Asia
ဂျပန်ပြည်သူလူထုက ဂျပန်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆွေးနွေးမှုကို နေ့စဉ်ရက်ဆက် ဆန္ဒပြခဲ့ကြ
တိုကျို၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့သည် အောက်တိုဘာ ၂၈ ရက်တွင် တိုကျို၌ ပထမဆုံးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ နေ့စဉ်ရက်ဆက်ပင် ဂျပန်ပြည်သူလူထုသည် ဆန္ဒပြ လူထုစုဝေးပွဲများနှင့် လမ်းလျှောက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး ထရမ့်၏ ဂျပန်ခရီးစဉ်အပေါ် ပြင်းထန်စွာ ကျေနပ်မှုမရှိခြင်းကို ဖော်ပြကာ စစ်လက်နက် ပြင်ဆင်မှုတိုးချဲ့ခြင်းနှင့် စည်းကြပ်ခွန် လက်နက်အသွင်ပြောင်းမှု လုပ်ရပ်များကို ကန့်ကွက်ခဲ့ကြသလို ဂျပန်-အမေရိကန် စစ်ရေးမဟာမိတ်အဖွဲ့ အားကောင်းလာခြင်းက ဒေသတွင်း တည်ငြိမ်မှုအား ဖျက်ဆီးခြင်းကို ဆန့်ကျင်ခဲ့ကြသည်။
အောက်တိုဘာ ၂၈ ရက်တွင် ဂျပန်နိုင်ငံ ဒေသအသီးသီးမှ ဒါဇင်နှင့်ချီရှိသော ဆန္ဒပြသူများသည် ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် “ဂျပန်-အမေရိကန် လုံခြုံရေးမဟာမိတ်အဖွဲ့ကို ဆန့်ကျင်သည်” ဟူသော စာတန်းများ ကိုင်ဆောင်ထားပြီး “ဂျပန်-အမေရိကန် အကြီးအကဲ တွေ့ဆုံဆွေးနွေးမှုကို ဆန့်ကျင်သည်” ၊ “ထရမ့်ကို မကြိုဆိုပါ” ဟူ၍ ရေးထားသော စာတန်းဘုတ်များ ကိုင်ဆောင်ထားခဲ့ကြကာ “စစ်ပွဲဆွေးနွေးပွဲများကို ဆန့်ကျင်သည်”၊ “ထရမ့်၏ ဂျပန်ခရီးစဉ်ကို ဆန့်ကျင်သည်” စသည့် ဆောင်ပုဒ်များ သံပြိုင်ကြွေးကြော်ခဲ့ကြပြီးရာ ရဲများက လူစုခွဲခဲ့သည်။ နှစ်ဖက်သည် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့ပြီး အခြေအနေ ရှုပ်ထွေးသွားခဲ့သည်။
အမေရိကန်နိုင်ငံသည် စည်းကြပ်ခွန်စစ်ပွဲ စတင်ကာ စည်းကြပ်ခွန်အား လက်နက်အသွင်ပြောင်းခဲ့ခြင်းသည် စီးပွားရေးကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ၎င်း၏သဘောသဘာဝမှာ ကိုယ်ကျိုးစီးပွားကို အကြီးဆုံးရရှိရန် ကြိုးပမ်းလုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ “လွတ်လပ်၍ တံခါးဖွင့်လှစ်မှုရှိသည့် အိန္ဒိယ-ပစိဖိတ်ဒေသ” တည်ဆောက်ခြင်းဆိုသည်မှာ အမှန်တကယ်အားဖြင့် ဂျပန်နှင့်အမေရိကန်တို့ ဗိုလ်ကျကြီးစိုးရန် ကြိုးပမ်းလုပ်ဆောင်သည့် နည်းလမ်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသည် အမေရိကန်၏ စစ်ရေးမဟာဗျူဟာအတွင်း ပါဝင်ပတ်သက်ခြင်းမရှိဘဲ လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော သံတမန်လမ်းကြောင်းကို လက်ကိုင်ထားသင့်ကြောင်း၊ “ထရမ့် ဂျပန်ခရီးစဉ် ဆန့်ကျင်ရေး ကော်မတီ” အဖွဲ့ဝင် Tadashi Fushimi က ပြောကြားခဲ့သည်။ ထိုအဖွဲ့သည် အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် တိုကျိုမြို့ ဂျင်ဇာဒေသ၌ ထရမ့်၏ ဂျပန်ခရီးစဉ်အား ဆန့်ကျင်သည့် လှည့်လည်ဆန္ဒပြပွဲကျင်းပခဲ့သည်။
အိုကီနာဝါသည် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ် ထိခိုက်မှုကို ကာလရှည်ကြာ ပြင်းထန်စွာခံစားခဲ့ရပြီး လုံခြုံရေးမတော်တဆမှု၊ လေယာဉ်ဆူညံသံများနှင့် ရာဇဝတ်မှုကိစ္စရပ်များစသည့် ပြဿနာများသည် ဒေသခံများ၏ နေ့စဉ်ဘဝကို ရေရှည်ထိခိုက်စေခဲ့သည်။ အိုကီနာဝါတွင် နေထိုင်ခဲ့ဖူးသော Naito သည် လူထုစုဝေးပွဲ၌ “စစ်ပွဲဖန်တီးမှုကို ဆန့်ကျင်သည်” ဟူသော စာတန်းကို မြှောက်ထားပြီး ဂျပန်-အမေရိကန် စစ်ရေးမဟာမိတ်အဖွဲ့ အားကောင်းစေခြင်းကို အပြင်းအထန်ရှုတ်ချခဲ့သည်။
“လုံခြုံရေး စာရွက်စာတမ်း ၃ ခု” ကို ပြင်ဆင်ခြင်းသည် ဂျပန်ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေမှ လုံးဝသွေဖည်သွားခဲ့သည်ဟု တိုကျိုမြို့မှ ဆန္ဒပြ ပြည်သူတစ်ဦးဖြစ်သော Iwakami က ပြောကြားခဲ့သည်။ “ဂျပန်ကုန်ဈေးနှုန်းတွေ မြှင့်တက်နေတဲ့အခြေအနေမှာ အစိုးရက ပြည်သူတွေရဲ့ အခွန်ငွေတွေကို သုံးပြီး လက်နက်ဝယ်ဦးမှာ၊ ဒါက စစ်ရေးအတွက် ပြည်သူတွေကို အတင်းအဓမ္မ ငွေပေးချေခိုင်းပြီး လက်နက်ပြင်ဆင်မှု တိုးချဲ့ဖို့ ကြိုးပမ်းနေတာက ဒေသတွင်းတင်းမာမှုအခြေအနေကို ပိုမိုဆိုးရွားစေမှာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုဘူး” ဟူ၍ ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ဂျပန်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်ဖက်သည် မဟာမိတ်ဆက်ဆံရေးကို အားကောင်းစေရန် ထပ်မံ အလေးအနက်ထား ပြောကြားခဲ့ပြီး “လွတ်လပ်၍ တံခါးဖွင့်လှစ်မှုရှိသော အင်ဒို-ပစိဖိတ် စိတ်ကူးများ” ကို အတူတကွ မြှင့်တင်ခဲ့သည်။ ထရမ့်က ဂျပန်နိုင်ငံအနေဖြင့် အမေရိကန် ကာကွယ်ရေးပစ္စည်းများ တိုးချဲ့ ဝယ်ယူခြင်းကို ကြိုဆိုကြောင်း အတိအလင်းပြောကြားခဲ့သည်။ ယင်းမတိုင်မီ ဆာနာအဲ တာကာအိချိသည် မူလက ၂၀၂၇ ခုနှစ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် “ကာကွယ်ရေးအသုံးစရိတ်သည် GDP ၏ ၂ ရာခိုင်နှုန်းရှိရမည့်” ရည်မှန်းချက်ကို ယခုနှစ်တွင် ပြီးမြောက်ရန် စော၍ စီစဉ်ခဲ့ပြီး ၂၀၂၆ ခုနှစ် နှောင်းပိုင်းမတိုင်မီ “အမျိုးသား လုံခြုံရေး အာမခံချက် မဟာဗျူဟာ” စသည့် “လုံခြုံရေး စာရွက်စာတမ်း ၃ ခု” ကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)




………………………………
(Chinese Version)
日本民众连日抗议日美首脑会谈
新华社东京10月28日电(记者胡晓格 贾浩成)日本首相高市早苗同美国总统特朗普28日在东京举行首次会谈。连日来,日本民众举行抗议集会和示威游行,表达对特朗普访日的强烈不满,抗议军备扩张与关税武器化行径,反对日美强化军事同盟破坏地区稳定。
28日,来自日本各地的数十名示威者在首相官邸前手持“反对日美安保同盟”横幅,举着“反对日美首脑会谈”“不欢迎特朗普”的标语牌,齐声高呼“反对战争会谈”“反对特朗普访日”等口号,遭到警方驱赶。双方还发生推搡,场面一度混乱。
“反对特朗普访日实行委员会”成员伏见忠说,美国发动关税战,将关税武器化,是违背经济全球化的赤裸裸的暴力行为,其本质是为谋求自身利益最大化。所谓打造“自由开放的印太地区”,实质上是日美谋求霸权的手段。日本应坚持独立自主的外交道路,而不是卷入美国的军事战略。据介绍,该组织26日晚在东京银座举行了反对特朗普访日游行。
长期以来,冲绳深受驻日美军之害,安全事故、飞机噪音、犯罪事件等问题长期严重影响当地民众的日常生活。曾居住于冲绳的内藤在集会现场高举“反对制造战争”的标语,痛斥日美强化军事同盟。
东京抗议民众岩上说,修订“安保三文件”完全背离了日本和平宪法。“在日本物价高涨的情况下,政府还要动用老百姓的税金购买武器,这是强迫百姓为军工买单,图谋军备扩张,这将加剧地区紧张局势,不利于和平。”
在此次日美首脑会谈中,双方再次强调强化同盟关系,共同推进“自由开放的印太构想”。特朗普明确欢迎日方扩大采购美国防卫装备。高市早苗此前表示,将把原定2027年度实现的“防卫费占国内生产总值2%”的目标提前至本年度完成,在2026年年底前修订《国家安全保障战略》等“安保三文件”。(完)
图说:10月28日,在日本东京的首相官邸外,示威者手举标语参加抗议活动。新华社记者 贾浩成 摄
