Asia
၃၂ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ပြီး တောင်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ရန် ရှီကျင့်ဖိန် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိ
ဘူဆန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံသို့ ဒေသစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ရောက်ရှိလာပြီး ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယားနိုင်ငံ) သမ္မတ လီဂျေမြောင်၏ ဖိတ်ကြားချက်အရ (၃၂) ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ပြီး တောင်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။
ရှီကျင့်ဖိန် ဘူဆန်မြို့ ဂင်ဟဲအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ်တွင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Cho Hyun စသည့် အဆင့်မြင့်အရာရှိများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ကော်ဇောနီတစ်ဖက်တစ်ချက်စီတွင် တန်းစီ အလေးပြုခဲ့ကြပြီး စစ်တီးဝိုင်းက ချီတက်တေးဂီတကို တီးခတ်ကာ လေဆိပ်တွင် အမြောက် ၂၁ ချက် ပစ်ဖောက်၍ ဂုဏ်ပြုခဲ့ကြသည်။
ချိုက်ချီ၊ ဝမ်ရိ၊ ဟယ်လိဖုန်း စသည့် ပုဂ္ဂိုလ်များလည်း အဆိုပါလေယာဉ်နှင့်အတူ ရောက်ရှိခဲ့သည်။
ကြို၍ ရောက်ရှိနှင့်သော ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR)အုပ်ချုပ်ရေးမှူး လီကျားချောင်း၊ တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး သိုက်ပင်းတို့လည်း လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့သည်။
တရုတ်ပညာတော်သင်ကျောင်းသားကျောင်းသူများ၊ တရုတ်ကုမ္ပဏီလုပ်ငန်းကိုယ်စားလှယ်များက တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံအလံများ ဝှေ့ယမ်းလျက် ရှီကျင့်ဖိန်၏ နိုင်ငံတော်ခရီးစဉ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ (Xinhua)
……………………
(Chinese Version)
习近平抵达韩国出席亚太经合组织第三十二次领导人非正式会议并对韩国进行国事访问
新华社韩国釜山10月30日电(记者马峥 刘天)当地时间10月30日上午,国家主席习近平乘专机抵达韩国,应大韩民国总统李在明邀请,出席亚太经合组织第三十二次领导人非正式会议并对韩国进行国事访问。
习近平抵达釜山金海国际机场时,韩国外长赵显等高级官员热情迎接。礼兵分列红地毯两侧致敬,军乐团演奏行进乐,机场鸣放21响礼炮。
蔡奇、王毅、何立峰等陪同人员同机抵达。
先期抵达的香港特别行政区行政长官李家超、中国驻韩国大使戴兵也到机场迎接。
中国留学生和中资企业代表挥舞中韩两国国旗,热烈欢迎习近平到访。(完)
