Connect with us

Asia

တရုတ်-ဂျပန်-တောင်ကိုရီးယားတို့က ဆန်းသစ်တီထွင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုဖြင့် အာရှ-ပစိဖိတ် တိုးတက်မှုအသစ်များကို ဦးဆောင်ရန် မျှော်လင့်ကြောင်း – တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် Lee Heesup နှင့် တွေ့ဆုံမေးမြန်းခန်း

တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် Lee Heesup က ဆင်ဟွာသတင်းဌာန၏ သီးသန့်မေးမြန်းမှုကို အောက်တိုဘာ ၁၀ ရက်တွင် လက်ခံ ဖြေကြားနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးဖက်သည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အောက်တွင် ဆန်းသစ်တီထွင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေပြီး အာရှ ပစိဖိတ်ဒေသ တိုးတက်မှုအသစ်များ ဖော်ဆောင်မှုကို ဦးဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ တွန်းအားပေးဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် Lee Heesup က မကြာသေးမီရက်က ဆင်ဟွာသတင်းဌာန၏ သီးသန့်မေးမြန်းမှုကို လက်ခံ ဖြေကြားရာတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘာကြီးသည် အဓိကကျသော လမ်းဆုံလမ်းခွတွင် တည်ရှိနေသည်။ လက်ရှိ အမေရိကန်က မြင့်မားသောစည်းကြပ်ခွန် မူဝါဒ ဖော်ဆောင်ပြီး ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ အရှိန်အဟုန် မြှင့်တက်လာကာ ကမ္ဘာ့စီးပွားရေး ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ မည်သည့်အချိန်ထက်မဆို ပို၍ ကြမ်းတမ်းခက်ထန်လှကြောင်း၊ ယခုအကြိမ် APEC ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသည် ကုန်သွယ်ရေး လွတ်လပ်မှုရှိစေရေး၊ လွယ်ကူချောမွေ့စေရေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒစနစ် ဆန်းသစ်တီထွင်မှုနှင့် စဉ်ဆက်မပြတ်သော ကုန်သွယ်ရေးစနစ် စသည့် အကြောင်းအရာများကို အဓိကထား၍ ပိုမိုများပြားသော အပြုသဘောဆောင်သည့် နည်းလမ်းများ ဖြစ်ပေါ်စေမည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းက အဖွဲ့ဝင် စီးပွားရေးအုပ်စုများကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်းကို အထောက်အကူပြုမည်ဖြစ်ကြောင်း Lee Heesup က ပြောကြားခဲ့သည်။

APEC မူဘောင်အောက်ရှိ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ၏ အခန်းကဏ္ဍမှ အရေးပါကြောင်း၊ သုံးနိုင်ငံအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှု စနစ် တည်ဆောက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ မြှင့်တင်သင့်ကြောင်း Lee Heesup က ထောက်ပြခဲ့သည်။
“ဉာဏ်ရည်တု (AI) နဲ့ ဒစ်ဂျစ်တယ် အသွင်ပြောင်း ပြုပြင်ပြောင်းလဲရေး၊ အစိမ်းရောင် ထုတ်လုပ်ရေးလုပ်ငန်း စတာတွေက အနာဂတ် စီးပွားရေး တိုးတက်မှုရဲ့ အရေးပါတဲ့ စွမ်းအားတွေဖြစ်တယ်။ တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ အားဖြည့်ရမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် Lee Heesup က တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံသည် နည်းပညာ၊ ဘဏ္ဍာရေးနှင့် လုပ်သားအင်အားတွင် အားသာချက်များရှိပြီး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကြီးမားလှကြောင်း၊ တရုတ်-ဂျပန်-တောင်ကိုရီးယားတို့ အနေဖြင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ စိန်ခေါ်မှုနှင့် အကျပ်အတည်းများကို အတူတကွ ရင်ဆိုင်တုံ့ပြန်သင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံသည် APEC ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ရှေ့ဆင့်နောက်ဆင့် ကြီးမှူးကျင်းပသွားမည်ဖြစ်သည်။ ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်သော၊ လွတ်လပ်သော ကုန်သွယ်ရေးနှင့် ဒေသတွင်း စီးပွားရေး တစ်သားတည်းအသွင်ပြောင်းရေးအား မြှင့်တင်သော အရေးကြီး အခွင့်အလမ်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လွတ်လပ်သော ကုန်သွယ်ရေးနှင့် တံခါးဖွင့်လှစ်မှု၊ အားလုံးပါဝင်နိုင်မှုကို အရင်းခံသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို အစဉ်အမြဲ တက်ကြွစွာ တွန်းအားပေးကာ ဒေသတွင်း စီးပွားရေး တစ်သားတည်းအသွင်ပြောင်းရေးကို အထောက်အကူပြုကြောင်း ၎င်းက ယူဆသည်။
တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံးမှ အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် Lee Heesup သည် တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ဖူးသည်။ တရုတ်နိုင်ငံ ခရီးစဉ်အပေါ် ခံစားချက်နှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ၎င်းက တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးနှင့် ဉာဏ်ရည်တု (AI) နည်းပညာများ၊ အစိမ်းရောင် ထုတ်လုပ်ရေးလုပ်ငန်းများ၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား မြှင့်တင်ပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက်ရှိပြီး ယင်းသည် တရုတ်နိုင်ငံသာမက ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားတစ်ရပ်ကို ပေးစွမ်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ကြိုးစားမှုတွေအများကြီး လုပ်ဆောင်ပြီး ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရရှိခဲ့တယ်။ တရုတ်နိုင်ငံရဲ့ နေရာဒေသတိုင်းမှာ ပြောင်းလဲမှုတွေကို အားလုံးတွေ့နိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကျွန်တော် အမြဲတမ်း မျှော်လင့်ချက်တွေ အမြင့်ကြီး ထားရှိတယ်” ၊ “တရုတ်နိုင်ငံက အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေ ဆက်လက်ပြီး ပါဝင်ဆောင်ရွက်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု Lee Heesup က ပြောကြားခဲ့သည်။ (Xinhua)
……………….
(Chinese Version)
专访|期待中日韩以创新合作引领亚太新增长——访中日韩合作秘书处秘书长李熙燮
新华社首尔10月28日电 专访|期待中日韩以创新合作引领亚太新增长——访中日韩合作秘书处秘书长李熙燮
新华社记者黄昕欣 陆睿 张粲
中日韩合作秘书处秘书长李熙燮日前接受新华社记者专访时表示,面对多重全球挑战,期待中日韩三方在亚太经合组织(APEC)框架下加强创新合作,引领亚太地区实现新增长,共同推动全球经济复苏。
当前,世界正处于关键十字路口。李熙燮表示,当前,美国实施高关税政策,贸易保护主义趋势加剧,世界经济面临的挑战比以往任何时候都更为严峻,预计本次APEC领导人非正式会议将围绕贸易自由化和便利化、多边主义体制创新以及可持续贸易体系等议题产生更多建设性方案,这将有助于加强成员经济体间的团结与合作。
李熙燮指出,在APEC框架下的多边合作机制中,中日韩三方发挥着重要作用,三方应共同推动自由贸易体系建设和全球经济复苏。
“人工智能与数字化革命、绿色产业等是未来经济增长的重要动力,中日韩三方必须加强合作。”他说。
李熙燮同时表示,中日韩三方在技术、资金和劳动力方面极具优势,发展潜力巨大。中日韩应同舟共济,共同应对挑战与危机。
2025年和2026年,韩国和中国将接续主办亚太经合组织领导人非正式会议。李熙燮认为,这是推动全球经济复苏、促进自由贸易及区域经济一体化的重要契机。他认为,中国始终积极推动自由贸易和以开放包容为基础的区域合作,助力区域经济一体化。
作为中日韩合作秘书处秘书长,李熙燮曾多次到访中国。谈及访问中国的感受,他说,中方重点推进发展数字化与人工智能技术、绿色产业及科技创新,大力发展新质生产力,这为中国乃至全球可持续发展提供动力。
“中国付出很多努力,取得巨大发展,人们在中国各地都能看到变化。我对中国未来的发展始终抱有很高期待。”李熙燮说。“我相信中国将继续在亚太经济合作中发挥重要作用。”(完)
图说:10月10日,中日韩合作秘书处秘书长李熙燮接受新华社记者专访。 新华社记者 姚琪琳 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.