင်ကာပူ ရေကြောင်းဆိုင်ရာ ခုံသမာဓိရုံး၊ စင်ကာပူ နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေးအကယ်ဒမီတို့နှင့် ပူးတွဲ၍ “‘နိုင်ငံတကာ ကုန်သွယ်ရေးအငြင်းပွားမှု ကြိုတင်ကာကွယ်ခြင်းနှင့် ဖြေရှင်းခြင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်’ နှင့် စပ်လျဉ်း၍ တုံ့ပြန်ကြေညာချက် စာတမ်း” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
၅ ကြိမ်မြောက် တရုတ်-စင်ကာပူ နိုင်ငံတကာ ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးညီလာခံကို တရုတ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ၊ စင်ကာပူ ဥပဒေရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတကာ ကုန်သွယ်ရေးအငြင်းပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေးအဖွဲ့တို့မှ အတူတကွ ကြီးမှူးကျင်းပခဲ့ပြီး ညီလာခံတက်ရောက်လာသည့် ဧည့်သည်တော်များက အငြင်းပွားမှုဖြေရှင်းရေး၏ ထိရောက်မှုမြှင့်တင်ရေးနှင့် လုပ်ထုံးလုပ်နည်းဆန်းသစ်တီထွင်ရေး၊ ဉာဏ်ရည်တုသည် အငြင်းပွားမှုဖြေရှင်းရေးတွင် အငြင်းပွားမှုအသစ်ဖြစ်လာနိုင်မည်လောဆိုသည့်အချက်၊ အငြင်းပွားမှု ဖြေရှင်းရေးတွင် ကျင့်ဝတ်ဆိုင်ရာကိစ္စရပ်များ စသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ (Xinhua)


…………………..
(Chinese Version)
第五届中国-新加坡国际商事争议解决论坛在新加坡举行
新华社新加坡10月24日电(记者舒畅)第五届中国-新加坡国际商事争议解决论坛24日在新加坡举行,两国政府部门、商协会、贸促机构、工商界人士及法学专家等500多人参加论坛。
中国贸促会会长任鸿斌出席开幕式并致辞指出,中新建交35年来,在两国领导人战略引领下,中新传统友谊不断深化。中国-新加坡国际商事争议解决论坛既是践行两国全方位高质量的前瞻性伙伴关系的具体行动,也是推动两国经贸合作行稳致远的务实举措。中国贸促会愿与新方一道深化协同合作、注重数智赋能、加强法治治理,推动国际商事争议解决高质量发展。
论坛期间,中国贸促会和新加坡律政部共同签署《关于促进国际商事争议预防与解决合作的联合声明》,国际商事争端预防与解决组织、中国国际经济贸易仲裁委员会、中国海事仲裁委员会、中国贸促会商事法律服务中心与新加坡国际仲裁中心、新加坡国际调解中心、新加坡海事仲裁院、新加坡国际争议解决学院联合签署《关于对〈关于促进国际商事争议预防与解决合作的联合声明〉的响应文件》,就夯实中新商事争议解决合作基础、搭建高质量商事争议解决交流平台达成共识、提供方案。
第五届中国-新加坡国际商事争议解决论坛由中国贸促会、新加坡律政部和国际商事争端预防与解决组织共同主办,与会嘉宾围绕争议解决的效率提升与程序创新、人工智能是否会成为争议解决中的新争议、争议解决中的伦理问题等展开研讨。(完)
图说:10月24日,中国国际贸易促进委员会会长任鸿斌(左五)出席在新加坡举行的第五届中国-新加坡国际商事争议解决论坛。新华社发 (邓智炜摄)