Connect with us

Asia

အိန္ဒိယနှင့် တရုတ် တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲ

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ ပိုင်ယွင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပျံသန်းနေသော လေယာဉ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ IndiGo လေကြောင်းကုမ္ပဏီသည် အောက်တိုဘာ ၂၆ ရက် ညပိုင်းမှစ၍ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဥ်အား ပြန်လည်ပြေးဆွဲခဲ့ရာ ယင်းသည် ၂၀၂၀ ပြည့်နှစ်ပြီးနောက် အိန္ဒိယနှင့် တရုတ်နိုင်ငံ ပြည်မကြီးအကြား ပထမဆုံးအကြိမ် တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမှု ဖြစ်ပေသည်။
ထိုနေ့တွင် ကာလကတ္တားမြို့မှ ကွမ်ကျိုးမြို့ ခရီးစဉ်အား ပြေးဆွဲသည့် IndiGo လေကြောင်းလိုင်း၏ လေယာဉ်အမျိုးအစားမှာ Airbus A320neo ဖြစ်ပြီး ခရီးသည်ပေါင်း ၁၇၆ ဦး တင်ဆောင်ခဲ့ကြောင်း၊ အိန္ဒိယဘက်က လာမည့်လအနည်းငယ်အတွင်း နယူးဒေလီနှင့် ရှန်ဟိုင်း သို့မဟုတ် ကွမ်ကျိုးအကြား ခရီးစဉ်များအား ပြန်လည်ပြေးဆွဲသွားရန် အစီအစဉ်ရှိကြောင်း အိန္ဒိယမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
IndiGo လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် Pieter Elbers က တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲခြင်းသည် နှစ်နိုင်ငံအကြား လူပုဂ္ဂိုလ်၊ ကုန်ပစ္စည်း စသည်တို့ အဆင်ပြေချောမွေ့စွာ သွားလာစီးဆင်းမှုကို အထောက်အကူပြုပြီး နှစ်နိုင်ငံက ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး၊ စီးပွားရေးတိုးတက်မှု အမြန်ဆုံး နိုင်ငံများအနေဖြင့် နိုင်ငံအကြားဆက်ဆံရေးကို တစ်ဆင့်တိုးမြှင့်တင်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ စသည့် အကြောင်းရင်းများ သက်ရောက်မှုကြောင့် အိန္ဒိယနှင့် တရုတ်ပြည်မကြီး တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲမှုသည် ၂၀၂၀ ပြည့်နှစ်မှစ၍ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ (Xinhua)

—————–
(Chinese Version)
印中恢复直航航班
新华社新德里10月27日电 印度靛蓝航空公司26日晚恢复从印度加尔各答直飞中国广州的航班,这是自2020年以来印度与中国内地首次恢复直航。
据印度媒体报道,当天靛蓝航空执飞加尔各答至广州航线的航班机型为空客A320neo,载有176名乘客。印方还计划在未来数月内陆续恢复新德里与上海或广州之间的航班。
印度靛蓝航空首席执行官彼得·埃尔贝斯表示,恢复直航有助于实现两国间人员、货物等顺畅流动,进一步加强两国作为全球人口最多、经济增长最快国家之间的联系。
受新冠疫情等因素影响,印度与中国内地直航自2020年起暂停。(完)
图说:9月19日,“活力湾区号”从广州白云国际机场起飞。新华社发