North America
ဝက်ကျောက်ကပ် အစားထိုးကုသမှုခံယူထားသော အမေရိကန် အမျိုးသား ကျောက်ကပ်လုပ်ဆောင်မှု ၉ လနီးပါးကြာ ခံနိုင်ရည်ရှိမှုဖြင့် စံချိန်သစ်တင်ခဲ့
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန် အမျိုးသားတစ်ဦးသည် ဗီဇပြုပြင်ထားသော ဝက်ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးနောက် ၉ လနီးပါးအကြာတွင် ဝက်ကျောက်ကပ်၏ လုပ်ဆောင်ချက်များ ပျက်စီးသွားသဖြင့် ယင်းကျောက်ကပ်ကို ပြန်လည်ဖြုတ်ယူပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း ကုသမှုကို ပြန်လည်ခံယူနေရကြောင်း အမေရိကန်မီဒီယာများ၏ အောက်တိုဘာ ၂၇ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါ ဝက်ကျောက်ကပ်သည် လူ့ခန္ဓာကိုယ်အတွင်း၌ ၉ လနီးပါးကြာအောင် လုပ်ဆောင်ချက်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး အလားတူစမ်းသပ်မှုများတွင် အစားထိုးသော ဝက်ကျောက်ကပ် ရှင်သန်မှုကာလ စံချိန်သစ်တင်ခဲ့ရာ မျိုးစိတ်မတူသော ကိုယ်တွင်းအင်္ဂါ အစားထိုးမှုဆိုင်ရာ သုတေသနပြုလုပ်မှုအတွက် အရေးကြီးမှီငြမ်းမှု ပံ့ပိုးပေးလိုက်ကြောင်း သိပ္ပံသုတေသနဝန်ထမ်းများက ဆိုသည်။
ယခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် အမေရိကန် မက်ဆာချူးဆက် အထွေထွေဆေးရုံကြီး ဘရေဂမ် ဆေးကုသရေးစင်တာမှ ခွဲစိတ်ကုသရေး ဆရာဝန်များက နယူးဟမ်ရှိုင်းယားပြည်နယ်မှ အသက် ၆၇ နှစ်အရွယ် တင်မ် အန်ဒရူးအတွက် ဗီဇပြုပြင်ထားသော ဝက်ကျောက်ကပ်တစ်လုံးအား အစားထိုးပေးခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
ခွဲစိတ်ကုသမှုတွင် အသုံးပြုသည့် ဝက်ကျောက်ကပ်သည် ဗီဇပြုပြင်မှု ၆၉ နေရာ ပြုလုပ်ထားပြီး ၎င်းအနက် လူခန္ဓာကိုယ်မှ လက်မခံနိုင်မှုတုံ့ပြန်ချက် ဖြစ်စေနိုင်သည့် ဗီဇများ ဖယ်ရှားခြင်း၊ တိရစ္ဆာန် ကိုယ်တွင်းအင်္ဂါနှင့် လူ့ခန္ဓာကိုယ် လက်ခံနိုင်စွမ်းအား မြှင့်တင်ရန် လူသားဗီဇအချို့ ထည့်သွင်းခြင်းတို့ ပါဝင်ရာ တစ်ချိန်တည်းတွင် မျိုးစိတ်မတူသည့် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသခြင်း၏ အန္တရာယ်ကိုလည်း လျှော့ချပေးလိုက်သည်။
အန်ဒရူးသည် မျိုးစိတ်မတူသည့် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုခံယူပြီးနောက် ကျောက်ကပ် သွေးသန့်စင်ခြင်း ကုသမှုမှ ယာယီကင်းလွတ်သွားခဲ့ပြီး ဗီဇပြုပြင်ထားသော ဝက်ကျောက်ကပ်က လူ့ခန္ဓာကိုယ်အတွင်း၌ ရှင်သန်မှု ကြာချိန်အကြာဆုံး စံချိန်တင်နိုင်ခဲ့သည်။
ဗီဇပြုပြင်မှုနှင့် အားကောင်းသော ခုခံအားတားဆီးမှု နည်းလမ်းများ အသုံးပြုထားသော်ငြားလည်း ၎င်း၏ခန္ဓာကိုယ်အတွင်း၌ အစားထိုးသော ကိုယ်တွင်းအင်္ဂါအား လက်မခံနိုင်သည့် တုံ့ပြန်မှုများ ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် ဆရာဝန်က ခွဲစိတ်၍ ဝက်ကျောက်ကပ်ကို ပြန်ဖြုတ်ပေးခဲ့ကြောင်း ဆေးရုံဘက် အဆိုအရ သိရသည်။ အန်ဒရူးက ခန္ဓာကိုယ်မှ လက်မခံနိုင်သည့် တုံ့ပြန်ချက်နှင့် ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများကြောင့် ၎င်း၏ ခန္ဓာကိုယ်သည် မခံမရပ်နိုင်အောင် ခံစားရသည်ဟု ဆိုခဲ့သည်။
အဆိုပါစမ်းသပ်ချက်သည် မျိုးစိတ်မတူသော ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုဆိုင်ရာ သုတေသနပြုလုပ်မှုအတွက် အဖိုးတန်သော အတွေ့အကြုံများ စုစည်းပေးလိုက်သည်ဟု သုတေသီများက ထောက်ပြ ပြောကြားခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် အမေရိကန် ဆေးကုသရေးအဖွဲ့သည် ဗီဇပြုပြင်ထားသည့် ဝက်နှလုံး၊ အဆုတ်နှင့် အသည်းတို့အား လူ့ခန္ဓာကိုယ်အတွင်း အစားထိုးရန် စမ်းသပ်ခဲ့သော်လည်း အဆိုပါကိုယ်တွင်းအင်္ဂါများက လူ့ခန္ဓာကိုယ်အတွင်း၌ ရှင်သန်သည့်ကြာချိန်သည် လအနည်းငယ်ထက် မကျော်လွန်ခဲ့ပေ။ အနာဂတ်တွင် မျိုးစိတ်မတူသော ကိုယ်တွင်းအင်္ဂါ အစားထိုးမှုနည်းပညာသည် အစားထိုးကုသမည့် ကိုယ်တွင်းအင်္ဂါရှားပါးမှု ပြဿနာအား ဖြေရှင်းပေးနိုင်ရန် သုတေသီများက မျှော်လင့်လျက်ရှိသည်။
ဝက်၏ ကိုယ်တွင်းအင်္ဂါတစ်ရှူး ဖွဲ့စည်းပုံ၊ ဇီဝကမ္မလုပ်ဆောင်ချက်များသည် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများနှင့် နီးစပ်သဖြင့် မျိုးစိတ်မတူသော ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုတွင် ကောင်းမွန်သော ပံ့ပိုးသူအဖြစ် ရှုမြင်ခံရသော်လည်း အန္တရာယ်နှင့် နည်းပညာ အခက်အခဲများစွာ ရှိနေဆဲဖြစ်ပေသည်။ (Xinhua)
——————
(Chinese Version)
美国男子接受猪肾脏移植近9个月 创下新纪录
新华社洛杉矶10月27日电(记者谭晶晶)据美国媒体27日报道,美国一名男子在接受基因编辑猪肾脏移植近9个月后,由于猪肾脏功能衰竭被摘除,重新开始透析治疗。科研人员表示,该猪肾脏在人体内维持功能近9个月,创下同类试验中移植猪肾脏存活时长的新纪录,为异种器官移植研究提供重要参考。
据报道,今年1月25日,美国麻省总医院布里格姆医疗中心的外科医生为来自新罕布什尔州的67岁患者蒂姆·安德鲁斯移植了一颗经基因编辑的猪肾脏。手术使用的猪肾脏经过了69处基因编辑,其中包括“敲除”会引起人体排异反应的基因,添加一些人类基因以提高动物器官与人体的兼容性,同时降低跨物种移植风险。
安德鲁斯在移植手术后暂时摆脱透析治疗,创造了基因编辑猪肾脏在人体内存活的最长纪录。尽管采用了基因编辑与强效免疫抑制方案,他体内仍发生移植器官排异反应。据院方介绍,本月23日晚,医生为其实施手术摘除猪肾脏。安德鲁斯表示,排异反应和药物副作用让他的身体难以承受。
研究人员指出,这一试验为异种器官移植研究积累了宝贵经验。
近年来,美国医疗团队也尝试将经基因编辑猪心、肺和肝移植到人体,但这些器官在人体内的存活时间均未超过数月。研究人员希望,未来异种器官移植技术有望缓解移植器官短缺问题。
猪的器官组织结构、生理功能等与人体器官相近,被视为异种器官移植的理想供体候选者,但仍存在多种风险和技术难题。(完)
图说:2019年10月13日,美国洛杉矶农夫市场“秋季嘉年华”举行小猪赛跑活动。新华社记者李颖摄
