Connect with us

Europe

ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် မြှင့်တင်သင့်သည်ဟု ဗြိတိန်စီးပွားရေးပညာရှင် ဆို

ဗြိတိန်နိုင်ငံ Felixstowe ဆိပ်ကမ်းတွင် “တရုတ်-ဥရောပ အာတိတ် အမြန်ရေကြောင်းလမ်းကို Felixstowe ဆိပ်ကမ်းမှ ကြိုဆိုပါတယ်” ဟူသော စာသားရေးသားထားသော ကွန်တိန်နာကို အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က ပြည်တွင်းမီဒီယာတွင် ထုတ်ဝေခဲ့သော ဗြိတိန်စီးပွားရေးပညာရှင် Gerard Lyons က ၎င်းအမည်ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်၌ ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် မြှင့်တင်သင့်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု စသည့် ကဏ္ဍများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေသင့်ကြောင်း၊ ခိုင်မာတည်ငြိမ်သော နှစ်နိုင်ငံ ကုန်သွယ်စီးပွား ဆက်ဆံရေးကို ထူထောင်သင့်ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုဖြစ်သလို လွန်ခဲ့သော ၂၅ နှစ်တစ်လျှောက်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အဓိက ပံ့ပိုးကူညီပေးသူလည်းဖြစ်ကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေးသည် စည်းကြပ်ခွန်မူဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၏ ခြိမ်းခြောက်မှုများခံရခြင်း၊ ကမ္ဘာလုံးဆိုင်ရာ မူဝါဒများ ကြိုတင်မခန့်မှန်းနိုင်ခြင်းနှင့် ပထဝီနိုင်ငံရေး တင်းမာမှုအခြေအနေ ပိုမိုဆိုးရွာလာသည့် အခြေအနေတွင် ဗြိတိန်နိုင်ငံသည် တရုတ်နိုင်ငံ စသည့် အခြားသောနိုင်ငံများနှင့် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အရေးတကြီး လိုအပ်ကြောင်း Lyons က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ အောင်မြင်မှုများမှာ အံ့မခန်းဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ထိုးဖောက်သည့်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအများအပြား၏ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဖြစ်လာခဲ့ကြောင်း၊ ဗြိတိန်-တရုတ်နှစ်နိုင်ငံသည် အစိမ်းရောင် ဘဏ္ဍာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေနိုင်ကြောင်း ၎င်းက ယူဆသည်။
တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံ၏ ပဉ္စမအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ရာ နှစ်နိုင်ငံသည် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပိုမိုကြီးမားသော ပူးပေါင်းဆောင်ရွက်မှုအလားအလာများရှိနေသေးကြောင်း၊ ယခုနှစ်တွင် နှစ်နိုင်ငံသည် နှစ်ဆန်းပိုင်းတွင် ပေကျင်းမြို့၌ ကျင်းပသော ၁၁ ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲနှင့် တရုတ်-ဗြိတိန် ကုန်သွယ်စီးပွားပူးတွဲကော်မတီ၏ နွေရာသီတွင် ကျင်းပခဲ့သော ၇ နှစ်ကြာပြီးနောက် ပထမဆုံးအကြိမ် အစည်းအဝေးများအပါအဝင် အပြန်အလှန်ချိတ်ဆက်မှုများကို မြှင့်တင်ပေးသော အခမ်းအနားများစွာ ကျင်းပခဲ့ကြောင်း၊ စက်တင်ဘာ ၉ ရက်တွင် ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ဗြိတိန်နိုင်ငံသည် ကုမ္ပဏီ ၁၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံ ရှမန်မြို့တွင် ကျင်းပသော ၂၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် စေလွှတ်ခဲ့ကြောင်း Lyons က ပြောကြားခဲ့သည်။
ဗြိတိန်-တရုတ် စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် စဉ်ဆက်မပြတ် အားကောင်းစေရန် လိုအပ်ပြီး ဗြိတိန်အစိုးရ၏ သက်ဆိုင်ရာ မူဝါဒများသည် စဉ်ဆက်မပြတ်ရှိနေသင့်ကြောင်း၊ ဗြိတိန်သည် ကမ္ဘာ့အဓိကစီးပွားရေးအုပ်စုမှ ခွဲခြားမနေသင့်ဘဲ ဘဏ္ဍာရေးနှင့် ကျွမ်းကျင်သည့်ဝန်ဆောင်မှု၊ အဆင့်မြင့်ထုတ်လုပ်ရေး၊ ဇီဝသိပ္ပံပညာ၊ သန့်ရှင်းစွမ်းအင်နှင့် ဖန်တီးမှုဆိုင်ရာ ထုတ်လုပ်ရေးလုပ်ငန်းများစသည့် ကဏ္ဍများတွင် ပင်ကို အားသာချက်များကို အသုံးချ၍ ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များ ရှာဖွေသင့်ကြောင်း Lyons က ယူဆသည်။ (Xinhua)
……………………….
(Chinese Version)
全球瞭望|英国经济学家:英国应持续加强对华经贸合作
新华社伦敦10月25日电(记者赵阳)英国经济学家杰拉德·莱昂斯日前在当地媒体发表署名文章表示,英国应与中国不断加强经贸合作,在贸易、投资、金融及绿色发展等领域与中国深化合作,建立牢固稳定的双边经贸关系。
莱昂斯说,中国是世界第二大经济体,在过去25年一直是全球经济增长的主要贡献者。在自由贸易受关税政策和保护主义威胁、全球政策不可预测性及地缘政治紧张局势加剧的背景下,英国迫切需要与中国等其他国家加强经贸合作。
他认为,中国在绿色发展方面的成就令人瞩目,在可再生能源领域取得突破。同时,中国已成为众多全球南方国家的发展伙伴。英中两国在绿色金融等领域可以深化合作。
莱昂斯说,中国是英国第五大贸易伙伴,两国在货物与服务贸易及投资方面仍有较大合作空间。今年,双方举行了一系列活动促进互联互通,包括年初在北京举行的第十一次中英经济财金对话,以及中英经贸联委会在夏季举行的七年来的首次会议。9月,英国作为主宾国,派出100多家企业组成的代表团,参加了在厦门举办的第二十五届中国国际投资贸易洽谈会。
莱昂斯认为,英中经贸合作需要持续加强,英国政府的相关政策应当具有连贯性。英国不能孤立于世界主要经济体之外,应利用自身在金融与专业服务、高端制造、生命科学、清洁能源以及创意产业等方面的优势,寻求更多合作机遇。(完)
图说:这是10月13日在英国费利克斯托港拍摄的印有“费利克斯托港欢迎中欧北极快航”字样的集装箱。新华社记者 李颖 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.