Asia
၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး ကျင်းပပြီးစီး
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်တွင် မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၌ ကျင်းပပြီးစီးခဲ့သည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် အစည်းအဝေး ပိတ်ပွဲအခမ်းအနား၌ အာဆီယံ၏ ဗဟိုအနေအထားကို ထပ်မံအလေးထား ပြောကြားခဲ့ပြီး အာဆီယံ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆင်ခြင်တုံတရားဖြင့် ဦးဆောင်လမ်းညွှန်ရမည်ဖြစ်ကာ နိုင်ငံများက တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခြင်းသည် စိတ်ချမ်းမြေ့ဖွယ်ရာဖြစ်စေကြောင်း ထောက်ပြပြောကြားခဲ့သည်။
ထို့နောက် အန်ဝါ အီဘရာဟင်က အလှည့်ကျဥက္ကဋ္ဌနိုင်ငံ သစ်သားတူအား ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်နိုင်ငံ သမ္မတ မားကို့စ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည်။ အရှေ့တီမောနိုင်ငံသည် အောက်တိုဘာ ၂၆ ရက်တွင် အာဆီယံနိုင်ငံအသီးသီး အကြီးအကဲများ၏ အတူသက်သေထူမှုဖြင့် အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြီး ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်တွင် တစ်ကြိမ်စီကျင်းပခြင်းဖြစ်သည်။ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ယခုနှစ် မေလတွင် ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။
အာဆီယံကို ၁၉၆၇ ခုနှစ်၌ စတင်ထူထောင်ခဲ့ပြီး လက်ရှိအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် အရှေ့တီမော စသည့် ၁၁ နိုင်ငံရှိပေသည်။ (Xinhua)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (ဝဲဘက်) က အလှည့်ကျဥက္ကဋ္ဌနိုင်ငံ သစ်သားတူအား ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ၊ ဖိလစ်နိုင်ငံ သမ္မတ မားကို့စ်ထံ လွှဲပြောင်းပေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
第47届东盟峰会及系列会议闭幕
新华社吉隆坡10月28日电(记者张怡晟 汤沛沛)第47届东盟峰会及系列会议28日在马来西亚首都吉隆坡闭幕。
东盟轮值主席国马来西亚总理安瓦尔在闭幕式上再次强调东盟中心地位,指出东盟持久发展必须以理性为引导,各国展开对话令人欣慰。安瓦尔随后将轮值主席国木槌移交给2026年东盟轮值主席国菲律宾总统马科斯。
第47届东盟峰会及系列会议于10月26日至28日举行。26日,东帝汶在东盟各国领导人的共同见证下正式成为东盟第11个成员国。
东盟峰会一般每年召开两次,上半年和下半年各举行一次。第46届东盟峰会于今年5月在吉隆坡举办。
东盟成立于1967年,现成员国包括印度尼西亚、泰国、新加坡、菲律宾、文莱、马来西亚、越南、老挝、柬埔寨、缅甸和东帝汶11国。(完)
图说1:这是10月28日在马来西亚吉隆坡拍摄的第47届东盟峰会及系列会议闭幕式现场。新华社记者 程一恒 摄
图说2:10月28日,在马来西亚吉隆坡举行的第47届东盟峰会及系列会议闭幕式上,马来西亚总理安瓦尔(左)将轮值主席国木槌移交给2026年东盟轮值主席国菲律宾总统马科斯。新华社记者 程一恒 摄
